မြင်အောင်မကြည့်ပဲနဲ့ တော့မမြင်နိုင်ဘူးနော်
တစ်ခါတစ်လေ...မှာကိုယ့်စိတ်ထဲကစွဲကိုင်
ထားတဲ့ အမြင်နဲ့ ကြည့်မယ်ဆိုရင်လည်းကိုယ့်
သဘော၊ကိုယ့်အာဘော်ပဲဖြစ်နေလိမ့်မယ်
မျှတတဲ့အမြင်အတွေးတွေဖြစ်စေချင်တယ်
ဆိုရင်သူ့ အမြင်နဲ့ ကိုယ့်အမြင်ဖလှယ်ကြရမှာ
ဖြစ်သလို ဖလှယ်တဲ့နေရာမှာလည်း
interactive way သွားကြရမှာဖြစ်ပါတယ်..
ကိုယ့်ဘက်ကချည်းကိုယ့်အမြင်တွေကို
ပြောနေမယ်ဆိုရင် တစ်ဖက်စောင်းနင်း
ဖြစ်နေတယ်ဆိုတာကိုလည်းနားလည်ထား
ရပါမယ်...ရလဒ်တစ်ခုကောင်းဖို့ နှစ်ဦးနှစ်ဖက်
အမြင်တွေဖလှယ်တယ်ဆိုတဲ့နေရာမှာလည်း
သူ့ ဘက်၊ကိုယ့်ဘက်အမြင်တွေကိုမြင်အောင်
ကြည့်တတ်ရမှာဖြစ်ပါတယ်....မဟုတ်ရင်တော့
တစ်ဖက်သတ်ဆိုတာပဲဖြစ်ပါလိမ့်မယ်.....
နောက်ကိုယ့်အမြင်ဆိုတာကိုလည်းကိုယ်တိုင်
တာဝန်ယူရဲရမယ်...တာဝန်ယူလိုစိတ်ရှိရမယ်...
ကိုယ်အမြင်ကဒါရှိတယ်ဆိုရင်ဆန့် ကျင်ဘက်
ရှုထောင့်ကနေခင်ဗျားအမြင်ကမှန်တယ်လို့ 
ယူဆတယ်ဆိုရင်ခင်ဗျားအမြင်မှန်ကြောင်း
ဘယ်လိုတာဝန်ယူမှုတွေလုပ်မှာလဲအတွက်
သင့်မှာတော့ဖြေရှင်းချက်လေးရှိထားသင့်တယ်နော်
ကိုယ်ယုံကြည်တဲ့၊မှန်တယ်လို့ သတ်မှတ်ထားတဲ့ 
စံသတ်မှတ်ချက်အမြင်ဆိုတာရှိရင်တိုးတက်တဲ့
အောင်မြင်တဲ့ရလဒ်အတွက်ကိုအမြင်ခြင်းဖလှယ်မှု
လုပ်ကြတဲ့အခါမှာလည်းသိမ်မွေ့ ညင်သာစွာနဲ့ 
အမြင်ချင်းအောင်မြင်စွာဖလှယ်နိုင်ဖို့ လိုပါတယ်...ဗျာ
အမြင်ချင်းဖလှယ်မှလည်းကောင်းမွန်တဲ့ မှန်ကန်တဲ့
ရလဒ်ကောင်းတွေရနိုင်မှာမို့ လို့ အမြင်ချင်းဖလှယ်
ကြမယ်ဆိုရင်လည်းအပြုသဘောဆောင်စေချင်ပါတယ်
အသိဥာဏ်ပညာရရှိရေးဟူသည်မှာဆီလူးထားသော
မိန်းမချောလေးနဲ့ နပန်းသတ်ရသည်နှင့်တူသည်။
(ဂရိရှေးစာဆို)
(အတွေးအမြင်)

No comments:
Post a Comment