အဟဲ...ကျွန်တော့် network ကစက်အလုံးအရေအတွက်နည်းပေမဲ့ ( ၈၀ လောက်ပဲရှိတော့)
network traffic ကမနည်းဘူးဗျ.....online သုံးတဲ့ TCP Packets တွေကော....\\server
ခေါ်ယူသုံးကြတဲ့...share printer မျှဝေသုံးကြတဲ့ .....နောက် share folder နဲ့ file တွေကို
သုံးကြတဲ့ UDP Packets တွေကော........Packets Analyzer ဆော့ဖ်ဝဲတွေနဲ့ စစ်မယ်ဆိုရင်
Packets ပေါင်းသန်းကျော်မယ်ထင်တယ်.....ထားပါတော့....Multi-Function-Printer(MFP)
တစ်လုံးကိုကျွန်တော့် network ထဲမှာသုံးထားကောဗျ....ကျွန်တော်ကတော့အရင်တုန်းက
သုံးတဲ့သူနည်းတော့ရိုးရိုးလေးပဲချိတ်ဆက်ထားပေးတာပေါ့...အဲဒီတုန်းကအဆင်ပြေတယ်...
နောက်ပိုင်းသုံးတဲ့သူတွေများလာသလို Print Right ရတဲ့သူတွေကလည်းများလာတော့
Domain Network တွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း Print error တွေရံဖန်ရံခါဆိုသလို
ဖြစ်လာရော.....
ပထမတော့ကျွန်တော်လည်း Client တွေရဲ့ windows os တွေမတူလို့ ဖြစ်မယ်ပေါ့....
ကျွန်တော့် network ထဲမှာ Windows XP ကော...Windows Vista ကော...Windows 7
ကော..နောက် policy မတူညီတဲ့စက်တွေ....Laptop တွေနဲ့ ဆိုတော့..ကျွန်တော်လည်း
ပထမတော့ OS တွေမတူလို့ ဖြစ်တယ်လို့ ထင်တာပေါ့ဗျာ....ဘာလို့ လဲဆိုတော့ widows 7
နဲ့ windows server 2008 မှာရေးထားတာတွေက network discovery နဲ့  link layer
topology discovery mapper နဲ့ responder ပါတော့ xp ထက်ကို Optimized ဖြစ်ပြီးတော့
LAN access မှာများသက်ရောက်မှုရှိသလားလို့ ပေါ့လေ........ဖြစ်တာကလည်း windows 7
တွေမှာကအကောင်း...xp တွေမှာသာ network printer ခေါ်သုံးရင် error တက်တဲ့ကောင်
ကတက်တယ်...ရတဲ့ကောင်ကလည်းရတစ်ချက်မရတစ်ချက်နဲ့ ....connect လုပ်ရင်တော့
ရတယ်......ကျွန်တော်လည်း ဒီ error ကိုဖြေရှင်းဖို့ စဉ်းစားရင်းနဲ့  Print Server လုပ်
ဖို့ စိတ်ကူးရတယ်ဗျ.....(ဟုတ်တယ်လေ....share printer သုံးကြတာ...၁၀ ယောက်ထက်
ကျော်ပြီဆိုတော့ Print server လုပ်သင့်နေပြီပေါ့..ဒါမှလည်း Printer ကို management
လုပ်ပြီး user တွေကို right တွေနဲ့ ပေးသုံးလို့ အဆင်ပြေတော့မှာ)
ဒါနဲ့ ပဲ Print Srever လုပ်ပြီးတော့ client တွေကိုချိတ်ပေးလိုက်တာ..အဆင်ပြေသွားကောဗျာ...
ကျွန်တော်လုပ်တဲ့ print server ကတော့ windows sever 2003 မှာပါတဲ့ Print server
ကို လုပ်လိုက်တာပါ....ဒါပေမဲ့ခုဈေးကွက်ထဲမှာတော့ Hardware print server တွေလည်းရှိ
တယ်ဗျ.......တစ်ချို့ ဆိုရင် device သေးသေးလေးတွေနဲ့ ...ဘာပဲဖြစ်ဖြစ်...ကိုယ်က hard copy
တွေများများထုတ်ရတဲ့လုပ်ငန်းခွင်မျိုးဆိုရင်တော့ print server လေးလိုအပ်ပါတယ်.....
ကျွန်တော်ကတော့ print server နဲ့ အဆင်ပြေသွားခဲ့ပါတယ်.....အားလုံးလည်းစမ်းသပ်ကြည့်
ကြပါအုံးနော်....
![]()  | 
| linksys Print server | 
အားလုံးပဲပညာဗဟုသုတကြွယ်ဝပြီးအဆင်ပြေနိုင်ကြပါစေဗျာ...




No comments:
Post a Comment