ကျွန်တော့်ချစ်သူနဲ့ ကျွန်တော်တစ်ယောက်တစ်နေရာစီဝေးနေပေမယ့်လည်းစိတ်ထဲမှာ သူအမြဲ
တမ်းရှိနေတဲ့ကျွန်တော့်ခံစားချက်နဲ့ တိုက်ဆိုင်လို့ ဒီသီချင်းလေးကိုတင်ပေးလိုက်တာပါ.....
Valentine's Day မှာချစ်တဲ့သူတိုင်းအားလုံး ..အာလုံးပျော်ရွှင်ကြည်နူးနိုင်ကြပါစေ
ဘ၀တစ်သက်တာမှာဒီအချိန်လေးကပျော်စရာအကောင်းဆုံးအချိန်လေးအဖြစ်
နဲ့ အားလုံးဒီအချိန်လေးကိုတန်ဖိုးထားပြီးအမှတ်တရလေးတွေဖြစ်နိုင်ကြပါစေဗျာ...
ကျွန်တော်ကတော့အဝေးတစ်နေရာကနေပဲအရင်နှစ်တွေတုန်းကအချိန်လေးတွေ
ကိုပြန်တွေးရင်းနဲ့ ပဲ......
(အရင်တုန်းက ဒီနေ့ ဆိုရင်အလုပ်ပိတ်ပိတ်မပိတ်ပိတ် ရုံးမတက်ပဲနဲ့ သူနဲ့ အတူ
ဒီနေ့ မှာအတူတူရှိပြီးအတူတူအမှတ်တရ Valentine အချိန်လေးတွေကိုဖန်တီး
ခဲ့ကြတာ နှစ်တိုင်းလိုပါပဲဗျာ။)
:)
ဒါလေးကတော့ကျွန်တော်သူ့ ကိုပြောချင်တဲ့ expression လေးပါ ...
နားလည်မှုနဲ့ အတူနွေးထွေးတဲ့ချစ်သူဘ၀လေးကိုတည်ဆောက်နိုင်ကြပါစေဗျာ။
ပျော်စရာ Valentine's Day 2012 ဖြစ်ပါစေ......

No comments:
Post a Comment