ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတယ်...windows computer ပဲဖြစ်ဖြစ်...Linux computer ပဲဖြစ်ဖြစ်...Mac OSX computer မှာပဲဖြစ်ဖြစ်.. chrome os တို့လို့မျိုးအခြားသော OS တွေမှာလည်း ping command ကိုအသုံးပြုပြီးစစ်ဆေးလို့ရပါတယ်...ဘာကြောင့် ကျွန်တော်တို့က ping script ကိုသုံးပြီးစစ်ဆေးချင်ရတာလဲ?
Experiences are not that cheap. But I'd love to share my knowledge, experiences, skills and personal development.
Monday, June 10, 2024
Tuesday, May 14, 2024
file ထဲမှာ virus ရှိတာ Antivirus တွေဘယ်လိုသိကြလဲ....
AI နည်းပညာတွေတဟုန်ထိုးဖွံ့ဖြိုးတိုးတက်လာတဲ့ခေတ်မှာ Antivirus ဆိုတာသည် ဟိုးအရင်တုန်းကလို virus မျိုးကွဲတွေကိုပဲ scan & remove သာလုပ် နိုင်စွမ်းရှိတာမဟုတ်တော့ပါဘူး...အခုခေတ်ရဲ့လိုအပ်ချက်နဲ့အညီပိုပြီး advanced ဖြစ်လာတဲ့ Cyber Security threads တွေကို handle လုပ်နိုင်တာတွေရော..ငွေညှစ်တဲ့ Ransomware လိုဟာမျိုးတွေ....နောက် link နှိပ်လိုက်တာနဲ့ hacker တွေထောင်ခြောက်ထဲကိုဝင်နိုင်တဲ့ phishing တွေကိုရော.. ပြီးတော့ network ထဲကနေ workstation ေတွ...server တွေရဲ့ vulnerable port ေတွကိုလှမ်းချိတ်ပြီး access လုပ် နေတဲ့ threads ေတွကိုပါကာကွယ်နိုင်တဲ့ Endpoint Solutions ေတွအဖြစ် ပိုမိုအဆင့်မြင့်စွာတွေ့မြင်လာရပြီပဲ ဖြစ်ပါတယ်...
Wednesday, March 23, 2022
Disaster - သဘာဝဘေးတခုခုကြောင့် Computer ပျက်ခဲ့မယ်ဆိုရင်
uter တွေဟာ စက်ပစ္စည်းတွေဖြစ်တဲ့အတွက် ချို့ယွင်းမှု ဖြစ်နိုင်တယ်ဆိုတာကိုလက်ခံနိုင်ရပါမယ်...လက်ခံနိုင်သလိုစက်ပစ္စည်းတွေ ချို့ယွင်းပျက်စီးမှုူဖြစ်ခဲ့သော် အလုပ်ကိုဘယ်လိုဆက်လုပ်ကြမလဲဆိုတဲ့ plan ရှိဖို့ လိုအပ်လှပါတယ်...ဆိုတော့ Backup ဆိုတာလိုလာပါပြီ..Backup ဆိုတာသင့် ရဲ့ computer data တွေကိုနည်းလမ်းတခုခုနဲ့ copy ရယူထားပြီး တကယ်လို့ သင့် computer system ကြီး down သွားရင် အခုနက Backup ကနေ မူလလည်ပတ်နေတဲ့အတိုင်းပြန်ရအောင်လုပ်နိုင်တဲ့ mechanism တခုပါပဲ
Tuesday, March 22, 2022
ကြုံခဲ့ရဖူးတဲ့Email Phishing အတွေ့အကြုံလေးတခု
ကြုံခဲ့ရဖူးတဲ့Email Phishing အတွေ့အကြုံလေးတခုကိုရေးသားချင်ပါတယ်....ကိုယ်တိုင်တော့မဟုတ်ပေမယ့် ရုံးကအကိုတယောက်ကမသိပဲနဲ့လုပ်မိသွားတာပါ...Phishing ဆိုတာကတော့ အနီးစပ်ဆုံး fishing လိုပါပဲ...fishing အတွက်ငါးမျှားဖိုးအတွက် ငါးစာတပ်ရသလို (ဘယ်ငါးကဘာအစာကြိုက်လဲဆိုတာကို သိပြီးလိုချင်တဲ့ငါးရဖို့ ငါးကြိုက်တဲ့ငါးစာတပ်ပြီးမျှားရသလို)မျှားခေါ်ပြီး user အချက်အလက်တွေကို ရယူတဲ့အတွက် အန္တရာယ်ကြီးတဲ့ Cyber Threads တခုလည်းဖြစ်ပါတယ်...
