Wednesday, February 15, 2012
Google Documents ဆိုတာ...........
google documents ရဲ့ word ပုံစံ(office ရဲ့ word နဲ့ တူတူပဲနော်)
search engine လောကမှာဆရာတစ်ဆူဖြစ်တဲ့ google ကသူ့ apps
တွေနဲ့ အင်တာနက်သုံစွဲသူတွေကိုဖမ်းစားလာလိုက်တာ gtalk,gmail,
google calender,blog,google code,google chrome,android,...
စတဲ့အမျိုးပေါင်းများစွာကိုထုတ်လုပ်ပြီးအင်တာနက်သုံးစွဲသူတွေကို
ဖမ်းစားလာခဲ့တာတော်တော်ကြာပါပြီ..ခုလည်းGoogle Documents
တဲ့
google documents logo လေးပါ
ဒီလိုပဲလေးနဲ့ ပါပဲ....သူကတော့ function တော်တော်စုံတယ်ဗျ
ကျွန်တော်တို့ တွေ computer မှာ microsoft word,excel တို့ သုံးလို့ 
ရသလိုမျိုး online မှာသူ့ ကိုသုံးလို့ ရပါတယ်...gmail အကောင့်တစ်ခု
ရှိတိုင်းဒီ google documents ကိုအသုံးပြုလို့ ရပါတယ်....နောက်ပြီးတော့
Pdf file တွေကိုလည်းဖတ်လို့ ရပါတယ်...
သူ့ ရဲ့ အဓိကအားသာချက်ကတော့ OS Platform မရွေးသုံးလို့ ရချင်းပါပဲ
နောက်ပြီးစက်ထဲမှာ Microsoft Officeတို့ Adobe Acrobat တို့ မရှိပဲနဲ့ 
လည်း ကြည့်နိုင်edit လုပ်နိုင်တယ်...နောက် Download လုပ်ရင်လည်း
xxx.xls,xxx.ppt,xxx.pdf)စတာတွေနဲ့ ကိုယ့်စက်ကို download လုပ်ပြီး
သိမ်းလို့ ရပါတယ်...ipad ပေါ်မှာသူများပို့ လိုက်တဲ့ excel ဖွင့်ဖို့ application
မရှိဖူးလားစိတ်မပျက်ပါနဲ့ gmail ၀င်လို့ ရရင်google documents သုံးလို့ ရတယ်
ဗျ....linux နဲ့ သုံးပြီး သူများပို့ ထားတဲ့ excel ကိုလည်း google documents
နဲ့ ကြည့်လို့ edit လုပ်လို့ ရတယ်ဗျာ.....
ဒါပေမဲ့ သူ့ ကိုသုံးဖို့ လိုအပ်ချက်လေးတွေရှိတယ်....
အဲဒါတွေကတော့
  • အင်တာနက်ရှိရမယ်..
  • gmail account ရှိရမယ်...
အဲဒါဆိုရင် သုံးလို့ ရပါပြီ
အောက်မှာသူ့ ရဲ့ web interface ပုံလေးကိုပါပြပေးလိုက်ပါတယ်...
google documents interface
သြော်...သူကနေပြီး share လုပ်လို့ လည်းရသေးသဗျ....gmail account
ရှိတဲ့ကိုယ့်သူငယ်ချင်းတွေကို file sharing လုပ်ပေးလိုက်ရင် ကိုယ်
share လိုက်တဲ့သူတွေဆီလည်းရောက်သွားကော...
ကျွန်တော်စမ်းကြည့်တာတော့တော်တော်အဆင်ပြေပါတယ်....
line သိပ်မငြိမ်တဲ့နေရာတွေမှာတောင်သူကအလုပ်ဖြစ်တယ်.......
အားလုံးစမ်းသပ်ပြီးအဆင်ပြေနိုင်ကြပါစေ....
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...