![]()  | 
Pre-paid Phone Card ဆိုတာဘာလဲ?
အရိုးရှင်းဆုံးပြောရရင်တော့
Pre-Paid Card ဆိုတာ ရောင်းတဲ့တစ်နေရာရာ(စတိုးဆိုင်၊ဖုန်းဆိုင်၊super market ,……)ကနေ၀ယ်ယူထားပြီးCall
minutesသတ်မှတ်ထားတဲ့ဂဏာန်းတွေပါဝင်တဲ့ကတ်အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ဒီကတ်ထဲမှာတော့ပိုက်ဆံတန်ဖိုးတွေပါဝင်ပါတယ်(စကားပြောလို
့ရတဲ့ အချိန်တွေကို Bill ကြိုရှင်းထားတဲသဘောပေါ့)တကယ်တော့ ဒီ Pre-paid Phone Card ဆိုတာက
ကတ်ထုတ်လုပ်သူဆီကနေ telephone service (call,receive,message,….) တွေကို advance (ကြိုတင်ပေးငွေ)
အနေနဲ့  
account ဖွင့်ပြီး ပေးထားတဲ့နည်းစနစ်တစ်မျိုးဖြစ်ပါတယ်။(ဥပမာ- MPT ကထုတ်တဲ့
MPT Phone Pre-paid Cards, Redlink ကထုတ်တဲ့ Wi-Fi net-now Wireless Pre-paid Card,
Yatanarpon ကထုတ်တဲ့ Dial-up Access Kit  )
![]()  | 
| MPT -GSM Pre-paid Card | 
![]()  | 
| MPT CDMA 800 Pre-paid Card | 
![]()  | 
| MPT CDMA 450 Card | 
Pre-paid
Phone Card အမျိုးအစားက နှစ်မျိုးရှိပါတယ်….ပထမတစ်မျိုးက Disposable ဖြစ်ပြီးတော့
Recharageable ဖြစ်ပါတယ်…..ပထမအမျိုးအစားဖြစ်တဲ့ Disposable က call minutes သတ်မှတ်ထားတဲ့ဂဏာန်းတွေကိုတစ်ခါထည့်သုံးပြီးရင်လွှင့်ပစ်ပေါ့……နောက်တစ်ခါသုံးချင်ရင်နောက်တစ်ကတ်ထည့်သုံးပေါ့….ဖုန်းနံပါတ်ကအသေမရှိဖူးပေါ့ဗျာ……(ဥပမာ-
FEC 20 တန်ဖုန်းကတ်တွေပေါ့) ၊ ရောက်တဲ့နေရာမှာဝယ်ထည့်၊ကုန်အောင်သုံး၊ပြီးရင်လွှင့်ပစ်၊ကုန်ရင်နောက်တစ်ကတ်ထည့်သုံး…အဲလိုမျိုးပေါ့။
Recharageable ဆိုတာကတော့ကတ်ဝယ်ပြီး call minutes ဂဏာန်းတွေဖြည့်ရင် call minutes တွေတိုးလာတာမျိုးပါ။ဥပမာပြောရရင်ကိုယ့်ဖုန်းထဲမှာ
ပိုက်ဆံလက်ကျန်နည်းနေပြီဆိုရင် အဲဒီ Recharageable ကတ်ထည့်လိုက်..ကိုယ့် call
minutes ထပ်တိုးလာမယ်….credit ထပ်တိုးတဲ့သဘောမျိုးပေါ့….နံပါတ်အသေ မှာ call
minutes ကိုပဲသတ်မှတ်ထားတာဖြစ်ပါတယ်….ကျွန်တော်တို့ နိုင်ငံမှာသုံးတဲ့ Pre-paid
Phone စနစ်ကတော့ ဒုတိယအမျိုးအစားဖြစ်တဲ့ Recharageable အမျိုးအစားဖြစ်ပါတယ်……(MPT
GSM, MPT CDMA 450 MHz, MPT CDMA 800MHz)
![]()  | 
| (1) Disposable Card အမျိုးအစားအားတွေ့ ရပုံ | 
![]()  | 
| (2)Rechargeable Phone Card အားတွေ့ ရပုံ | 
Pre-paid Phone Card တွေဘယ်လိုအလုပ်လုပ်ကြလဲ?
