Showing posts with label Service Records. Show all posts
Showing posts with label Service Records. Show all posts
Monday, March 11, 2013
ဒီတစ်ပတ်ပြင်ပေးခဲ့တဲ့ Laptop လေးတစ်လုံး
Wednesday, March 6, 2013
Timeline of TRC
ကျွန်တော်တို့ အနေနဲ့ ဒီ blog လေးကိုတည်ထောင်ခဲ့တာကတော့
2007 ခုနှစ်...အကြောင်းအမျိုးမျိုးကြောင့် 2011 လောက်မှပဲပြန်
လည်တစ်ဖန်အသက်ဝင်ခဲ့ရပါတယ်။
ဒီတစ်ပတ်ပြင်ဖြစ်ခဲ့တဲ့စက်လေး
အင်း...အပြင် service မပြင်ရတာလည်းတော်တော့်ကိုကြာသွားပါပြီ။ခုတစ်ပတ်တော့
လာတဲ့(ဒူဘိုင်း)ကနေ၀ယ်လာတဲ့ windows 8 နဲ့ laptop ဖြစ်ပါတယ်။
Tuesday, October 2, 2012
huawei U8818 ကို firmware install လုပ်ခြင်း
ဒီနေ့ ရုံးရောက်တော့ ရုံးက လုပ်ဖော်ကိုင်ဖက်တစ်ယောက်သူ့ ဖုန်းမှာတရုတ်စာတွေ ဖျက်လိုက်မိလို့ 
ဖုန်းက system stable မဖြစ်တော့ပါဘူး။ အသုံးပြုရတာလည်းအဆင်မပြေဖြစ်နေတယ်။သူ့ ဖုန်းက
huawei U8818 GSM handset လေးပါ။ အဲဒါနဲ့ ကျွန်တော်ကသူ့ ကိုပြောလိုက်တယ်....data တွေကို
backup ယူထားလိုက်ပါလို့ ။ပြီးရင်ကျွန်တော်လုပ်ပေးမယ်လို့ ..ပြောလိုက်ပါတယ်။ သူလည်း backup
ယူပြီးတော့ကျွန်တော်လည်း firmware ပြန်ထည့်ပေးလိုက်ပါတယ်။
အဲဒါလည်းလုပ်လည်းပြီးရော ဖုန်းက boot တက်လာပါတယ်၊ သူ့ ဆီက backup ထဲက data တွေ
ပြန်ထည့်လိုက်ပြီးသွားတဲ့အခါမှာတော့သူ့ ဖုန်းလေးကနဂိုအတိုင်းအလုပ်လုပ်သွားပါပြီ။ သူက ဖုန်းဆိုင်
( သူဝယ်ထားတဲ့ဖုန်းဆိုင်ကိုသွားတော့ ပညာကြေး ပေးရမယ်လို့ သူ့ ကိုပြောပြီးဖုန်းကိုထားခဲ့
ရမယ်ဆိုလို့ အဆင်မပြေတာနဲ့ သူလည်းပြန်ယူလာခဲ့တာလို့ သိရပါတယ်)
ကျွန်တော်တို့ TRC Tech Group အနေနဲ့ mobile phone နဲ့ ပတ်သက်တဲ့ ၀န်ဆောင်မှုကိုဒီနေ့ 
10-2-2012 နေ့ လည် 11 နာရီမှာ နာရီပိုင်းအတွင်းအပြီးဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း
စက်ပြင်မှတ်တမ်းအနေနဲ့ မှတ်တမ်းတင်လိုက်ရပါတယ်...ခင်ဗျာ။
Thursday, September 6, 2012
windows core နဲ့ သုံးနေရတယ်ဗျာ.....
မ run တော့ပါဘူး။ windows တက်ပြီး screen အမည်းကြီးနဲ့ ဖြစ်နေပါတယ်။ နောက်ပြီးတော့ ကျွန်တော့်
Interface ) မပါတဲ့ windows core နဲ့ စာဖတ်ပြီးအင်တာနက်မှာလုပ်စရာရှိတာတွေလုပ်နေရပါတယ်။ 
သုံးရတာတစ်မျိုးတော့တစ်မျိုးကြီးပါပဲ။ ပထမတော့ C: ( windows တင်ထားတဲ့ system pertition ) ကို
ဝင်မရလို့ chkdsk စစ်ပါဆိုတာလည်းစစ်ထားပြီးတော့မထူးခြားသေးပါဘူး။ အလုပ်ချိန်ပြီးတော့မှပဲ complete ပြန်စစ်ပါတော့မယ်။ ဖြစ်ချင်တော့လည်း ဒီနေ့ အလုပ်များတဲ့နေ့ မှပဲဖြစ်ရတယ်လို့ ......။
Tuesday, August 28, 2012
ကြုံခဲ့ဖူးတာလေး....
