တစ်ခါတစ်လေ USB port ကနေ ပြီးတော့ မလိုလားအပ်တဲ့ virus ၀င်တာတို့ ...နောက်ပြီး data တွေကို
ကိုယ်မသိပဲခိုးယူခံလိုက်ရတာတို့ (usb theft software) တို့ နောက် ethic မရှိတဲ့ လူတွေကကိုယ့်
Computer ကိုအလွဲသုံးစားအသုံးပြုခြင်းမှကာကွယ်ဖို့ အတွက် USB port ကိုပိတ်ထားချင်တယ်...နောက်တစ်ခုက ကိုယ့် network (ကိုယ့် အင်တာနက်ဆိုင်ပဲဖြစ်ဖြစ်၊ကိုယ့်ရုံးမှာပဲဖြစ်
ဖြစ်ပေါ့) အခြားသော USB devices တွေကိုအသုံးပြုခွင့်ကန့် သတ်ထားချင်တယ်ဆိုရင် ( ဥပမာ- printer, scanner, USB thumb drive, USB Camera(Webcam),Camcorder,Digital Camera,....)တွေကိုပေါ့ဗျာ.
အသုံးပြုခွင့်ပိတ်ထားချင်တယ်ဆိုရင်တော့ .......
ကိုယ့် client pc (ကိုယ်သတ်မှတ်မယ့် pc ပေါ့) ကိုသွားပါ။
ပြီးရင် Admin Account နဲ့ login ၀င်ပါ။
Start > Run > regedit ကိုရိုက်ထည့်လိုက်ပါ။
ပြီးရင်တော့
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\USBSTOR ကိုရှာပါ။
ပြီးရင်
BootFlags နဲ့ Start မှာ
REG_DWORD Value ကို 3 ရိုက်ထည့်လိုက်ပါ။ ပြီးရင် OK ပေါ့။နောက်ပြီးတော့စက်ကို reset ချလိုက်ပါ။
နောက်တစ်နည်းကတော့
အဲ...နည်းပညာကျွမ်းကျင်သူပညာရှင်များအနေနဲ့  အောက်ပါလမ်းကြောင်းများမှာ
C:\Windows\Inf\Usbstor.pnf
C:\Windows\Inf\Usbstor.inf
ိdeny permission လုပ်ပစ်လိုက်ရင်ပြီးသွားပါပြီ။တကယ်လို့  Folder Option မှာ Permission မမြင်ရလို့ 
ရှိရင်
"Hide protected operating system files (Recomended)" ဒါလေးကိုရှာပြီး check box ဖွင့်လိုက်ရင်လုပ်လို့ ရပါပြီ။
ဒါဆိုရင် USB port ကိုပိတ်ထားလိုက်နိုင်ပါပြီ။ကိုယ့် User တွေ ဒါဆိုရင် အဲလိုမျိုး device တွေအသုံးပြုခွင့်
မရှိတော့ပါဖူး။တကယ့် Real Enterprise Network ကြီးတွေမှာ CD/DVD Drive & Disk တွေ, USB devices တွေဆိုတာ အသုံးပြုခွင့်ကိုစိစစ်ကန့် သတ်ထားလေ့ရှိပါတယ်။ကျွန်တော်ရေးတာတစ်စုံတစ်ရာ
ကောင်းကျိုးအတွက်ပဲရည်ရွယ်ပါတယ်။ဒါကြောင့်အလွဲသုံးစားမပြုမိဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျား။
အားလုံးပဲအဆင်ပြေပြီးကောင်းကျိုးလိုရာဆန္ဒတွေတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။


No comments:
Post a Comment