Friday, March 11, 2022
Microsoft Outlook 2013 ရဲ့ Security Update
မိတ်ဆွေ...သင်ဟာ Microsoft Outlook 2013 ကိုသုံးနေတဲ့သူတစ်ယောက်လား...ဒါဆိုရင် သင့်စက်ထဲက Microsoft Outlook 2013 က Version 15.0.4569.1503 ဖြစ်နေလား...ဒါဆိုရင် သင့် outlook ကိုဖွင့်တိုင်းဒီလိုမျိုး message box လေးကျလာမှာပါ
Thursday, December 30, 2021
Secure FTP Server ဆိုတာ....
FTP Server ဆိုတာ File တွေကိုအချင်းချင်း Transfer (upload/download)လုပ်ဖို့အတွက် configure လုပ်ထားပေးတဲ့ Server တွေဖြစ်ပါတယ်…တခါတလေနီးစပ်ရာ Mirror FTP Server တွေကနေအလွယ်ဆုံး download လုပ်ဖို့အတွက်ကို public ကို access ပေးထားတဲ့ Service တွေဖြစ်ပါတယ်…public Access ပေးထားတယ်ဆိုတော့ FTP Server တွေဟာ Cyber Criminal တွေကလိစရာ ..လက်တည့်စမ်းစရာ Target တခုလည်းဖြစ်လာလို့နေပါတယ်..ဒီတော့ FTP Server တွေကို Security ရှိရှိသုံးချင်တယ်ဆိုရင်
Thursday, September 23, 2021
Computer ကနေ Mobile Phone တွေကို Message ပို့လို့ရနိုင်လား
Thursday, August 26, 2021
Windows မှာ Microsoft Account ထည့်သုံးရင် ဘာတွေပိုကောင်းလာမလဲ
Internet ဟာလူတွေရဲ့ daily life မှာမရှိမဖြစ်တစ်ခုဖြစ်လာတဲ့အခါမှာ ကိုယ်သုံးနေတဲ့ Windows နဲ့ ကိုယ့်မှာရှိတဲ့ Microsoft Account နှစ်ခုကိုချိတ်ဆက်သုံးမယ်ဆိုရင်အကျိုးရှိတာတွေကတော့အများကြီးပါ ... Apple Account ရှိရင် IOS devices တွေကို device manage & administration လုပ်လို့ရသလိုမျိုး functions တွေကို Microsoft Account သုံးထားတဲ့ Windows 10 တိုင်းမှာရပါပြီ...ကျွန်တော်က windows 10 21H1 version ( 2021 june update ထုတ် version ကိုသုံးထားပါတယ်)
Wireless Signal Strength ကောင်းမကောင်းဆိုတာ....
