Showing posts with label Quotes. Show all posts
Showing posts with label Quotes. Show all posts
Wednesday, February 15, 2017
မေ့လျော့ နေကြသောတာဝန်များ.....
Tuesday, August 23, 2016
ဘာမှဖြစ်မလာသေးဘူး လို့ ပြောနေကြသူများအတွက်
အချိန်တွေဘာလို့ ဖြုန်းတီးနေမှာလဲ....
သင်ကော...သင့်ဘ၀အတွက်...
သင့်မိသားစု...သင့်ရပ်ရွာ...သင့်နိုင်အတွက်
ဘာတွေလုပ်ပေးခဲ့ပြီးပြီလဲ...
Tuesday, August 16, 2016
တန်ဖိုး…
မေး…..လမ်းဘေးကကျောက်စရစ်ခဲနဲ့ စိန် နဲ့ ဘယ်သူကပိုတန်ဖိုးရှိသလဲ…..
ဖြေ……ကလေးမေးတောင်သိတယ်ဗျာ….စိန်ကပိုတန်ဖိုးရှိတာပေါ့..ကျောက်စရစ်ခဲဘာလုပ်မှာတုန်း…
မေး……ဘာလို့ စိန်ကကျောက်စရစ်ခဲထက်တန်ဖိုးကြီးတယ်လို့ ထင်ရတာလဲ….
ဖြေ……ဟိုလေ…အဲ….
Saturday, February 13, 2016
သူ့ ဘက်ကိုယ့်ဘက်မျှတပါစေ....
သူများမျက်ရည်ကျမှကိုယ်ဝမ်းဝမယ် ဆိုတဲ့
အလုပ်ကိုရှောင်ဖို့ အဖေနဲ့ အမေကသွန်သင်ခဲ့တယ်...
ဘယ်သူ့ အတွက်မှအကျိုးမရှိတဲ့ဖျက်ဆီးမှုကိုမလုပ်ဖို့ 
မိဘတွေကသွန်သင်ခဲ့တယ်.....
Wednesday, February 25, 2015
မေ့မရနိုင်တဲ့နေ့ လေးတစ်နေ့ 
ဖော်ဖော်ဝါရီလ ၁၂ ရက်နေ့ ၊၂၀၁၅ ခုနှစ်    ပြည်ထောင်စုနေ့ 
ရုံးပိတ်ရက်မို့ အေးအေးလူလူအနားယူမည်ပေါ့ .....ညနေကျရင်တော့ ဗိုလ်ချုပ်နှစ်တရာပြည့်အခမ်းအနား ကို ပြည်သူ့ ရင်ပြင်မှာလုပ်နေတာကို သွားကြည့်ကြမယ်လို့ မိန်းမနဲ့ တိုင်ပင်ထားပြီးနေ့ လည်စာစား ပြီး ခဏ နားနေချိန်...ညနေ ၃ နာရီလောက် ဖုန်းဝင်လာပါတယ်။ ကျွန်တော့်နာမည်ကိုမေးပြီး A သွေးအလှူခံ တာပါ...လူနာရှင်ကိုယ်တိုင် သွေးလှူဘဏ်ကနေ ကျွန်တော်တို့ ဖုန်းနံပါတ်တွေရပြီး လှူနိုင်မလားသိချင်လို့  ပါတဲ့....ကျွန်တော်နောက်ထပ် နှစ်ရက်လောက်ဆိုရင်လှူလို့ ရပြီမို့ လို့ အားရ၀မ်းသာစွာနဲ့ လက်ခံလိုက်ပါတယ်။
Saturday, March 9, 2013
ကျွန်တော်ဖြတ်သန်းလာခဲ့သမျှ........my Timeline
2000 ခုနှစ်နောက်ပိုင်းများ 
ဆယ်တန်းအောင်ပြီးတော့ guide လုပ်ရင်းနဲ့ ကျောင်းဆက်တက်ခဲ့၊ ကွန်ပျူတာအခြေခံတို့ ..အင်္ဂလိပ်
စကားတို့ သင်ကြားခဲ့...ပထမဆုံးအလုပ်ကစာအုပ်ဆိုင်တစ်ဆိုင်မှာအရောင်းစာရေးလေး....နောက်တော့
အင်တာနက်ဆိုင်မှာ Internet အကူလေးအဖြစ်လုပ်ခဲ့...keyboard ဖုန်သုတ်...ကြမ်းတိုက်နဲ့ ...
Thursday, February 28, 2013
ရွက်လွှင့်.....................