သင်ဟာ
Pre-paid Pone Card ၀ယ်မယ်ဆိုရင် ကတ်ပေါ်မှာ သီးသန့်  PIN (Personal Identify Number)
Number နဲ့ Toll-free Access Number တို့ ပါဝင်ပါတယ်…ကိုယ်ကအဲဒီကတ်ကိုသုံးဖို့ ဆိုရင်
Call ကိုနှိပ်ပြီး PIN ထည့်ပြီး သတ်မှတ်ထားတဲ့ Toll-free Access Number ကိုခေါ်ပါ။(ခေါ်ပုံခေါ်နည်းကတော့
GSM ဆိုရင် *124#(message) ဖြစ်ပြီး CDMA ဆိုရင်တော့ *161(voice),*162(message) တို
![]()  | 
| GSM ငွေဖြည့်ကတ်တွင်ငွေဖြည့်နည်းအားဖော်ပြထားပုံ | 
![]()  | 
| CDMA ငွေဖြည့်ကတ်တွင်ငွေဖြည့်နည်းဖော်ပြထားပုံ | 
အခြားနိုင်ငံတွေမှာဆိုရင်တော့သက်ဆိုင်ရာသတ်မှတ်ထားတဲ့ဂဏာန်းသင်္ကေတတွေနဲ
့ဖြစ်ပါလိမ့်မယ်)အဲသလို Toll-free Access Number ကိုခေါ်လိုက်လို့ ရှိရင် Pre-paid
Card ထုတ်လုပ်တဲ့ Service Provider (မြန်မာပြည်မှာတော့ MPTပေါ့, နိုင်ငံခြားမှာတော့
third-party တွေများတယ်) ဆီမှာရှိတဲ့ Computer ဆီကိုရောက်သွားကိုရောက်သွားပါတယ်၊(တစ်နည်းအားဖြင့်ပြောရရင်တော့
Pre-paid စနစ်အတွက်အသုံးပြုတဲ့ computer ဆီရောက်သွားတာပါ….အဲလိုနဲ့ ချိတ်ဆက်မိသွားလို
့ရှိရင်သင့်ပိုက်ဆံလက်ကျန်ဘယ်လောက်ရှိလဲဆိုတာကိုအဲဒီ computer ကပြန်လည်ဖြေကြားပေးတဲ့စနစ်ဖြစ်ပါတယ်။အဲဒီနောက်မှာတော့သင်ဖုန်းခေါ်ချင်တဲ့ဆီဖုန်းခေါ်စနစ်အသုံးပြုလို
့ရပါပြီ။
အဲဒီ
minutes စုစုပေါင်းကနေ အသုံးပြုချိန်ကိုနှုတ်ပြီးတော့လက်ကျန်ရှိတဲ့ call minutes ကိုတွက်ချက်ပေးပါတယ်။ကတ်ကိုမိနစ်ကုန်ဆုံးချိန်အထိအသုံးပြုပြီးတဲ့နောက်မှာတော့မိနစ်ထပ်တိုးဖို
့အတွက်ကတ်သစ်ထပ်ဖြည့်ပြီးရင်ကတ်ကိုစွန့် ပစ်ရုံပါပဲ။ 
Pre-paid
ဖုန်းဆက်ဖို
့အတွက်ငွေအကြွေစေ့လဲလှယ်ရခြင်း၊အကြွေစေ့ဆောင်ရခြင်းကင်းဝေးစေပါတယ်။
သီးခြားဂဏာန်းနဲ
့Account လေးတစ်ခုပါတဲ့ကတ်လေးဆိုတော့အလွယ်တကူဝယ်ယူလို့ ရပါတယ်။
သမားရိုးကျ
Post Paid တွေထက်ကိုဈေးသက်သာပြီးသုံးရအဆင်ပြေပါတယ်။
ကိုယ်တစ်ယောက်တည်းသိတဲ့
PIN code တွေနဲ့ ထည့်သွင်းအသုံးပြုထားတာဖြစ်လို့  ကိုယ်မသိပဲနဲ့  call တွေခေါ်ဆိုခွင့်မရှိပါဖူး….လုံခြုံမှုစနစ်လည်းကောင်းတယ်။(ဆိုလိုတာကဖုန်းလိုင်းပွားသုံးတာတို
့…ဖုန်း SIM ကတ်ပွားသုံးတာတို့ လုပ်ထားခဲ့ရင်တောင်အဲဒီ PIN မရှိရင်သုံးလို့ မရပါ)
ပထမဆုံးခေါ်ဆိုချိန်ကို
အပိုဆောင်းငွေပေးစရာမလိုသလိုအခွန်အတွက်ကိုလည်းကတ်တန်ဖိုးထဲမှာတစ်ခါတည်းထည့်သွင်းထားပြီးသားဖြစ်ပါတယ်။
ဘာတွေကိုဂရုပြုထားသင့်သလဲ?