wifi signal strength ကိုစစ်ဆေးတဲ့နည်းလမ်းများစွာရှိပါတယ်...ကျွန် တော် က wireless transmitter နဲ့ receiver ကြားထဲသွားနေတဲ့ wireless radio signal strength ကို detect လုပ်ပြီး signal ကောင်းမကောင်းစမ်းမှာဖြစ်ပါတယ်... ဒီလိုစမ်းဖို့အတွက်ကို radio wave interference ဖြစ်စေတဲ့အရာတွေ ( motor, refrigerator, electrical signal devices...)ဟာကျွန်တော်တို့စမ်းနေတဲ့ environment မှာမရှိဖို့လိုအပ်ပါတယ်....ဒါမှာသာ ကျွန် တော်တို့ဟာ signal strength အမှန်ကိုသိ နိုင်မှာပါ
Data မပျက်စေပဲ Windows Partition တိုးလို့ရသလား
Windows ရဲ့ System Partition (Windows တင်ထားတဲ့ partition - များသောအားဖြင့် Drive C) ဟာ အသုံးပြုတာကြာလာတဲနဲ့အမျှ software အသစ်အသစ် တွေထည့်မယ်... user directories တွေဖြစ်တဲ့ Desktop တို့ My Documents တို့ .... Downloads တို့...အဲဒါတွေထဲမှာ ရှိတဲ့ data တွေကို နေရာမရွေ့ဖြစ်ပဲ ဒီအတိုင်းဆက်သုံးဖြစ်နေတယ်ဆိုရင် သင့်ရဲ့ Drive-C ဟာ သေချာပေါက် free space နည်းပြီး(အနီရောင်ပြပြီး)သုံးရတာနှေးကွေးလေးလံလာပါလိမ့်မယ်(Virusတို့ Trojanတို့ မရှိဘူးဆိုရင်)
ဘာကြောင့် location service ပိတ်ဖို့လိုအပ်တာလဲ
ဒီအကြောင်းအရာကိုတော်တော်များများကြားဖူးကြပေမယ့်ဘာကြောင့်လဲဆိုတာကိုတော့ သိပ်မသိကျပါဘူး....location service ကိုဖွင့်ထားတဲ့အခါမှာတော့.....
Secure Web Browsing ဆိုတာ
အင်တာနက်ကိုကျယ်ကျယ်ပြန့်ပြန့်အသုံးတွင်ကျယ်လာတဲ့အခါမှာ Browsing Securely ဆိုတာတာအရေးကြီးလာပါတယ်...ဒီနေ့ခေတ်မှာဖုန်းတလုံးလမ်းမှာကျပျောက်ခဲ့တယ် ဆိုတာဖြစ်လေ့ရှိတဲ့ကိစ္စဆိုပေမယ့် မူလအသုံးပြုတဲ့သူရဲ့ security sense မှာမူတည်ပြီး မူလအသုံးပြုသူအတွက် နစ်နာဆုံးရှုံးမှုများ ( Facebook Account တွေ...Gmail Account တွေ....Bank Account Information တွေ...အလုပ်နဲ့သက်ဆိုင်တဲ့အချက်အလက်တွေကိုကောက်ရသူလက်ထဲရောက်သွားနိုင်တဲ့အန္တရယ်) ရှိနေနိုင်လို့ပါပဲ
Friday, April 23, 2021
Phishing ဆိုတာ………….
Phishing ဆိုတာ fishing ပါပဲ….fishing မှာကတော့ ငါးရဖို့ ငါးဖမ်းမိဖို့ အတွက်ကို ငါးစာနဲ့ငါးမျှားရတယ်… phishing မှာကတော့ ငါးစာအနေနဲ့ ဆွဲဆောင်မှုရှိတဲ့ အရာတွေ…(ပုံ တွေစာတွေ.. download လုပ်မယ့်အရာတွေ)နဲ့ user ရဲ့ data တွေ ( account တွေ… password တွေ…customer ID တွေ.. user cookies တွေ…. session ID တွေကို) ဖမ်းတာပါပဲ ….