စိတ်ကိုဖွင့်ပြီးငါဟာရွက်လွှင့်ခဲ့
ပိုကောင်းမယ်ဆိုတာကိုမျှော်လင့်ရင်း
ကမ်းနဲ့ အဝေးဆုံးကိုရောက်လာ
ငါမြင်နေရတာတော့ရေပြင်ကျယ်ကြီးပဲ။
Monday, November 19, 2012
ပြောချင်သောအကြောင်းများ ( ၁ )
Saturday, November 17, 2012
နည်းပညာမြင့်တိုင်းကော..ကောင်းတယ်လို့ ပြောလို့ ရမလား
နည်းပညာမြင့်တိုင်းကောကောင်းတယ်လို့ ပြောလို့ ရနိုင်မလား၊ အသုံးတည့်ရင်တော့ကောင်းတယ်လို့ ပြောနိုင်မှာဖြစ်သလို အသုံးမတည့်ရင် လူတွေကိုအကျိုးမပြုနိုင်ရင်တော့ မြင့်မားတဲ့နည်းပညာသုံး device တွေဟာ လူ့ အကျိုးပြုတော့မဖြစ်လာနိုင်ဘူး။နည်းပညာတော့မြင့်ကောင်းမြင်ပါလိမ့်မယ်။
Saturday, September 15, 2012
Visitors များအားအသိပေးကျေးဇူးတင်လွှာ..
နဲ့ တစ်ချို့ သော social site တွေကိုပိတ်ထားတာတွေလည်းပါတာပေါ့) ခု ၂၀၁၂ ကျမှကျွန်တော်တို့ ပြန်
လုပ်ခွင့်ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီ blog လေးဟာ reborn ပြန်ဖြစ်တာ ၃ လလောက်ပဲရှိသေးပြီး
visitor ပေါင်းတစ်သောင်းကျော်ကို IT နည်းပညာနဲ့ ပတ်သက်ပြီးအသိပညာဗဟုသုတမျှဝေဖြန့် ဝေခွင့်
ရတဲ့ အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်။
အခုလို 3 လအတွင်းမှာ visitor ပေါင်း ၁ သောင်းကျော် ရဖို့ အတွက် ကို Facebook မှာ share link တွေ
တင်ခွင့်ပေးတဲ့ သူငယ်ချင်းများ၊ facebook groups များ ( Myanmar IT Organization, Information
technology Network , MMN,MMUG,....) အစရှိတဲ့ groups များ နဲ့ Group Administrators များ...
နဲ့ facebook link မှတစ်ဆင့်လာရောက်ကြည့်ရှုသူ visitors များ၊အခြားနည်းများဖြင့်လည်းသိပြီးလာ
ရောက်ကြည့်ရှုကြတဲ့ visitors အပေါင်းကိုလည်းလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်းပြောကြားလိုပါ
တယ်။
အနေနဲ့ IT အသိပညာဗဟုသုတများနဲ့ အခြားသောဗဟုသုတများကို visitor များအတွက် ရည်ရွယ်ပြီး
ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော့်တို့ အနေနဲ့  IT Knowledges sharing အတွက် IT ဗဟုသုတများကိုအဓိကထားတင်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့
technical background နဲ့ ကျွန်တော်တို့ TRC အနေနဲ့ လည်း Network Services,
Hardware & Mobiles Services များကိုသင့်တင့်မျှတသောဈေးနှုန်း တို့ ဖြင့် Professional
 အနေဖြင့်ဆောင်ရွက်လျက်ရှိပါတယ်။အဲဒီ Activities လေးတွေကိုလည်း blog မှာတင်သွားပါမည်။
 visitors တို့ သိလိုတဲ့ IT ပိုင်းဆိုင်ရာအခက်အခဲများနဲ့  နည်းပညာဝန်ဆောင်မှုများအတွက်လည်း
 ကျွန်ုပ်တို့ TRC Tech Group ထံဆက်သွယ်နိုင်ပါတယ်။
 ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်...ခင်ဗျာ။
TRC Tech Group 
therightchoice.service@gmail.com
Thursday, August 30, 2012
ကိုယ်ပိုင်အရည်အချင်းနဲ့ ထွန်းလင်းတောက်ပသူများဖြစ်နိုင်ကြပါစေ…
လူတိုင်းလည်းကြားဖူးကြမှာပါ။ အရည်အချင်းရှိအောင်ကြိုးစားကြပါဆိုပြီးတော့။အရည်အချင်းတော့ရှိပါရဲ့
တစ်ခြား လူမှုဆက်ဆံရေးအရည်အချင်းတော့ညံ့တယ်ဆိုတာမျိုး တွေလည်းကြားဖူးကြမှာပါ။လူတွေနဲ့ ပတ်
