Thursday, August 16, 2012
APN တစ်ခုဆောက်ပြီး Internet သုံးကြစို့ 
ကျွန်တော်ခု ရေးထားတာလေးကတော့ huawei C8650 Android 2.3.3 ပေါ်မှာအခြေခံပြီး APN တည်ဆောက်တဲ့နည်းကိုရေးသားထားတာဖြစ်ပါတယ်။ ဒါပေမဲ့ Android သုံးတဲ့ ဘယ် smart phone မှာမဆိုဒီနည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။ ဆိုလိုတာက GSM ကဒ်နဲ့ Android Handset ( ဥပမာ....Samusng Galaxy တို့ ....HTC တို့ ...Huawei တို့ )ပဲဖြစ်ဖြစ် CDMA 800 support လုပ်တဲ့
CDMA Android handset တွေပဲဖြစ်ဖြစ်သုံးလို့ ရပါတယ်။ တစ်ချို့ နေရာလေးတွေနည်းနည်းကွဲပြား
ပေမယ့်သဘောတရားကတော့အတူတူပဲဖြစ်ပါတယ်။
တစ်ချို့ ဖုန်းတွေမှာပါတတ်တဲ့ 2G ပါ...
အဲဒါဆိုရင်2G ကိုဖြုတ်လိုက်ရင် 3G ဖြစ်ပါတယ်။နောက်တော့မှ2G နဲ့ 3G ဘယ်လိုကွာခြားလဲဆိုတာ
ထပ်ရေးသားပေးပါဦးမယ်။ကျွန်တော်တို့ ကအခု Android 2.3 နဲ့ internet သုံးဖို့ APN ဆောက်ကြမှာ
ဆိုတော့ ကိုယ့်ဖုန်းလိုင်းကဒ်ကို internet ဖွင့်ဖို့ MPT မှာလုပ်ရပါမယ်။ ရလာပြီးပြီဆိုရင်တော့
ဖုန်းထဲကိုလိုင်းကတ်ထဲ့ပြီးဖုန်းကိုဖွင့်လိုက်ပါ။
ကဲ..ဖုန်းပွင့်လာပါပြီ။
 ပြီးရင်ဖုန်းရဲ့ setting ထဲကိုသွားပါ။
အဲဒီမှာ wireless & networks ထဲကိုဝင်ပါမယ်။အဲဒါဆိုရင်ဒီလိုပုံလေးဖြစ်လာပါမယ်။
အဲဒီ menu မှာတော့ Wi-Fi settings ဆိုတာက ဖုန်းရဲ့ Wi-Fi ကိုဖွင့်ပြီးတော့ Wireless AP တစ်ခုခု ချိတ်ပြီးအင်တာနက်သုံးတာဖြစ်ပါတယ်။ Bluetooth ကတော့ ဖုန်းအချင်းချင်းနဲ့ ဖုန်း+computer ကို wireless နည်းနဲ့ data တွေပို့ တာဖြစ်ပါတယ်။ Tethering & Portable Hotspot ကတော့ ကိုယ့်ဖုန်း
အင်တာနက်ကို computer တွေသုံးလို့ ရအောင် share တာပါ။( Tethering အကြောင်းလည်းရေးသား
ခဲ့ပြီးပါပြီ။) ကဲ...ကျွန်တော်တို့ က ဖုန်းကို အင်တာနက်ဖွင့်သုံးမှာဆိုတော့ ခုပုံက အ၀ါရောက်ပြထားတဲ့
mobile networks ထဲကိုဝင်ပါမယ်။
 အဲဒီမှာ data enabled တို့ data roaming တို့ ကိုသုံးဖို့ မလိုသေးပါဖူး။ကျွန်တော်တို့ ကကျွန်တော်တို့ ရဲ့ 
MPT ကဖွင့်ပေးတဲ့ APN ( Access Point Names) ကိုသုံးမှာမို့ လို့ Access Point Names ထဲကိုဝင်ပါမယ်။
နဂို default ပါတဲ့ APN များ
ခုအချိန်မှာ MPT APN ကမရှိသေးပါဖူး။ကျွန်တော်တို့ ဘာသာဆောက်ရမှာဖြစ်ပါတယ်။ ဒီတော့ ဖုန်းရဲ့
Panel ပေါ်က အစင်းကြောင်းလေးကြောင်းနဲ့ menu ကိုနှိပ်လိုက်ပါ။ အဲဒီနေရာမှာ New APN နဲ့ Restore
Default ( နဂိုအတိုင်းပြန်ထားမယ်။အသစ် APN တွေကိုဖျက်မယ်) ဆိုတာပေါ်လာပါလိမ့်မယ်။ကျွန်တော်