ကွန်ပျူတာမှာ delete ဖျက်တိုင်းပျက်သွားရောလား
ခဏခဏအမေး များတဲ့မေးခွန်းတခုပါ ….ကွန်ပျူတာမှာ delete နဲ့ပဲဖြစ်ဖြစ်…shift + delete နဲ့ပဲဖြစ်ဖြစ်…ဖျက်ရင်ပျက်သွားတယ်လို့ လူအများကယူဆလေ့ရှိပါတယ်…ဒါပေမယ့် computer ရဲ့ storage mechanism မှာအသုံးပြုတဲ့ sector တွေ…cluster တွေ….( 8 bits – 1 byte စသည်ဖြင့်…) ထဲမှာတော့ ကျန်နေလေ့ရှိပါတယ်…သဘောတစ်ခုအနေနဲ့ရှင်းပြရရင် စာအုပ်တအုပ်ကို ဖျက်ဆီးမယ်ဆိုရင် …စာအုပ်မျက်နှာဖုံး ကိုပဲဖျက်ဆီးတာက delete နဲ့ shift + delete နဲ့ဖျက်တာမျိုးပါ …ဒီတော့ အတွင်းဘက်မှာစာမျက်နှာတွေကျန်နေဦးမယ်ပေါ့ …ဒီတော့ ကျွန်တော်တို့က ရှိပြီးသားစာရွက်တွေနဲ့ မာတိကာစာမျက်နှာကနေ ဒီစာအုပ်ဟာဘာစာအုပ်လဲဆိုပြီး Recover ပြန်လည်ရယူနိုင်ပါတယ်…အဲဒီလိုသဘောတရားနဲ့ Recovery လုပ်ပေးနိုင်တဲ့ software တွေကိုတော့ Recovery software တွေအဖြစ်အများကသိကြပါတယ်
Recovery Software ဆိုတာ
Recovery Software တွေဆိုတာက Storage Media တစ်ခုလုံး ( Hard Disk, Memory Card, CF Card, ….) မှာရှိတဲ့ system OS file system ( FAT32, NTFS, Ext3, Ext4,RaiserFS,…) တွေ.. metadata ( မာတိကာလိုမျိုးစာမျက်နှာ)နဲ့ hexadecimal (or) octa decimal data ( စာရွက်စာသားလို data များ) ကို ပြန်လည် ရှာဖွေပြီး ( Scanning လုပ်ပြီး) Recovery ပြန်လုပ်ပေးနိုင်ပါတယ်…ဒါကြောင့် တခါတလေကျရင် OS File System ပျက်လုဆဲဆဲ storage media တွေထဲက data တွေကို ပြန်လည်ရယူပေးရတာမျိုးတွေလည်းရှိပါတယ်…Raw File System ဖြစ်သွားတဲ့ storage media တွေထဲကနေလည်း ပြန်လည်ရယူတာတွေလည်းရှိပါတယ်….Recovery လုပ်ပေးနိုင်တဲ့ Software များစွာရှိပြီး Acronics, Symantec Norton , Get DataBack တို့ … Recover MyFiles တို့ဟာ လူသိများနာမည်ကျော်ကြားပြီးအခြားသော နာမည် တွေ နဲ့ software တွေလည်းရှိပါသေးတယ်…
ကဲ…ဒါဆိုရင် delete နဲ့ဖျက်တိုင်း shift delete နဲ့ဖျက်တိုင်းမပျက်ဘူး …Recovery Software နဲ့ ပြန်ယူနိုင်တယ်ဆိုတာသိကြလောက်ပြီထင်ပါတယ်…ဒီတော့ data တွေကို Storage Media တွေကနေ အပြီးတိုင်ဖျက်ချင်တဲ့အခါ File Shredder တွေကိုသုံးရင် Recovery လုပ်လည်းမရတော့ပါဘူး….
Physical File Shredder ဆိုတာ က ရုံးတွေမှာ documents တွေ…CD/DVD တွေကိုဖျက်တဲ့စက် တွေပါ…….ကျွန်တော်တို့သုံးမှာက Software File Shredder ပါပဲ…Windows အတွက်တော့ Shredder Software ကို download လုပ်ပြီး install လုပ်ပြီးသုံးရတာပါ …Linux မှာဆိုရင်တော့မလိုပါဘူး …file shredder ကို command line ကတခါတည်းသုံးရုံပါပဲ…. ကဲ…နမူနာတစ်ခုဖျက်ပါမယ်

Add files (or) folder မှာကိုယ် ဖျက်ချင်တဲ့ files တစ်ခုထက် ပိုလည်းရတယ်….folder ဆိုလည်း တစ်ခုထက်ပိုလည်းရတယ် ..ရွေးပြီးပြီဆိုရင် shredding algorithm ကိုရွေးရပါမယ်

Simple one pass နဲ့ two pass တို့က တစ််ကြိမ်ဖျက်နဲ့ နှစ်ကြိမ်ရိုးရိုးဖျက်ပါပဲ …သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါ….