သက်ပြီးလူမှုဆက်ဆံရေးအရည်အချင်းတွေထွန်းလင်းတောက်ပသင့်သလိုကိုယ့်အသက်မွေးဝမ်းကျောင်း
အရည်အချင်းတွေကိုလည်းအစဉ်တိုးတက်နေအောင်လုပ်ကြရပါမယ်။
ကိုယ့်အရည်အချင်းတွေကိုဘယ်လိုကောင်းအောင်လုပ်မလဲ
အလုပ်တစ်ခုကို မလုပ်နိုင်ခဲ့ရင်မနက်ဖြန်မှာဒီအလုပ်ကိုကိုယ်လုပ်နိုင်ရင်တော့ 
မနေ့ ကကိုယ့်အရည်အချင်းထက်ဒီနေ့ ကိုယ့်အရည်အချင်းကပိုသာသွားပါပြီ။မြန်မာ့ရှေး
ဆိုင်းဆရာကြီး စိန်ဗေဒါက” မနေ့ ကစိန်ဗေဒါထက်ဒီနေ့ စိန်ဗေဒါကပိုကောင်း၊ပိုသာရမယ်” လို့ ဆိုခဲ့ပါတယ်။
ငါသည်သာငါ့ပြိုင်ဘက်လို့ သဘောထားပြီးပေါ့ပေါ့တန်တန်မနေပဲနဲ့ ကိုယ့်အရည်အချင်းတွေကိုတိုးတက်ကြ
စေလိုပါတယ်။ သူများနဲ့ ပြိုင်တာထက်ကိုမနေ့ ကကိုယ်ထက်ကိုဒီနေ့ ကိုယ်ကပိုကောင်းအောင်
လုပ်နိုင်ဖို့ ကြိုးစားကြပါ။
မိဘချမ်းသာလို့ သားသမီးချမ်းသာတာဟာအထင်ကြီးစရာမဟုတ်သလိုဂုဏ်ယူစရာလည်းမဟုတ်ပါ။မိဘက
ရှင်ဘုရင်ဖြစ်လို့ သားသမီးက အိမ်ရှေ့ မင်းသားဖြစ်တာဟာ လည်းဂုဏ်ယူစရာမဟုတ်ပါ။ အင်္ဂလန်က တော်ဝင်မင်းသားတွေဟာစစ်တပ်မှာအခြားသောစစ်သားတွေနဲ့ အတူ
 နိုင်ငံ့တာဝန်ကိုအောက်ခြေကနေစပြီး တာဝန်ထမ်းဆောင်စေတာအဆင့်ဆင့်အရည်အချင်းနဲ့ 
အရည်အသွေးတွေပြည့်ဝစေဖို့ ဆိုတာကိုသတိပြုစေလိုပါတယ်။
သားသမီးတိုင်းကိုမိဘတွေက ပညာအမွေပေးခဲ့ပြီးသားဖြစ်ပါတယ်။အဲဒီပညာအမွေဟာသားသမီးတွေ အသက်မွေးဝမ်းကျောင်းဖို့ ဖြစ်သလိုတစ်ချို့ တစ်လေကလည်းမိမိတို့ နဲ့ သင့်တင့်ရာနှုတ်မှု၊လက်မှုပညာတွေနဲ့ အသက်
မွေးဝမ်းကျောင်းရတာကိုတွေ့ ရမှာပါ။ လူ့ ဘ၀လူ့ သက်တမ်းက တိုတောင်းလှပါတယ်။မိမိဟာ
အရည်အသွေးပြည်ဝသူ၊အရည်အချင်းရှိသူဆိုရင် ဒေါင်ကျကျပြားကျကျဘ၀ကိုဘယ်လိုပဲ
ကျွမ်းထိုးမှောက်ခုံဖြစ်ပါစေ။အဆင်ပြေအောင်နေနိုင်သွားပါတယ်။ 
နောက်ပြီးတော့သူများလုပ်နေတာနဲ့ မတူတဲ့ဟာတစ်ခုနဲ့ ထိုးထွက်နိုင်အောင်ကြိုးစားဖို့ လည်းလိုအပ်ပါတယ်။
အခွင့်အရေးတွေခဲယဉ်းသွားမှာပါ။
ဥပမာ..ပြောရင် Apple ဟာကမ္ဘာမှာ compurer စပြီးထုတ်လုပ်တာပါ။ အ၇ည်အသွေးမြင့်ပေမယ့် လူတိုင်းမသုံးနိုင်တာရယ်၊ user friendly မဖြစ်တာတွေရယ်ကြောင့် Microsoft ကနေပြီးသူ့ ထက်လွယ်ကူ
တဲ့ user friendly ဖြစ်တဲ့ အရည်အချင်းကိုအသုံးချနိုင်တဲ့အတွက် Apple ဟာတာထွက်ကောင်းပေမယ့် Microsoft လောက် ပန်းဝင်မကောင်းခဲ့တာဖြစ်ပါတယ်။အဲလိုပဲ Mark Zukerberg ဟာလည်း နဂိုရှိနေပြီးသားZorpia, person, hi5 , mysapce တို့ လို့ ကမ္ဘာကျော် Social network ကြီးတွေနဲ့ မတူညီတဲ့လမ်းသစ်တစ်ခုဖောက်နိုင်ခဲ့လို့ ခုဆိုရင် facebook ဆိုတာ social network လောကမှာနာမည်အကြီးဆုံးနဲ့ လူသုံးအများဆုံးဖြစ်ခဲ့ရပါတယ်။ ဒါတွေဟာမြင်သာတဲ့ဥပမာ
အနေနဲ့ ရေးလိုက်တာဖြစ်ပါတယ်။အခြားသောနယ်ပယ်တွေမှာလည်းဒီလိုမျိုးလမ်းသစ်တွေဖောက်ပြီး
ကိုယ့်အရည်အချင်းတွေပြနိုင်တဲ့ သူတွေအများကြီးပါ။ Thomas Edison တို့ လို ….Steven Hopkin တို့ လို သူတွေအများကြီးပါ။
ကိုယ်ပိုင်အလင်းရောင်ပါ။ လ ရဲ့ အလင်းရောင်ကတော့တစ်ဆင့်ခံအလင်းရောင်ပါ။ တစ်ဆင့်ခံအလင်းရောင်ဆိုတာမမြဲပါဘူး။ကိုယ့်အရည်အချင်းနဲ့ ကိုယ်ထွန်းလင်းနိုင်သူများဖြစ်ကြပါစေဗျာ။
Wednesday, August 29, 2012
အသုံးချမှအသုံးကျမယ်.......
