Monday, June 10, 2024

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတယ်...windows computer ပဲဖြစ်ဖြစ်...Linux computer ပဲဖြစ်ဖြစ်...Mac OSX computer မှာပဲဖြစ်ဖြစ်.. chrome os တို့လို့မျိုးအခြားသော OS တွေမှာလည်း ping command ကိုအသုံးပြုပြီးစစ်ဆေးလို့ရပါတယ်...ဘာကြောင့် ကျွန်တော်တို့က ping script ကိုသုံးပြီးစစ်ဆေးချင်ရတာလဲ?

ဘာလို့လဲဆိုတော့... scirpt လုပ်ထားခြင်းအားဖြင့်ကျွန်‌တော်တို့ဟာ ထပ်ခါထပ်ခါနေ့စဥ်လုပ်ရတဲ့အလုပ်တွေကိုလူလုပ်စရာမလိုပဲနဲ့ စက်ရဲ့ schedule task အဖြစ်အလုပ်လုပ်ခိုင်းနိုင်ပါတယ်.(ဥပမာ...ကိုယ့် production server တွေ online ရှိမရှိဆိုတာက နေ့စဥ်စစ်ဆေးနေရတဲ့ကိစ္စဖြစ်ပါတယ်...လူဆိုရင်အချိန်နောက်ကျတာတို့...ဘာတို့ဖြစ်နိုင်ပါတယ်...schedule task လုပ်ထားတာကြောင့် ကိုယ်သတ်မှတ်ထားတဲ့အချိန်တိုင်းမှာကိုယ်လုပ်စေချင်တဲ့အလုပ်တွေကိုစက်ကလုပ်ဆောင်သွားစေမှာဖြစ်ပါတယ်....)

script နဲ့ အလုပ်လုပ်ခိုင်းတာက computer ရဲ့  system resources အနည်းဆုံးကိုယူသုံးပြီးအလုပ်လုပ်တာဖြစ်ရတဲ့အတွက် (လိုရင်းကိုသာလုပ်ရတဲ့အတွက်) ပိုမိုမြန်ဆန်ထိရောက်ပါတယ်....တချို့ task တွေက system ရဲ့ Graphical User Interface (GUI ) ကို Foreground API တခုအဖြစ်ယူသုံးရတဲ့အတွက်ကြောင့် တချို့ run ေနတဲ့ program တွေဟာပိုလေးပါတယ်...CLI - script တွေကတော့ Background Process တွေအနေနဲ့ run နိုင်တဲ့အတွက်ပိုမိုမြန်ဆန်ထိရောက်ပါတယ်...

customized script ေတွများများအသုံးပြုနိုင်လေလေ program knowledge နဲ့ skills တွေပိုတိုးတက်လာလေလေပါပဲ...အခုဆိုရင် ကျွန်တော်တို့က server online ရှိမရှိစစ်တဲ့ script ေလးကိုသုံးတဲ့အတွက် connection နဲ့ပတ်သက်တဲ့ commanding script ေလး တွေကိုဘယ်လိုအစီအစဥ်တကျအသုံးပြုရမလဲဆိုတဲ့ programming sense ေလးကိုနားလည်လာစေသလို စက်ကသတ်မှတ်ထားတဲ့ default values တွေကိုကျော်ပြီး ကိုယ်သတ်မှတ်ထားသလိုစက်ကိုလုပ်ဆောင်ချက်တွေပေးစေတာပဲဖြစ်ပါတယ် ( ဥပမာ- windows  စက်တွေမှာ default ping  ဆိုရင် ၄ ကြိမ်ပဲအလုပ်လုပ်ပါတယ်...ဒါပေမယ့်ကိုယ်ကစက်ရဲ့လုပ်ဆောင်ချက်သဘောတရားကိုနားလည်တဲ့အခါ ကိုယ်လုပ်ချင်တာကိုချိန်ညှိပြီးကိုယ့်လိုအပ်ချက်အတိုင်း လုပ်ဆောင်စေနိုင်တာပဲဖြစ်ပါတယ်) 

အခု ကျနော့်ရဲ့ script ေလးမှာ server နှစ်ခု( တခုက Microsoft နဲ့ ကျန်တခုက ကျနော့်ရဲ့  itkophyo.tk) ကို online ရှိမရှိ computer တိုင်းမှာရှိတဲ့ ping utility ေလးကို script ေလးသုံးပြီး ping script ေလး run လိုက်ပါတယ်....

Microsoft site က up & online ဖြစ်ပြီး ကျနော့်ရဲ့  itkophyo.tk site ေလးက down ေနပါတယ်..script ေလးတခု run လိုက်တာနဲ့ပဲဘယ်ဟာက online ဖြစ်နေတယ်...ဘယ်ဟာက down ေနလဲဆိုတာကို commands တွေအများကြီးထပ်ခါထပ်ခါရိုက်ဖို့မလိုပဲ script ေလးတခုထဲနဲ့တင်ပဲအလုပ်ပြီးပါတယ်...

Script ေလးတွေကိုမှန်ကန်တဲ့နည်းလမ်းနဲ့ အချိန်ကုန်သက်သာမြန်ဆန်ပြီးအလုပ်တွင်တဲ့နည်းလမ်းတွေကို ထိုးထွင်းကြံဆလုပ်ဆောင်နိုင်ကြပါစေဗျာ.


လေးစားစွာဖြင့်

Phyo Sithu







No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...