DoD 5220-22.M ဆိုတာက… US Department of Defense (DoD)ရဲ့ Drive Erase Standard တစ်ခုဖြစ်ပါတယ်…ကမ္ဘာမှာရှိတဲ့ Government Agencies တွေနဲ့ Organizations တွေအသုံးပြုတဲ့ drive erase standard တစ်မျိုးဖြစ်ပြီး ၃ ကြိမ်ဖျက်ပါတယ် ( 3- secure overwriting passess – လုပ်ပါတယ်) …..
ပထမအကြိမ်….. storage media မှာရှိတဲ့ Addressable storage bits တွေကို zeroes တွေနဲ့ overwrite လုပ်ပါတယ်
ဒုတိယအကြိမ်….ပထမတကြိမ်လုပ်ပြီးရလာတဲ့ bits တွေကို binary ones တွေနဲ့ overwrite လုပ်ပါတယ်
တတိယအကြိမ်….ဒုတိယအကြိမ်လုပ်ပြီးထွက်လာတဲ့ bits တွေကို random bits တွေနဲ့ overwrite လုပ်ပါတယ်
သုံးကြိမ်လုံး process passed ဖြစ်တာကို verified လုပ်ပြီးမှ final passed လုပ်ပါတယ်….
ဒါကြောင့်ကျွန်တော် တို့က DoD standard ကိုပဲသုံးတာပါ ….

နောက်ထပ် ၇ ကြိမ်ဖျက်နဲ့ ၃၅ ကြိမ်ဖျက်ကတော့ သုံးလို့တော့ရတယ်…သိပ်မလိုလို့မသုံးပါဘူး….ကျွန်တော််တို့အတွက်ကတော့ DoD နဲ့တင်််လုံလောက်နေပါပြီ…ဒါဆိုရင် file တွေကိုစက်ကနေအပြီးတိုင် Shredder နဲ့ဖျက်နိုင်သွားပြီပေါ့…အားလုံးပဲပညာဗဟုသုတကြွယ်၀တိုးတက်ကြပါစေဗျာ….
လေးစားစွာဖြင့်
Phyo Sithu
Thursday, January 7, 2021
Linux ESXi shell update to ESXi Hypervisor
ESXi Hypervisor တွေဟာလည်း update လုပ်ဖို့လိုအပ်ပါတယ်...ဘာဖြစ်လို့လည်းဆိုတော့ update security fixed တွေနဲ့ hardware performance accelerated ဖြစ်ဖို့ဆိုရင် update လုပ်ဖို့လိုအပ်ပါတယ်...ကျွန်တော်က ESXi 5.5 version ကို update လုပ်လိုက်တဲ့အခါ default သုံးလို့ရတဲ့ Vsphere Access အပြင် web URL နဲ့ပါ access လုပ်လို့ရသွားပါတယ်...
Tuesday, January 5, 2021
Local to AWS S3 Storage ...
ကျွန်တော်တို့ဟာ local-to-local Backup ( Local Backup tier) တစ်ခုကို ကိုယ့် Network ထဲမှာတည်ဆောက်နိုင်သလို Local-to-Cloud Backup ( Cloud Backup tier) တစ်ခုကိုတည်ဆောက်နိုင်ပါတယ်...ဒီ tutorial မှာ Cloud Backup tier -အဖြစ် AWS S3 ကိုသုံးပါမယ်....ဆို တော့ ကျွန်တော်တို့ tutorial flow က ဒီလိုလေးဖြစ်ပါလိမ့်မယ်
Monday, January 4, 2021
ESXi Hypervisor Server ကို Root လုပ်ခြင်း
ဒီနေ့ခေတ်လုပ်ငန်းခွင်တော်တော်များများမှာ on-premise datacenter တွေမှာ Vmware ESXi Hypervisor တွေကို Software-Defined DataCenter တွေအဖြစ်ထိရောက်စွာအသုံးပြုလာကြပါပြီ....Type 1 Hypervisor အဖြစ်သုံးတဲ့ အဲဒီ SDDC Infrastructure မှာ Vmware Admin တွေက Role တွေ...Permission Right တွေနဲ့ သုံးထားပါတယ်....Vmware Admin က Handover မလုပ်ပဲ အလုပ်ထွက်သွားခဲ့တဲ့အခါ ဒီနည်းလမ်းက အဆင်အပြေဆုံးဖြစ်ပါလိမ့်မယ်
Saturday, January 2, 2021
Apple M1's Mac မှာပါတဲ့ Rosetta 2 ဆိုတာ.....