ဒီစကားလေးကတော့ ဒယ်အိုးဆရာတော်ဦးသုမင်္ဂလ ဟောတဲ့တရားလေးထဲက အဆိုအမိန့် လေးတစ်ခု
ပါ။ ကျွန်တော်ကြိုက်လွန်းလို့ ယူပြီးသုံးစွဲခွင့်ပြုပါလို့ ဆရာတော်ထံကိုခွင့်တောင်းလိုက်ပါတယ်။
အသုံးချမှအသုံးကျမယ်  
အသုံးမချရင်အသုံးလည်းမကျဘူး။အသုံးလည်းမ၀င်ဘူး။တန်ဖိုးလည်းရှိမှာမဟုတ်ပါဘူး။ ဒီတော့ကိုယ်
တတ်သိနားလည်ထားတဲ့အသိပညာအတတ်ပညာတွေကိုအသုံးချမှအသုံးကျမှာဖြစ်သလိုအသုံးလည်း
ဝင်ပြီးတန်ဖိုးလည်းရှိမှာဖြစ်ပါတယ်။
နည်းနည်းစပ်ဆက်တဲ့အကြောင်းလေးကတော့ ကျွန်တော်နဲ့ အလုပ်မှာလုပ်ဖော်ကိုင်ဖက် ကိုသော်ဇင်
ဆိုတာရှိပါတယ်။ သူလည်း IT ပညာရှင်ပါ။ IT အကြောင်းပြောကြရင်းသူက " အစ်ကို...ကျွန်တော်က
တော့အသုံးတည့်မယ့် IT ပညာပိုင်းတွေကိုပဲလိုက်စားတယ်။တစ်ချို့ ဟာတွေက ကောင်းပေမယ့်
လက်တွေ့ ကျရင်အသုံးမ၀င်ဘူးဗျ။ကျွန်တော်ကတော့လက်တွေ့ အသုံးပြုနိုင်မယ့်။အသုံးကျမယ့် IT
နည်းပညာပိုင်းပဲ လေ့လာတော့တယ်။ " လို့ ပြောပါတယ်။ သူပြောခဲ့တာက ၂၀၁၁ ခုနှစ်ထဲကတစ်ခု
သောကာလမှာပါ။ 
နောက်တစ်ရက်တော့ကျွန်တော့်သူငယ်ချင်းတစ်ယောက်( သူလည်း IT ပါပဲ ) နဲ့ တွေ့ တော့
စကားပြောကြရင်းနဲ့ ကျွန်တော်ကတော့ခုထိ server တွေနဲ့ ပဲ လုပ်ငန်းခွင်အတွက် အသုံးပြုတယ်
ဆိုတော့ သူက ကျွန်တော့်ကို " မင်းက windows server တွေပဲသုံးနေတုန်းပဲလား။ linux server
နဲ့ Cisco Devices တွေသုံးဖို့ အစီအစဉ်မရှိဘူးလား" တဲ့။ သူပြောတာတွေကတော့တော်တော်မြင့်
ပါတယ်။ ဒါပေမယ့်လက်တွေ့ က မဖြစ်နိုင်ဘူးလေ။
ကျွန်တော်လည်း " မင်းပြောတာတွေကကောင်းတယ်ဆိုတာသိပါတယ်။ဒါပေမဲ့ကွာ Cisco Devices
တွေကဈေးလည်းကြီးတယ်။တို့ ဆီမှာအဲဒီလောက်သုံးဖို့ မလိုသေးဘူးလေ။ပြီးတော့လည်း
windows server ကနေ Local Resource တွေကို permission အဆင့်ဆင့်နဲ့ လုပ်နိုင်သလို
Internet connection ကိုလည်း schedule အသေးစိတ်နဲ့သတ်မှတ်နိုင်တယ်။ Linux squid မှာ
အဲလိုမျိုးအသေးစိတ်လုပ်ဖို့ ကျတော့မလွယ်ပြန်ဖူး။လုပ်နိုင်တယ်ပဲထား....မင်းအလုပ်ထွက်လို့ 
နောက်လာတဲ့ network admin က windows သမားဆိုရင်တိုင်ပတ်ပြန်ကောလေ.....