တို့ က New APN တစ်ခုဆောက်မှာမို့ New APN ကိုရွေးလိုက်ပါတယ်။ အဲဒါဆိုရင်ဒီလိုလေးဖြစ်သွားပါ  လိမ့်မယ်။
အဲဒီမှာ name ကို mpt လို့ ပေးပါ။ APN ကိုတော့ MPT လို့ ပေးပါ။ ပြီးရင် user name နေရာမှာ ကိုယ်
ကြိုက်တဲ့နာမည်ပေးပြီး @c800.mm လို့ ပေးပါ။(ဆိုလိုတာက mpt မှာ အမည်တစ်ခုအနေနဲ့ ကျွန်တော်
တို့ ဖုန်းက သွားချိတ်မှာမို့ လို့ ဖြစ်တဲ့အတွက် blank ပေးလို့ မရပါဖူး....ဒီတော့ကျွန်တော်က trcnet@c800.mm ဆိုပြီးပေးလိုက်ပါတယ်။ trcnet ဆိုတဲ့နေရာမှာကိုယ်ကြိုက်တဲ့နာမည်ပေးလို့ ရပါ    တယ်။ကျွန်တော်ကဥပမာအနေနဲ့ ပေးတာပါ။) ပြီးရင် password ကိုလည်းကိုယ်ကြိုက်တဲ့ဟာဖြည့်ပေး    လိုက်ပါ။ ပြီးရင်တော့အောက်နည်းနည်းဆင်ပြီး
အောက်ဆုံးနားလေးမှာ Authentication type ဆိုတဲ့နေရာမှာ PAP or CHAP ဆိုတာလေးကိုဖြည့်ပေးပါ။
ကဲ..ဒါဆိုရင်တော့ C800 နဲ့ အချို့ သော Handset တွေမှာအင်တာနက်ရနိုင်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ huawei  C8650 တွေကတော့ တစ်ခုထပ်ဖြည့်ပေးရတယ်။ C8650 တွေဆိုရင်အထက်ပါ values တွေကိုဖြည့် ပေး
ပြီးသွားရင် အောက်နည်းနည်းထပ်ဆင်းလိုက်ပါအုံး။အဲဒီလိုဆင်းလိုက်ရင် အောက်ဆုံးမှာ Prompt passwordဆိုတာလေးကိုတွေ့ ပါမယ်။အဲဒီမှာတော့ #777 လို့ ထည့်ပေးပါ။ပြီးရင်ထုံးစံအတိုင်း save လိုက်ပေါ့။ကဲ...ဒါဆိုရင် C8650 တွေအတွက် APN setting တွေပြီးပါပြီ။
 MPT APN setting တော့ထည့်ပြီးသွားပြီ။ဒီတော့ ခုနက APN Names နေရာမှာ MPT လေးလည်း ၀င်သွားပါပြီ။ အဲဒီ MPT လေးကိုခပ်ကြာကြာလေးဖိလိုက်ရင် စိမ်းပြီး MPT APN လေးက Activate ဖြစ်
သွားပါပြီ။
ကဲ....အင်တာနက်စမ်းကြစို့ ။ back ပြန်သွားလိုက်ရင်
ဒီနေရာကိုရောက်သွားပါမယ်။ အဲဒီမှာ 2G ကိုအမှန်ခြစ်ထားရင်ဖြုတ်ပါ။ ပြီးရင် Data enabled ကို ဖိလိုက်
ရင် အင်တာနက်ရသွားပါပြီ။ ဒီထက်ပိုလွယ်လွယ်သုံးချင်ရင်တော့အပေါ်ဆုံးက Slider bar ကိုဆွဲချလိုက်ရင်
Wi-fi,Bluetooth, Data Switch နဲ့ Auto Rotate ဆိုတာရှိပါမယ်။အဲဒီထဲက Data Switch ကိုဖိပြီးဖွင့်လိုက်
ရင် အင်တာနက်ပွင့်ပါပြီ။ ပြီးရင်တော့ အင်တာနက်သုံးလို့ ရပါပြီ။ပိတ်ချင်ရင်တော့ Slider bar ဆွဲချပြီး
Data Switch စိမ်းနေတာကိုပြန်ဖိပြီးပိတ်လိုက်ရင် အင်တာနက်ပိတ်သွားပြီဖြစ်ပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေဗျာ။ဖတ်ရှုတဲ့အတွက်ကျေးဇူးတင်ပါတယ်။
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...