Apple က နောက်ဆုံးထုတ် new MacBook Air, MacBook Pro, and Mac Mini တွေမှာ M1 Chip နဲ့ ထွက်လာခဲ့တာဟာ တကယ့်ကို ထူးခြားဆန်းပြားလှသလို user တွေအတွက်လည်း မျက်စိလည်စရာတွေဖြစ်ကုန်ပါတယ်...ဘာလို့လဲဆိုတော့ M1 Chip ကအရင်ထွက်ခဲ့ဖူးတဲ့ Mac တွေမှာသုံးခဲ့တဲ့ Intel Base Chip မျိုးမဟုတ်ပဲ တမူထူးခြားတဲ့ architecture နဲ့ထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့် M1 Chip နဲ့ Mac တွေဟာ Intel Base App တွေကိုသုံးလို့မရတော့ပါဘူး
Friday, January 1, 2021
File Server ဆိုရင် Quota manage လုပ်မှအဆင်ပြေတာ...
File & Folder Sharing နဲ့ Network Mapped Drive တွေဟာလုပ်ငန်းခွင်အတွက်လည်းအသုံး ၀င်သလို တ ခြားဆိုးကျိုးတခုလည်းရှိပါတယ်...အဲဒါကတော့ Storage တနေရာရှိတယ်ဆိုပြီး Large File တွေ ( HD MP4 တွေ...Channel Myanmar က download လုပ် ထားတဲ့ Blu-Ray DVD file တွေနဲ့... အ ခြားသော file size ကြီးကြီး multimedia files ) ကိုလာလာထားတတ် ကြတာပါပဲ...အဲဒီလို မလိုအပ်ပဲနဲ့လာထားထားတဲ့ file တွေကြောင့် Storage space တွေနည်းနည်းလာပြီး တကယ်အလုပ်အတွက်သုံးနေတဲ့သူတွေ အနှောင့်အယှက်မဖြစ်အောင် Storage Admin ကျွန်တော်က ဒီလိုလုပ်လိုက်ပါတယ်
File Server မှာ Antivirus ရှိဖို့လိုပါတယ်....
Shared Folder တွေ...Mapped Network Drive ကိုပေးသုံးတဲ့အခါမှာ user တွေသုံးတဲ့ data တွေဟာ Virus မျိုးစုံ ( malware, virus codes, trojan, adware , botnet,....) ရန်မရှိဖို့ လိုအပ်ပါတယ်....Server Admin တယောက်အနေနဲ့ ဒီလိုကိစ္စမျိုး အတွက် Linux မှာအလွယ်တကူဖြေရှင်းနိုင်ပါတယ်....ကဲ..ဘယ်လိုဖြေ ရှင်းနိုင်မလဲဆိုတာ...
ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...
-
Fortigate Firewall Administration ကိုကျွန်တော်တို့ ရဲ့ network ထဲမှာ configure လုပ်ပြီးစမ်းသပ်ကြည့်ပါမယ်...simulation lab တွေကိုကျေညက်ပိုင်...
-
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...
-
ခဏခဏအမေး များတဲ့မေးခွန်းတခုပါ ….ကွန်ပျူတာမှာ delete နဲ့ပဲဖြစ်ဖြစ်…shift + delete နဲ့ပဲဖြစ်ဖြစ်…ဖျက်ရင်ပျက်သွားတယ်လို့ လူအများကယူဆလေ့ရှိပါတ...