(Pre-paid Card Phone အားနည်းချက်များ)
ကတ်သက်တမ်းမကုန်ဆုံးခင်မှာပဲ
ကတ်ကအလုပ်မလုပ်တော့ဖူး။ (ဒါမျိုးကတော့ကျွန်တော်တို့ ဆီမှာဖြစ်လေ့ဖြစ်ထရှိပါတယ်။)
ကျွန်တော်တို့ နိုင်ငံမှာတော့သိပ်မကြားမိသေးပါ)
တစ်ခါတစ်လေကျရင်
Phone service နှေးသွားတာတို့ …အသံမကြည်..လိုင်း Detection အားနည်းတာတို့ ဖြစ်တတ်ပါတယ်။
အချို့ သော
ကတ်တွေမှာခြစ်ရတဲ့ခဲတွေပျက်တာတို့ ……ခဲခြစ်ကြမ်းလို့ ဂဏာန်းတွေပျက်စီးသွားတာ……)
ကတ်သက်တမ်းကုန်ဆုံးရက်ထက်ကိုစောပြီး
expire ဖြစ်သွားတာ (ခဏခဏကြားရပါတယ်)
PIN (သို
့) Toll-Free Access Number က အလုပ်မလုပ်တာတို့ ၊ Access Number က busy ဖြစ်နေလို့ ထည့်မရ
၊သုံးမရဖြစ်တာတွေ
Customer
Service Number က busy ဖြစ်တာ(သို့ )အလုပ်မလုပ်တာ
ကြော်ငြာသတ်မှတ်ထားပေးတာထက်ကိုပိုတဲ့ဝယ်လိုအားကြောင့်(
လူတွေကတ်များများဝယ်တော့) ဈေးကွက်မှာကတ်တွေဝယ်မရဖြစ်တတ်တာ
Hidden
Connection Charges (Internet အသုံးပြုခတွေ),အခွန်တွေနဲ့ အပိုဆောင်းငွေတွေကိုကိုယ်သုံးသလောက်ကိုယ့်ရဲ
့call minutes ထဲကဖြတ်ဖြတ်သွားတာ
နောက်တစ်ခုကကတ်ထည့်ထားပြီးသတ်မှတ်ထားတဲ့
ကာလအတွင်းမှာမသုံးမိပဲကျော်သွားရင်လည်းပြန်အမ်းငွေမရှိပါ….(ကတ်ထည့်ထားပြီးသုံးရင်သုံး၊မသုံးရင်ဆုံးပေရော
့ပဲ)
ဘယ်လိုစိတ်ချရအောင်လုပ်သင့်လဲ?
ကိုယ်ဖုန်းဝယ်မယ့်
company ကထုတ်တဲ့ Pre-paid Phone Card တွေဟာ PIN Number တွေ, Toll-Free တွေတကယ်အလုပ်လုပ်မလုပ်..ကတ်ပေါ်မှာသူတို
့ကိုဆက်သွယ်ရန်တို့ ပါမပါစစ်ပါ။တကယ်လို့ ကတ်ပေါ်မှာသူတို့ ကိုဆက်သွယ်ရန်လည်းမပါဖူး၊
Toll-Free Number ကလည်းအလုပ်မလုပ်ဖူးဆိုရင်တော့ကိုယ်ပဲတိုင်ပတ်မှာလေ..ဒီတော့သိပ်အခြေအနေမဟန်ရင်ဝယ်မသုံးပါနဲ
့(နိုင်ငံခြားမှာပြောပါတယ်…နိုင်ငံခြားမှာကကတ်ဖုန်းတွေပေါများတာကိုး..ဒီမှာကတော့
MPT ပဲရှိနေတော့ ….)နောက်ပြီးတော့သူတို့ တွေဟာ ၂၄ နာရီဝန်ဆောင်မှုရှိမရှိ…..activation
fee ပေးဖို့ လိုမလို…..ကိုယ်မထည့်ရသေးပဲနဲ့ ကတ်ပျောက်သွားခဲ့ရင်အစားထိုးပေးဖို့ ရှိမရှိ…..တစ်မိနစ်ကိုဘယ်လောက်ကျသလဲ…..expire
ဝယ်ယူသင့်ပါကြောင်းရေးသားတင်ပြလိုက်ရပါတယ်…..
အားလုံးပဲပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေ….
No comments:
Post a Comment