မင်းပြောတာကောင်းတော့ကောင်းတယ်....ဒါပေမဲ့ငါတို့ လက်တွေ့ မလုပ်နိုင်သေးဘူး " လို့ လည်း
ပြောလိုက်ကောသူလည်းသဘောပေါက်သွားတယ်။ သူလည်းဆက်မပြောတော့ဘူး။ ဟုတ်တယ်လေ။
ကိုယ်ကကောင်းစေချင်လို့ လုပ်ပေမယ့် operator friendly ဆိုတာကလိုပါသေးတယ်။
မြန်မာပြည်ကို Apple Mac တွေကအရင်ရောက်တာပါ။ခုချိန်ထိတစ်ချို့ သော အစိုးရရုံးတွေမှာ Mac
တွေကိုတွေ့ နိုင်ပါသေးတယ်။ သို့ သော် ဈေးကြီးခြင်း၊ hardware ရွေးခြင်း၊ user friendly မဖြစ်ခြင်း
Pirate Copy (Crack လုပ်ပြီးသုံးနိုင်တဲ့) OS မရှိသလောက်နည်းပါးခြင်းတို့ ကြောင့်နောက်ပိုင်းမှာ
windows computer တွေသာ ခုချိန်ထိနေရာယူလာတာပါ။ user friendly ဖြစ်ခြင်းဟာဘယ်လောက်
ထိအရေးပါလာလဲဆိုတာ Apple ကဆယ်စုနှစ်တစ်စုလောက်ကြာပြီးသိလာတော့မှ iphone တို့ 
ipad တို့ ဆိုတာဖြစ်လာတာပါ။
ဒါလေးကိုရေးနိုင်ဖို့ အတွက် ဒယ်အိုးဆရာတော်ဦးသုမင်္ဂလနဲ့ သုတဖြန့် ဝေပေးခဲ့တဲ့ ကိုသော်ဇင်ဖြိုး
(IT) ကိုလည်းကျေးဇူးတင်ကြောင်းပြောကြားရင်းနဲ့ ရေးသားလိုက်ရပါတယ်။
Saturday, August 18, 2012
ဟာသများ......
ကြုံတွေ့ ရတဲ့ဟာသလေးဖြစ်ပါတယ်။......
ကျွန်တော်နှင့် MMDC 
ကျွန်တော်တို့ ရုံးက လမ်း ၅၀ နားမှာဖြစ်ပါတယ်။တစ်ရက်တော့အဲဒီနားမှာအင်္ကျီအပြာနဲ့ 
မိန်းကလေးတစ်ယောက်...ရင်ဘတ်မှာ MMDC ဆိုတဲ့တံဆိပ်အ၀ိုင်းလေးနဲ့ ဆိုတော့
MRTV-4 က Myanmar Media Development Center (MMDC) ဆိုတာကိုသွားမြင်
ရော....ဒါပေမဲ့သူ့ ပုံကြည့်ရတာလည်း ခပ်နွမ်းနွမ်းပါးပါးနဲ့ ဆိုတော့မသင်္ကာဖြစ်လာကော....
ဒါနဲ့ သူ့ အင်္ကျီနောက်ကျောမှာ MMDC ကိုဖွင့်ဆိုထားတာကတော့
Myaung Mya Daw Cho (MMDC ) ပါတဲ့...ခင်ဗျား......ကိုယ်ကတွေးလိုက်တာဟိုလို....
နောက်တော့ဒီလိုဖြစ်သွားတာကိုး.........
( မှတ်ချက်။  ။ လမ်း၅၀ အပေါ်လမ်းကားမှတ်တိုင်အနီး ဟိန္ဒူဘုရားကျောင်းအနီးလမ်း
ထဲတွင် MMDC ရှိပါသည်။မယုံသူများသွားရောက်လေ့လာကြပါကုန်၊ )
ကျွန်တော်နှင့် ဓာတ်လှေကား connection
ကျွန်တော်တို့ ရုံးက ၈ လွှာမှာဖြစ်ပါတယ်။ ဓာတ်လှေကားနဲ့ အတက်အဆင်းပြုရပါတယ်။တစ်ရက်တော့
ရုံးက၀န်ထမ်းတစ်ယောက်နဲ့ ကျွန်တော်နဲ့ ဓာတ်လှေကားအတူဆင်းကြရော။ဓာတ်လှေကားထဲရောက်တော့
ဘာရယ်မဟုတ်ပါဖူး။ကျွန်တော့်ဖုန်းကိုကြည့်လိုက်တော့ ကျွန်တော့်ဖုန်းက signal တစ်တုံးကျသွားတာနဲ့ ..
"ဟာ...signal တစ်တုံးကျသွားတယ်" လည်းပြောလိုက်တော့သူကလည်းသူ့ ဖုန်းကိုကြည့်လိုက်တယ်....
"အစ်ကိုကသာ signal တစ်တုံးပဲကျတာ..ကျွန်တော်ကဘာမှမရတော့ဘူးတဲ့" သူ့ ဖုန်းက HTC အမျိုးအစား
ဖြစ်ပါတယ်။ကျွန်တော်က Huawei C8650 ဖြစ်ပါတယ်။
(မယုံသူများလာရောက်လေ့လာနိုင်ပါကြောင်း......)
Friday, August 17, 2012
အခွင့်အရေး ဆိုတာ .....?
