windows firewall ဆိုတာ windows ထဲမှာ default ပါဝင်ပြီးသားဖြစ်ပြီး အစွမ်းထက်မြက်ပေမယ့်
ရှုပ်ထွေးလှတဲ့ Advance features တွေကြောင့် ထိထိရောက်ရောက်အသုံးပြုနိုင်ကြပါဘူး။ windows
firewall notifier ကတော့ built-in ပါတဲ့ windows firewall ရဲ့ security holes တွေကိုဖြည့်စွက်
ပေးပြီးတော့ outbound connections တွေနဲ့ network activity console တွေကို လွယ်လွယ်ကူကူ
management လုပ်နိုင်စေပါတယ်။
windows firewall notifier ကတော့ပေါ့ပါးတဲ့ application လေးတစ်ခုဖြစ်ပြီး windows ထဲမှာ
default ပါဝင်တဲ့ firewall နဲ့ တွဲဖက်အလုပ်လုပ်နိုင်တဲ့ application လေးပါ။windows အတွက်
မလိုအပ်တဲ့ အခြားအပို add-on softwares တွေကိုထပ်မံ install လုပ်စရာမလိုသလို system
resource တွေအများကြီးအသုံးမပြုတဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ ထိရောက်ကောင်းမွန်တဲ့ application
လေးဖြစ်ပါတယ်။
ဘယ်လိုအလုပ်လုပ်လဲ
windows firewall notifier လေးဟာ smart ဖြစ်ပါတယ်။ windows နောက်ကွယ်ကနေပုန်းလျှိုး
ကွယ်လျှိုးနဲ့ hook လုပ်ပြီး firewall မှာတွယ်ကပ်ပြီး background process အနေနဲ့ run တာမျိုး
မဟုတ်ပဲ windows GUI မှာ run တဲ့အတွက် အဆင်ပြေစေပါတယ်။( ပုန်းလျှိုးကွယ်လျှိုး run နေတဲ့
process တွေဟာ ဘယ် network port တွေကို ဖွင့်လို့ ဖွင့်နေမှန်းမသိတဲ့အတွက်အန္တရယ်ကြီးပါတယ်။)
windows firewall notifer လေးကို install နဲ့ activate လုပ်ပြီးတာနဲ့ သူက windows firewall ကို
ဖွင့်ပြီး(ပိတ်နေရင်တောင်ဖွင့်ပေးပြီး) windows ကနေ network ကိုချိတ်တဲ့ outbound traffic ကို
ပုံသေအားဖြင့်ပိတ်သွားလေ့ရှိပါတယ်။ ပြီးတော့မှ outbound traffic ကိုပြန်ဖွင့်ပေးပြီး ချိတ်ဆက်ထား
တဲ့ traffic တွေကို event viewer မှ record လုပ်ထားတာပါ။ တစ်ကယ်လို့ ကျွန်တော်တို့ က software
တစ်ခုခုကနေ outbound traffic တစ်ခုခုကို လှမ်းချိတ်မယ်ဆိုရင် ( ဥပမာ...gtalk ကို login ၀င်တာမျိုး)
event viewer ထဲမှာ request outbound traffic လုပ်တဲ့ record ရောက်သွားမှာဖြစ်ပြီး ချိတ်ဆက်ဖို့ 
request လုပ်တာကို လည်း notify လုပ်မှာဖြစ်ပါတယ်။ အပေါ်ကပုံလေးလိုပေါ့။
Installation ပြုလုပ်ခြင်း
windows firewall notifier က installer မဟုတ်ပါဘူး။ ဒီမှာ download လုပ်ပြီးတော့ C:\program
files အောက်မှာ folder လေးဆောက်ပြီး folder ကို windows firewall notifier ဆိုပြီးအမည်ပေးပြီး
download လုပ်ထားတဲ့ file ကို zip ဖြည်ပြီးထည့်လိုက်ပါ။
ဒီလိုလေးလုပ်ပြီးထည့်လိုက်တာပေါ့။ပြီးသွားရင်
အဲဒီ folder ကိုဖွင့်ပြီးတော့ အဲဒီထဲက Console ဆိုတာလေးကို နှိပ်လိုက်ပါ။ ဒါဆိုရင်
ဒီလိုလေးပေါ်လာရင် Enable the notification ဆိုတာရွေးထားပြီးသားဖြစ်လိမ့်မယ်။အဲဒီထဲကနေ for
everyone on this computer ဆိုတာလေးရွေးပေးပါ။ ပြီးရင် OK ပေါ့။
ပြီးရင် installation ပြီးသွားပြီ။ တကယ်လို့ program တစ်ခုခု က internet ချိတ်တော့မယ်(တစ်နည်း
outbound traffic ဆီကိုသွားတော့မယ်)ဆိုရင် notifier လေးလာပြပါလိမ့်မယ်။(တစ်နည်း အပြင်ထွက်မယ့် network traffic ကို block လုပ်ထားပါတယ်။ ) အဲဒီအချိန်ကျရင် allowလုပ်မလား(ဖွင့်မလား)
