Monday, August 27, 2012

နားရွက်ပြတ်သောအမေ

တစ်ရံရောအခါက သားအမိနှစ်ယောက်ရှိလေသည်။မိခင်သည်သားငယ်အားချစ်ခြင်းကြီးစွာဖြင့်ငယ်ရွယ်
စဉ်မှစကာအလိုလိုက်ပြီးချစ်လေသည်။သားငယ်သည်ကလေးတို့ သဘာဝ ကျောက်တံ၊ကျောက်သင်ပုန်း၊
အစရှိသည်တို့ ကို သူငယ်ချင်းတို့ ထံမှခိုးယူသည်ကိုမိခင်သိရှိသော်လည်း အပြစ်မမြင်မဆုံးမပဲအားပေး
အားမြှောက်ပြုလေသည်။ ထိုမှတစ်ဆင့်တက်ကာ ရပ်ရွာအတွင်းပစ္စည်းပျောက်သည်ရှိသော်ထိုသူငယ်
ခိုးယူသည်ကို ရပ်ရွာကသိသော်လည်းမိခင်မှာမိမိသားကိုအပြစ်မမြင်မဆုံးမပဲနေလေရာ.....နောက်ဆုံး
ထိုသူငယ်သည်ဘုရင့်ရတနာကိုခိုးယူလေသဖြင့် ဘုရင်မှဖမ်းဆီးပြီးကားစင်တင်ပြီးသတ်စေဟု
အပြစ်ပေးလေသည်။

သို့ ရာတွင်ထုံးစံရှိသည့်အတိုင်းသေခါနီးဆန္ဒတစ်ခုပြောပါဟုဆိုလေရာမိခင်နှင့်တွေ့ လိုကြောင်းပြောလေ
သည်။မိခင်ရောက်လာလေသော်..သားဖြစ်သူမှ" မိခင်အနားသို့ တိုးပါလော့...မိခင်အားမှာကြားစရာရှိ
ပါသည်" ဆိုလေသဖြင့်မိခင်မှ သားအနီးကပ်လာသောအခါ မိခင်နားရွက်ကိုကိုက်ဖြတ်ပြီး " ငယ်စဉ်က
သားမောင်သူတစ်ပါးပစ္စည်းကိုခိုးယူသည်ကိုမိခင်မှမတားမြစ်ပဲနေသဖြင့်ယခုသားမောင်သည်လူသတ်ကုန်း
ကားစင်တွင်သေရပေတော့မည်။မိခင်မဆုံးမသဖြင့်ယခုလိုသေရလေသည်။"

ငယ်စဉ်ကကြားဖူးခဲ့သောပုံပြင်လေးတစ်ပုဒ်ဖြစ်ပေသည်။မိဘတို့ သည် သားသမီးတို့ အားဆုံးမစရာကို
မဆုံးမလျှင်ရန်သူသဖွယ်ဖြစ်တတ်လေသည်။ ယခုခေတ်တွင်သားသမီးများသည် ဆိုဆုံးမလွယ်ခြင်း ဟူသော မင်္ဂလာတရားကိုပျက်ကွက်နေကြသည်သကိုအတော်များများတွေ့ မြင်နေ၇ပေသည်။ ထို့ အတွက်
ကြောင့်လည်းယခင်ခေတ်များကမကြုံမတွေ့ ခဲ့ဖူးသောသားသမီးပြတ်စဲခန်းများအားလည်းနေ့ စဉ်လိုလို
တွေ့ မြင်နေ၇ပေသည်။

သားသမီးများသည်လည်းသားသမီးတာဝန်ကျေနိုင်သလိုမိဘများမှမိဘတာဝန်ကျေပွန်နိုင်ကြပါစေ။ အလို
အ၇မ်းလိုက်သောမိဘများသည်လည်းငယ်ရွယ်သောသားသမီးတို့ နှင့်မည်သို့ မျှမလိုက်ဖက်သော ခေတ်ပေါ်
ပစ္စည်းများ (telephone, ipad ,....)စသည်တို့ သည်ငယ်ရွယ်နုနယ်သောသားသမီးတို့ အား လမ်းမှားကို
ရောက်စေတတ်ကြောင်းနားလည်သိထားရပါမည်။

ဆိုလိုသည်မှာမိမိကဖုန်းဝယ်ပေးထားလျှင် သူကသူ့ အခန်းထဲတွင်ဘယ်သူနှင့်ဖုန်းပြောပြီးမည်သူနှင့် message ပို့ ပြီးဆက်သွယ်နေလဲဆိုတာမသိနိုင်ပေ။မိဘတိုင်းသားသမီးကိုချစ်ကြသည်မှာဓမ္မတာပင်ဖြစ်
သည်။မီဒီယာလှိုင်းများ၇ိုက်ခတ်မှုကြောင့် ငယ်ရွယ်သောကလေးငယ်တို့ သည် ထိုပစ္စည်းများက်ုအကောင်း
ထက်အဆိုးနေရာများတွင်ပိုမိုအသုံးချနိုင်သည်ကိုမိဘတို့ သတိပြုသင့်လှပေသည်။ မိမိကိုယ်ကိုထိန်းချုပ်နိုင်
စွမ်း၊အသိဥာဏ်မရင့်ကျက်သေးသည့်အရွယ်တွင်ထို ပစ္စည်းများကိုကလေးများကိုအသုံးပြုစေရန်ဝယ်ပေးနိုင်
သည်ဟူသောဂုဏ်သည်မိဘတို့ ဂုဏ်ယူရမည်မဟုတ်ပေ။

ထိုပစ္စည်းများကြောင့် အလယ်တန်း၊အထက်တန်းပညာကိုဆည်းပူးနေကြသောကလေးငယ်တို့ သည် ပညာ
ရေးဘက်တွင်အားနည်းနိုင်သလို အားမကျသင့်သည်များကိုအားကျပြီးအတုမြင်အတတ်သင်ကာ ဘ၀လမ်း
ကြောင်းလွဲဖယ်ပျက်စီးသွားနိုင်သည်အထိ၇ှိပေသည်။ယနေ့ ခေတ်တွင်တွေ့ ကြုံနေရသောမိဘ များ အလို
လိုက်လွဲနေသည်ကို အပြုသဘောဖြင့်ဝေဖန်ရေးသားပါသည်။ နားရွက်ပြတ်သောမိဘများနည်းပါးနိုင်ကြ
ပါစေ။ 

No comments:

ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...