တစ်ရက်ကညီတော်မောင်က ခွေဆိုင်တစ်ဆိုင်ကနေ Dota 2 ဆိုပြီးဝယ်လာတယ်။ ခွေပေါ်မှာဆိုင်နာမည်
Royal Tech ဆိုတာပါပြီး ခွေ cover ကို dota2 နဲ့ ပေါ့။ သူကိုယ်တိုင်လည်း installation လုပ်တာ အဆင်
မပြေလို့ အဲဒါ လုပ်ပေးပါပေါ့။
4 Gb နဲ့ ဆိုတော့မရနိုင်စရာမရှိဘူးပေါ့။ နောက်တစ်ခုက သူ့ စက်ထဲက Antivirus က ခွေထဲက exe တွေ
ကို run ခွင့်မပေးဘူး။ ဒါနဲ့ antivirus ကိုပိတ်လိုက်တယ်။ မူလ Dota installation folder ထဲမှာ copy ကူး
ထည့်လိုက်တယ်။ပြီးတော့ patch ဖြည်လိုက်တာရသွားတယ်။ ပြီးတော့ run ကြည့်လိုက်တယ်။
ပေါ်လာတာကတော့ Dota 2 screen paper နဲ့ ပါ။ ဒါပေမဲ့ dota 1 အတိုင်းပါပဲ။ ဘာမှလည်းသိပ်မထူးပါ
ဘူး။ ဒါနဲ့ game setting ထဲကနေကြည့်လိုက်တော့ Dota 1.5 တဲ့။ လုပ်ထားပုံများ....။
မရရင်မရဘူးပြောပေါ့ဗျာ။ .5 ကျော်တာနဲ့ ရှေ့ ကိုတန်ဖိုး 1 တိုးပြီး 2 လုပ်ပစ်တာကတော့မကောင်းပါဘူး။
အမှန်အတိုင်းပြောရောင်းပေါ့ဗျာ။ဟုတ်တိပတ်တိနဲ့ Dota 2 ဆိုပြီးလည်းလုပ်ထားသေး...ခပ်တည်တည်နဲ့ 
offline ဆိုပြီးလည်းလုပ်ထားသေးတယ်။ အဲလိုမလိမ့်တပတ်တော့မလုပ်သင့်ပါဘူးဗျာ။  မှန်ကန်တဲ့ နာမည်
ဆို တာ ပိုက်ဆံနဲ့ မလဲစေချင်ပါဘူး။ မဖြစ်သင့်ဘူးလို့ ထင်တာလေးကိုရေးလိုက်တာပါ။
စက်ပြင်မှတ်တမ်း...........(2-5-2012)
အဲဒီရက်တုန်းက Wi-Fi Hotspot Zone တစ်ခုကိုလုပ်ခဲ့တာပါ။ service site က ဗိုလ်တထောင်၊
ရာဇဓိရာဇ်အိမ်ရာဝင်းအတွက်ဖြစ်ပြီး ရွှေမင်းသားစတိုးမှာ Network control setup လုပ်ထား
ပေးပါတယ်။ setup period ကတော့ 3 ရက်လောက်ကြာခဲ့ပြီးတော့ wireless အတွက်
signal noise များတဲ့ Satellite ကြီးတွေရှိတဲ့အတွက်ခဲခဲယဉ်းယဉ်းတပ်ဆင်ခဲ့ရပါတယ်။
ခုအခါမှာတော့အဲဒီ Wi-Fi Hotspot ကိုအဆင်ပြေစွာအသုံးပြုနိုင်ပြီဖြစ်ပါတယ်။
ကျွမ်းကျင်သောနည်းပညာဝန်ဆောင်မှု နှင့် customer အတွက်ပြည့်ဝသော စေတနာ ....
TRC  network & Service Solution
Monday, August 27, 2012
စက်ပြင်မှတ်တမ်း ------ ( 24-8-2012)
customer တစ်ယောက်က Dell Inspiron 1420 တစ်လုံးလာအပ်ပါတယ်။ service error ကတော့
တို့ serial number တွေကိုရှာပြန်ကော။အဲဒါတွေတစ်ခုမှမပါပါ။ 
အဲဒါနဲ့ windows တင်လိုက်တယ်။ ထုံးစံအတိုင်း Drivers တင်ဖို့ လိုလာပြီပေါ့ ။အများသိကြတဲ့အတိုင်း
connection ကလည်း ဖုတ်လှိုက်ဖုတ်လှိုက်ဆိုတော့ Drivers ဆွဲဖို့ ကိုချည်းပဲ နေ့ ဝက်လောက်ကြာ
သွားပြီးတော့နောက်တော့ Drivers တွေတက်လာပါတယ်။ ပြီးတော့ softwares တွေ၊ games တွေပါ
အစုံတင်ပြီးစက်ရဲ့ performace ကိုစမ်းပါတယ်။ အိုကေ။အားလုံးအဆင်ပြေသွာပြီ။ အဲဒါနဲ့ မနေ့ က ပဲ
customer ကိုပြန်ပေးလိုက်နိုင်ပါတယ်။
customer လိုအပ်ချက်နဲ့ ကိုက်ညီမယ့် software တွေနဲ့ customer အတွက် games တွေ၊နောက်
customer လိုအပ်မယ့် pdf ebooks တွေ၊သီချင်းတွေနဲ့ dictionary တွေ၊ fonts တွေပါအစုံအလင်
ထည့်ပေးလိုက်ပါတယ်။ cyberlink your cam လိုမျိုး camera effect နဲ့ ဓာတ်ပုံရိုက်လို့ ရမယ့်
webcam software လေးကိုလည်းဖြည့်စွက်ထည့်ပေးလိုက်ပါတယ်။ 
Righteous for your choice....The Right Choice (TRC ) .........
we care your satisfactory & happiness about PC & IT Devices .
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...