Monday, August 27, 2012

Android Virus တစ်မျိုး.....Loozfon Trojan

Japan အမျိုးသမီးတစ်ယောက်သုံးနေတဲ့ဖုန်းထဲမှာ Loozfon Trojan တစ်မျိုး ကို symantec မှ Network Security သုတေသီတွေ တွေ့ ရှိပြီးဖော်ထုတ်နိုင်ခဲ့ပါတယ်။အဲဒီ Trojan ဟာ Information တွေ
( ဖုန်း(သို့ ) tablet တွေကအချက်အလက်တွေအားလုံးကို) ခိုးယူနိုင်စွမ်းရှိပြီးမကြာသေးခင်ကမှ
 Symantec ကထုတ်ဖော်နိုင်ခဲ့တာဖြစ်ပါတယ်။( Symantec ကတော့အများသိကြတဲ့အတိုင်း
နာမည်ကြီး Norton Antivirus ကိုထုတ်လုပ်တဲ့ Company ဖြစ်ပါတယ်။ )

Cyber criminals တွေဟာနည်းလမ်းအမျိုးမျိုးနဲ့  user တွေကို malware application တွေကို ဖုန်းတွေ
tablets တွေထဲမှာ installed လုပ်ဖို့ မြှုဆွယ်လေ့ရှိပါတယ်။ ဒီလိုပုံစံအများစုကို porn site တွေမှာတွေ့ 
ရတတ်ပြီး အဲဒီ site တွေဟာ virus အမျိုးအစားပေါင်းများစွာကို ဖြန့် ဝေပေးတဲ့နေရာလည်းဖြစ်လို့ နေပါ
တယ်။

ဒီလို site တွေဟာအမျိုးသမီးတွေထက်အမျိုးသားတွေကိုပိုမိုဆွဲဆောင်တဲ့အတွက် (ဘယ်အမျိုးသမီးမှ
porn site ကိုမကြည့်ကြပါ။) Scammer လို့ ခေါ်တဲ့ Hacker တစ်မျိုးတွေဟာ ဒီsite တွေမှာ ကြော်ငြာတွေ
အသွင်နဲ့ နေရာယူထားကြပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့ topics တွေနဲ့ လည်းဆွဲဆောင်လေ့ရှိပြီး
(ဥပမာ....အွန်လိုင်းကနေ Money ဘယ်လိုရှာနိုင်လဲ။ကောင်မလေးချောချောလေးတွေ နဲ့ ဘယ်လို..ဘာညာပေါ့ဗျာ နောက်ပြီးတော့ software လေးတွေထည့်ထားရင်
ဘယ်လိုအကျိုးရှိနိုင်တယ်....) အမျိုးသားတွေဟာသူတို့ ပစ်မှတ်တွေဖြစ်လို့ နေပါတယ်။

ဒီ virus ကတော့ အဲလိုမျိုး online ကနေငွေဘယ်လိုရှာမလဲဘာညာစိတ်ဝင်စားအောင်ကြော်ငြာထားတော့
user ကသိချင်စိတ်နဲ့ နှိပ်ကြည့်၊အချက်အလက်ဖြည့်ခိုင်းပြီးတော့။ email link ကို mail ထဲပို့ 
လေရော...အဲဒီမှာ user က အဲဒီ link ကိုနှိပ်လိုက်တာနဲ့ Loozfon trojan ကစက်ထဲ (ဖုန်း (သို့ ) tablets ထဲရောပေါ့...ဖုန်းတို့ tablets တွေနဲ့ သုံးရင်လည်းဒီလိုပဲ) မှာနေရာယူပြီးတော့ application တစ်ခုအဖြစ်
စက်ထဲမှာ run နေပါလေရော။







Loozfon က ဖုန်းထဲမှာထည့်ထားတဲ့ ဖုန်းနံပါတ်တွေ၊contacts တွေနဲ့ အချက်အလက်တွေအားလုံးကိုခိုးယူ
ပြီး hacker ဆီကိုပို့ ပါတယ်။ ပြီးတော့ သူခိုးယူလို့ ရထားတဲ့ contacts တွေကိုဆီကို online dating တို့ လို
online money making တို့ လိုမျိုးနဲ့ လည်း email တွေပို့ ပြီး အဲဒီ email တွေကိုဖွင့်မိတာနဲ့ Trojan ကို
အသက်ဝင်စေဖို့ ဖန်တီးထားကြောင်းကိုလည်း Symantec က Network Security သုတေသီကပြောဆို
ခဲ့ပါတယ်။

1 comment:

Anonymous said...

အကိုခင်ဗျာ... ဒီပို့လေးကို ကြိုက်လွန်းလို့ ကူးယူသွားပါတယ်... မူရင်းလိပ်စာလည်း ထည့်ထားပါတယ်... ကျေးဇူးပါခင်ဗျာ...

ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...