ခုတစ်လောကြားကြားနေရတဲ့ အသံတွေပါ....ဘာအခွင့်အရေး...ညာအခွင့်အရေးနဲ့  ၂၀၁၁ လောက်
ကနေစပြီးကျယ်ကျယ်လောင်လောင်အော်ဟစ်နေသလို အကျယ်ကြီးလည်းကြားနေရတဲ့ အသံတွေ
ပေါ့၊ တစ်ချို့ ကလည်း အခွင့်အရေးတွေမရဘူး...အခွင့်အရေးတွေချိုးဖောက်တယ်
......ဘာဖြစ်တယ်...ညာဖြစ်တယ်ပေါ့......
အခွင့်အရေးဆိုတာ အလုပ်လုပ်တဲ့သူတွေ၊ဘ၀အတွက်ရုန်းကန်လှုပ်ရှားနေရတဲ့သူတွေအတွက် ဖြစ်
ပါတယ်။ ဆိုလိုတာကဘာမှမလုပ်ပဲနဲ့ တော့ဘာမှဖြစ်မလာပါဘူး။ ဘာမှမလုပ်ပဲအခွင့်အရေးအော်
နေတာကလည်းသဘာဝကျပါလား။အခွင့်အရေးဆိုတိုင်းလည်းအလကားရတိုင်းယူသင့်ပါသလား။
ကိုယ်အတွက်ထိုက်တန်တဲ့အခွင့်အရေးဆိုတာ ကိုယ်ကိုယ်တိုင်ဖန်တီးကြရပါတယ်။ နည်းမှန်လမ်းမှန်နဲ့ 
မှန်ကန်သောအခွင့်အရေးကို ရရှိနိုင်အောင်ကြိုးပမ်းကြပါ။ တရားမျှတစွာနဲ့ အခွင့်အလမ်းကို အကျိုးရှိရှိ
အသုံးချပါ။သူများကိုနင်းတက်ပြီးရလာတဲ့အခွင့်အရေး၊နောက်ဖေးပေါက်ကနေ၀င်လို့ ရတဲ့အခွင့်အရေး
တွေကိုမမက်မောပါနဲ့ ။ကိုယ့်အရည်အချင်းကိုပြနိုင်အောင်လုပ်ရင်အခွင့်အရေးဆိုတာဖြစ်လာပါလိမ့်
မည်။
လူတိုင်းကိုလည်းအထင်မသေးပါနဲ့ ...တစ်ခါတစ်လေကိုယ်မထင်မှတ်ထားတဲ့အခွင့်အရေးဆိုတာကိုယ်
မထင်မှတ်တဲ့သူဆီကနေလည်းရတတ်ပါတယ်။ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ပါ...အခွင့်အရေးတစ်ခုပေါ်တိုင်း
ကိုယ်နဲ့ ကိုက်မကိုက်သုံးသပ်ပါ။ မတန်ရင်တော့မရယူတာအကောင်းဆုံးပါပဲ။ အခွင့်အရေးဆိုတာကို
ဗန်းပြပြီးကိုယ်ကျိုးအတွက် အလွဲသုံးစားမပြုမိဖို့ သာအရေးကြီးပါကြောင်းရေးသားလိုက်ရပါတယ်။
Friday, August 10, 2012
The Trade Times Vol.18 မှ ကာတွန်းလေး
အဟဲ....ဒီဂျာနယ်ထဲကကာတွန်းလေးကရင်ထဲကိုလာထိတယ်ဗျာ။
အကြောင်းအရာကလည်း ထိမိတာမို့ လို့ ဒီကာတွန်းလေးကိုတင်လိုက်
ပါတယ်။
The Trade Times Journal, Vol.18 မှာပါတဲ့ပထမဦးဆုံးကာတွန်းပုံဖြစ်ပါတယ်။  
Tuesday, February 14, 2012
ကိုယ်ပိုင်အမြင်နှင့်ဖလှယ်အမြင်
မြင်အောင်မကြည့်ပဲနဲ့ တော့မမြင်နိုင်ဘူးနော်
တစ်ခါတစ်လေ...မှာကိုယ့်စိတ်ထဲကစွဲကိုင်
ထားတဲ့ အမြင်နဲ့ ကြည့်မယ်ဆိုရင်လည်းကိုယ့်
သဘော၊ကိုယ့်အာဘော်ပဲဖြစ်နေလိမ့်မယ်
မျှတတဲ့အမြင်အတွေးတွေဖြစ်စေချင်တယ်
ဆိုရင်သူ့ အမြင်နဲ့ ကိုယ့်အမြင်ဖလှယ်ကြရမှာ
ဖြစ်သလို ဖလှယ်တဲ့နေရာမှာလည်း
interactive way သွားကြရမှာဖြစ်ပါတယ်..
