Monday, May 14, 2012
offline gmail ကို chrome နဲ့ သုံးကြမယ်...
ခေတ်စားလာတဲ့ Android OS သုံး devices တွေ( Android Tablet, Android Phones)
တွေမှာလည်း Web Surfing လုပ်ဖို့ အတွက်ကို google chrome ကိုထည့်ပေးထားပါတယ်...
နောက်ပြီးတော့ PC မှာ mozilla ကိုနှေးကွေးလေးလံလို့ အသုံးပြုရတာစိတ်ပိန်နေတဲ့သူတွေ
Mozilla ကို Update လုပ်လိုက်တော့ IDM add-ons လေးတွေပျက်သွားလို့ စိတ်ညစ်နေရတဲ့
သူတွေ...နောက် tabs တွေအများကြီးဖွင့်ပြီးသုံးချင်သူတွေအတွက်....* Mozilla က tab 7 ခု
ထက်ပိုဖွင့်ရင် hang သွားကော....ဒါတွေကိုမကြုံချင်တော့ရင် Chrome လေးရှိတယ်နော်
Google Chrome လေးကတော့ app လေးကိုဒေါင်းရတယ်...ပြီး၇င် online ကနေ installed
သူ့ ရဲ့ Web Store ဆိုတာလေးကနေပြီးတော့ကိုယ်သုံးချင်တဲ့ Applications တွေ ..games
တွေထည့်သွင်းအသုံးပြုလို့ ရပါတယ်....browser base apps လေးတွေကိုစိတ်တိုင်းကျအသုံးပြု
ခွင့်ရှိသလို open source (linux core )ဖြစ်တဲ့အတွက် developer mode နဲ့ ကိုယ်အသုံးပြုချင်တဲ့
ပုံစံအနေအထားတွေကိုအသုံးပြုနိုင်ပါတယ်...ကျွန်တော်ကတော့ chrome ကိုကြိုက်တာကတော့
Proxy setting တွေကို IE မှာတစ်ခါတည်းပြင်ထားရင် Chrome မှာပြင်စရာမလိုသလို browser
boot up time ကလည်း မော်ဇီလာလိုမဟုတ်ပဲသွက်လက်မြန်ဆန်လွန်းလို့ ပါ....
Offline Gmail ဆိုတာကိုကျွန်တော်နားလည်သလောက်ပြောရမယ်ဆိုရင်တော့ဟိုးအရင်တုန်းက
mail ဆိုတာလေးရှိတယ်ဗျာ...သူကတော့ online ဖြစ်နေချိန်( Dial-up Internet , ADSL Internet,
ပြီးတော့ အဲဒီ mail box ထဲကို တစ်ဖက်ကပို့ တာကို receive လုပ်သလို ကိုယ့်ဘက်က ပို့ စရာရှိတာ
တွေကိုတစ်ခြားတစ်ဖက်ကိုပို့ တယ်ဗျာ...mail Synchronize လုပ်တယ်ပေါ့...အင်တာနက်ဖြုတ်လိုက်
ရင်တော့ အဲဒီ outlook ကိုဖွင့်ကြည့်လိုက်ရင် နောက်ဆုံးကိုယ်ပို့ ထားတဲ့ ကိုယ့်ဆီဝင်ထားတဲ့ Mail
တွေစစ်ကြည့်လို့ ရသလို Print ထုတ်လို့ ၇တယ်.....offline ပါသုံးလို့ ရတယ်ပေါ့.....
အဲနောက်ပိုင်း Web Mail တွေထွန်းကားလာတော့ hot shot ဖြစ်တာကတော့ gmail ပေါ့...နာမည်
ကျော်သလောက်လည်းကောင်းတယ်ဗျ....သို့ သော်...Web Mail ဆိုတာက Web Server မှာတင်
ကိုယ့် login security နဲ့ mail box , mail Quota တွေကိုသတ်မှတ်ထားတာဖြစ်လေတော့တစ်ခါ
တစ်လေအလုပ်ရဲ့ လိုအပ်ချက်အရ Offline သုံးချင်တယ်ဆိုရင်အဆင်မပြေပြန်တော့ဖူး...ဒါကြောင့်
နောက်ပိုင်းမှာ web mail တွေကို offline ဖတ်လို့ ရအောင်ကြံဆလာကြတယ်...အရင်က outlook
တို့ microsoft outlook တို့ နဲ့ Pop3 mail သုံးသလို ခုတော့ browser တွေနဲ့  web mail ကို
offline သုံးရအောင်ကြံဆလာကြတယ်....ဒီလိုနဲ့ ပဲ Firefox နဲ့ offline သုံးလို့ ၇လာခဲ့ပါတယ်....
Google lab ကလည်းအသစ်အသစ်သော functions တွေနဲ့ သူ့ ရဲ့ နာမည်ကျော် gmail ကိုမွမ်းမံ
လာခဲ့တာဒီနေ့ အထိပါပဲ....ဒါပေမဲ့ firefox နဲ့ offline gmail သုံးဖို့ ကတော့အကန့် အသတ်တွေ
ရှိတယ်ဗျ.... mail setting မှာ offline သုံးမယ်ဆိုတာရွေးပေးရတယ်...နောက် google gear ထည့်
ပေးရတယ်..နောက် mail sync လုပ်ရသေးတယ်...( အဲဒီ sync ကလည်း con ကောင်းရင်ကောင်း
သလိုမကောင်းရင်မကောင်းသလို)ကြာတတယ်တယ်...
ခုတော့ google chrome က သူ့ web store ထဲမှာ offline gmail လေးကို installed လုပ်ပြီးရင်
chrome ထဲမှာ sign in လုပ်ထားလိုက်.....ကွန်ရှိနေသမျှဆွဲပြီးတော့ offline ကျရင်ဖတ်လို့ ရပြီ....
တစ်ကယ်လို့ offline mode မှာ မေးလ်ပို့ မယ်ဆိုရင်လည်း mail ကိုရေးထားပြီး sent လိုက်မယ်ဆိုရင်
online ဖြစ်တဲ့အချိန်မှာအဲဒီ mailကထွက်သွားပြီ...အဲဒါကတော့ကျွန်တော်စမ်းဖူးပါတယ်....
အဆင်လည်းပြေပါတယ်....IT ကိုစိတ်ဝင်စားတဲ့ကျွန်တော့်ဘော်ဘော်တွေလည်းစမ်းလို့ ရအောင်
ဒါလေးကိုတင်လိုက်ပါတယ်...
offline အနေနဲ့ mail တွေကိုဖတ်နိုင်တယ်....လုပ်စရာရှိတာတွေကိုလည်းလုပ်နိုင်တယ်....
နောက်ပြီးအထောက်အထားအနေနဲ့ လည်းကြည့်လို့ ရတယ်.....ကိုယ်စိတ်ကူးရှိရင်ရှိသလိုအသုံးတည့်
ှမှာပါ...ကျွန်တော်ကတော့ဒါလေးကိုသုံးပြီးစမ်းထားတာလေးမို့ လို့ ဝေမျှလိုက်တာပါ...
အားလုံးပဲအဆင်ပြေကြပါစေဗျာ
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...