Tuesday, August 21, 2012
hidden file တွေကိုဘယ်လိုပြန်ဖော်ကြမလဲ....
ကျွန်တော်တို့ နေ့ စဉ်အသုံးပြုနေတဲ့ memory stick တို့ usb devices တွေမှာ virus ခဲ့ရင်ရှိ stick ထဲမှာ
ရှိတဲ့ folder တွေအကုန်လုံးကို virus က Hidden လုပ်ထားတတ်ပါတယ်။ကိုယ်ကလည်း stick ကို
virus သတ်ပြီးပြီ...ဒါပေမဲ့ stick ထဲက folder တွေကိုရှာမတွေ့ တော့ဘူး။ နောက် Windows Explorer ထဲ
က Tool Menu ထဲက Folder Option မှာလည်း Hidden တွေကိုပြန်ဖော်ပြီးပြီ။ဒါပေမဲ့ မပေါ်ဖူးဖြစ်နေရင်
ဒါလေးက အသုံးတည့်မှာပါ။
အရင်ဆုံး Antivirus တစ်ခုခုနဲ့ virus ကုန်စင်အောင်သတ်ပါ။
ပြီးရင် command promt ကိုသွားပါ။ windows logo key + run ကနေ cmd ရိုက်ပြီး Enter ခေါက်
ရရင် C:> မှာ cd I: ဆိုပြီးရိုက်လိုက်ပါ။
ဒါဆိုရင် I:> ဆိုပြီးပေါ်လာပါမယ်။
I:> attrib -s -h /s /d *.* ဆိုပြီးရိုက်ထည့်လိုက်ပါ။ 
ပြီးရင် I:>dir ဆိုပြီးရိုက်လိုက်ရင် hidden folder တွေအကုန်ပြန်ပေါ်ပြီဖြစ်ပါတယ်။ 
မသိသေးတဲ့သူများအတွက်ကိုရည်ရွယ်ပြီးရေးထားတာဖြစ်ပါတယ်။အဆင်ပြေကြပါစေဗျာ။
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...