ကိုယ့်ဘက်ကချည်းကိုယ့်အမြင်တွေကို
ပြောနေမယ်ဆိုရင် တစ်ဖက်စောင်းနင်း
ဖြစ်နေတယ်ဆိုတာကိုလည်းနားလည်ထား
ရပါမယ်...ရလဒ်တစ်ခုကောင်းဖို့ နှစ်ဦးနှစ်ဖက်
အမြင်တွေဖလှယ်တယ်ဆိုတဲ့နေရာမှာလည်း
သူ့ ဘက်၊ကိုယ့်ဘက်အမြင်တွေကိုမြင်အောင်
ကြည့်တတ်ရမှာဖြစ်ပါတယ်....မဟုတ်ရင်တော့
တစ်ဖက်သတ်ဆိုတာပဲဖြစ်ပါလိမ့်မယ်.....
နောက်ကိုယ့်အမြင်ဆိုတာကိုလည်းကိုယ်တိုင်
တာဝန်ယူရဲရမယ်...တာဝန်ယူလိုစိတ်ရှိရမယ်...
ကိုယ်အမြင်ကဒါရှိတယ်ဆိုရင်ဆန့် ကျင်ဘက်
ရှုထောင့်ကနေခင်ဗျားအမြင်ကမှန်တယ်လို့ 
ယူဆတယ်ဆိုရင်ခင်ဗျားအမြင်မှန်ကြောင်း
ဘယ်လိုတာဝန်ယူမှုတွေလုပ်မှာလဲအတွက်
သင့်မှာတော့ဖြေရှင်းချက်လေးရှိထားသင့်တယ်နော်
ကိုယ်ယုံကြည်တဲ့၊မှန်တယ်လို့ သတ်မှတ်ထားတဲ့ 
စံသတ်မှတ်ချက်အမြင်ဆိုတာရှိရင်တိုးတက်တဲ့
အောင်မြင်တဲ့ရလဒ်အတွက်ကိုအမြင်ခြင်းဖလှယ်မှု
လုပ်ကြတဲ့အခါမှာလည်းသိမ်မွေ့ ညင်သာစွာနဲ့ 
အမြင်ချင်းအောင်မြင်စွာဖလှယ်နိုင်ဖို့ လိုပါတယ်...ဗျာ
အမြင်ချင်းဖလှယ်မှလည်းကောင်းမွန်တဲ့ မှန်ကန်တဲ့
ရလဒ်ကောင်းတွေရနိုင်မှာမို့ လို့ အမြင်ချင်းဖလှယ်
ကြမယ်ဆိုရင်လည်းအပြုသဘောဆောင်စေချင်ပါတယ်
 အသိဥာဏ်ပညာရရှိရေးဟူသည်မှာဆီလူးထားသော
မိန်းမချောလေးနဲ့ နပန်းသတ်ရသည်နှင့်တူသည်။
                                         (ဂရိရှေးစာဆို)
(အတွေးအမြင်)
နှစ်ပတ်လည် Valentine's
နှစ်ပတ်လည် Valentine :P
bunny phyo ရဲ့  နှစ်ပတ်လည် သီချင်းလေးကို
ခုအချိန်မှာနားထောင်နေလို့ ဒီသီချင်းလေးကို
နှစ်ပတ်လည် Valentine ဆိုပြီးတင်လိုက်တာပါ
အားလုံးလည်းနားထောင်ပေးကြပါဦးနော်...
Valentine's Day အမှတ်တရ
ချစ်သူရေ ......
ကိုယ်မင်းကိုဘယ်လောက်ချစ်တယ်ဆိုတာသိလား.......
ကိုယ်မင်းကိုမပြောထွက်ဖြစ်ခဲ့တဲ့အချိန်တွေမှာ မင်း
ဘက်ကိုကိုယ်မြင်အောင်မကြည့်ခဲ့တဲ့အတွက်ကိုယ့်ကို
မင်းခွင့်လွှတ်ပေးပါကွာ...ကိုယ်မင်းကိုအရမ်းချစ်ပါတယ်
ကိုယ့်အတွက်မင်းနဲ့ အတူရှိနေရတဲ့ အချိန်လေးက
ကိုယ့်အတွက်တန်ဖိုးမဖြတ်နိုင်လောက်အောင်ကိုယ့်
အတွက်တန်ဖိုးရှိပါတယ်....တစ်ခါတစ်လေအလုပ်တာဝန်
ကြောင့်မင်းဖြစ်ချင်တဲ့ အရာတွေ..မင်းကြည့်ချင်တဲ့ရုပ်ရှင်
တွေ...မင်းနဲ့ ကိုယ်နဲ့ တူတူသွားလည်ချင်တဲ့နေရာတွေ
အတွက်ကိုယ့်မင်းကိုမဖြည့်ဆည်းပေးနိုင်တာတွေအတွက်
ကိုယ်စဉ်းစားမိရင်စိတ်မကောင်းဖြစ်ရပါတယ်....
ကိုယ့်ကြောင့်မင်းနာကျင်ခံစားခဲ့ရဖူးတယ်နော်...မင်းငိုတဲ့
အချိန်ကိုယ့်ရင်ထဲမှာမီးတွေလောင်နေခဲ့ရတယ်...ကိုယ်
နောင်တလည်းရတယ်..ဒီလိုဖြစ်ရပ်မျိုးကကိုယ့်အတွက်
နောက်ဆုံးအကြိမ်ပဲဖြစ်ပါစေဆိုပြီးကိုယ့်ကိုကိုယ်လည်း
သတ်မှတ်ခဲ့ပါတယ်...အဲဒီနောက်ပိုင်းကစပြီးမင်းဖြစ်စေ
ချင်တဲ့ယောင်္ကျားကောင်းတစ်ယောက်ဖြစ်ဖို့ ကိုယ်ကြိုးစား
နေခဲ့ပြီ....ချစ်သူရေ....
မင်းကြောင့်ကိုယ်ပြောင်းလဲလာခဲ့ရပြီ
မင်းအချစ်ကကိုယ့်အတွက်ကိုနွေးထွေးပြီး
ဘာနဲ့ မှနှိုင်းယှဉ်လို့ မရအောင်မင်းကကိုယ့်ရဲ့ 
ရတနာလေးပါ.....
ဒီနေ့ မှာလည်းမင်းအနားမှာအတူတူရှိနေခွင့်မရတဲ့ အတွက်
ကိုယ့်ကိုနားလည်ပေးပါဦးနော်....
ချစ်သူရေ...ကိုယ်မင်းကိုအရမ်းချစ်ပါတယ်....
(14-Feb-2012,Valentine's Day အမှတ်တရ )
Valentine's Day အမှတ်တရ
valentine's day အမှတ်တရအနေဲ့ ဒီသီချင်းလေးကိုတင်ပေးလိုက်ပါတယ်...forever you တဲ့ .....
ကျွန်တော့်ချစ်သူနဲ့ ကျွန်တော်တစ်ယောက်တစ်နေရာစီဝေးနေပေမယ့်လည်းစိတ်ထဲမှာ သူအမြဲ
တမ်းရှိနေတဲ့ကျွန်တော့်ခံစားချက်နဲ့ တိုက်ဆိုင်လို့ ဒီသီချင်းလေးကိုတင်ပေးလိုက်တာပါ.....
 Valentine's Day မှာချစ်တဲ့သူတိုင်းအားလုံး ..အာလုံးပျော်ရွှင်ကြည်နူးနိုင်ကြပါစေ
ဘ၀တစ်သက်တာမှာဒီအချိန်လေးကပျော်စရာအကောင်းဆုံးအချိန်လေးအဖြစ်
နဲ့ အားလုံးဒီအချိန်လေးကိုတန်ဖိုးထားပြီးအမှတ်တရလေးတွေဖြစ်နိုင်ကြပါစေဗျာ...
ကျွန်တော်ကတော့အဝေးတစ်နေရာကနေပဲအရင်နှစ်တွေတုန်းကအချိန်လေးတွေ
ကိုပြန်တွေးရင်းနဲ့ ပဲ......
(အရင်တုန်းက ဒီနေ့ ဆိုရင်အလုပ်ပိတ်ပိတ်မပိတ်ပိတ် ရုံးမတက်ပဲနဲ့ သူနဲ့ အတူ
ဒီနေ့ မှာအတူတူရှိပြီးအတူတူအမှတ်တရ Valentine အချိန်လေးတွေကိုဖန်တီး
ခဲ့ကြတာ နှစ်တိုင်းလိုပါပဲဗျာ။)
:)
ဒါလေးကတော့ကျွန်တော်သူ့ ကိုပြောချင်တဲ့ expression လေးပါ ...
ချစ်တဲ့သူတိုင်းအဆင်ပြေကြပါစေဗျာ။
နားလည်မှုနဲ့ အတူနွေးထွေးတဲ့ချစ်သူဘ၀လေးကိုတည်ဆောက်နိုင်ကြပါစေဗျာ။
ပျော်စရာ Valentine's Day 2012 ဖြစ်ပါစေ......
Monday, February 13, 2012
ဖေဖော်ဝါရီ ၁၃ ရက်နေ့  ............
ဒီနေ့ ဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ပါ ....ကျွန်တော်တို့ နိုင်ငံကို
သူ့ ကျွန်ဘ၀ကလွတ်မြောက်အောင်ကြိုးပမ်းအားထုတ်ခဲ့တဲ့ ...
နောက်ပြည်သူလူထုကိုစည်းရုံးပြီးတစ်တိုင်းပြည်လုံးလွတ်လပ်ရေး
ရအောင်လုပ်ပေးခဲ့တဲ့....လွတ်လပ်ရေးအတွက်ကိုယ်ကျိုးဆိုတာ
မကြည့်ပဲနိုင်ငံအတွက်ဦးစားပေးပြီးလုပ်ပေးခဲ့တဲ့...ပြတ်သားတဲ့
ရဲရင့်တဲ့....သူ့ ကျွန်ဘ၀ကလွတ်မြောက်အောင်နည်းလမ်းမျိုးစုံနဲ့ 
အသက်ပေးကြိုးပမ်းသွားခဲ့တဲ့ ....လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်
အောင်ဆန်းရဲ့ မွေးနေ့ ဖြစ်ပါတယ်...ခင်ဗျာ....
ဒီနေ့ အတွက်သီချင်းလေးကိုပါတင်ပေးလိုက်ပါတယ်..ခင်ဗျာ
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...