block လုပ်မလား(ပိတ်မလား) မေးလိမ့်မယ်။ တကယ်လို့ temporary allowနဲ့ block
လုပ်ချင်ရင်တော့ "Only apply this choice now and ask again the next time” ဆိုတာ
လေးကို allow (သို့ ) deny button အောက်မှာ click နှိပ်ထားနိုင်ပါတယ်။ ဖွင့်မလား၊ပိတ်မလားဆိုတာ
ကိုပါ ကိုယ်ကထိန်းချုပ်နိုင်ပါပြီ။
ပုံလေးကိုကြည့်ရင်ရှင်းသွားမှာပါ။ တစ်ခုရှိတာကတော့...windows firewall notifier လေးကတော့
outbount traffic (ကိုယ့်ဆီကအထွက်) ကိုပဲ control လုပ်တာပါ။ inbound traffic (အင်တာနက်ကနေ
ကိုယ့်ဆီဝင်လာတဲ့ traffic) တွေအတွက်ကတော့ windows ကပဲလုပ်ဆောင်ပါတယ် ပုံမှန်အားဖြင့်ပေါ့။
Windows firewall notifier လေးရှိတဲ့အတွက် Network security ပိုင်းကိုပိုမိုစိတ်ချရစေပါတယ်။
ကဲ....ပြီးရင်တော့ console ကနေ network activity ကြည့်ရအောင်ဗျာ။
Console
console က installation လုပ်ပြီးတာနဲ့ ပွင့်နေပါပြီ။ မပွင့်ရင်လည်းခုနက လမ်းကြောင်းအတိုင်း
C:\Program files\windows firewall notifier\console.exe ကိုနှိပ်ပြီးဖွင့်လို့ ရပါပြီ။
ကဲ...ပွင့်လာပါပြီ။ အပေါ်မှာ connection ရယ်၊ rules ရယ်၊ exceptionsရယ်၊ log ရယ်ရှိတယ်နော်။ပုံမှန်
အနေနဲ့ connection ကိုရွေးပြီးသားအနေနဲ့ ပွင့်လာတာပါ။ ဒီ console ထဲမှာ ကျွန်တော်တို့ computer
ကနေအသုံးပြုနေတဲ့ internet သုံးနေတဲ့ softwares တွေ( google chrome ရယ်၊ pidgin ရယ်...) ကို
တွေ့ နိုင်သလို Local IP (network ထဲက ကျွန်တော်တို့ computer ip ) ရယ် remote IP ကျွန်တော်တို့ 
ဖွင့်ထားတဲ့ application ကနေသွားချိတ်တဲ့ External ip address ရယ်နဲ့ status တွေကိုအသေးစိတ်
ကြည့်နိုင်ပါတယ်။ နောက် Local ထဲမှာ ချိတ်ထားတဲ့ share printer တို့ share file တွေအလုပ်လုပ်တဲ့
local internet console ကိုလည်းကြည့်နိုင်ပါတယ်။
ကဲ..ပြီးတော့ rules ကိုနှိပ်မယ်။
rules ထဲမှာ ခွင့်ပြုထားတဲ့ rules တွေရယ်ကိုကြည့်နိုင်ပြီးတော့ညာဘက်အပေါ်နားလေးနားမှာ show all
rules ကိုနှိပ်ပြီးခွင့်ပြုထားတဲ့ allow rules တွေကိုလည်းအသေးစိတ်ကြည့်နိုင်ပါတယ်။
ပြီးတော့ log ကိုကြည့်မယ်။ Exception ကတော့ခြွင်းချက်ထားတာမို့ လို့ မသုံးတော့ပါဘူး။ Log ကိုနှိပ်လိုက်ရင်
ကဲ...ဒီမှာကျွန်တော်တို့ ခွင့်ပြုလိုက်တဲ့ allow တို့ block တို့ ကို အချိန်နဲ့ ကော...windows ထဲက ဘယ်
Process ကချိတ်ဆက်တာလဲဆိုတာရော၊ target ကိုရောသိနိုင်ပါပြီ။
Un-install လုပ်ခြင်း
မသုံးချင်တော့ရင် console ထဲက notify.setting ကိုနှိပ်လိုက်ပြီး
ဒါလေးပေါ်လာရင် Do not enable the notifications ဆိုပြီး disable လုပ်လိုက်ပါမယ်။ ပြီးရင် OK
နှိပ်လိုက်ရင်ဒါလေးပေါ်လာပါလိမ့်မယ်။အဲဒီမှာ
ကဲ..စာလေးကိုဖတ်ပြီး Yes နှိပ်လိုက်ပေါ့။ ဒါပေမဲ့ကျန်သေးတယ်ဗျ။ သူ့ ကို installed လုပ်ထားတဲ့ folder
ကကျန်သေးတော့အကုန်မပျက်သေးဘူးလေ။ဒီတော့ကျွန်တော်တို့ က C:\Program Files ထဲက Windows Firewall Notifier ဆိုတဲ့ folder လေးကို နောက်ဆုံးပိတ်သွားဖျက်ကြပါစို့ ။ အဲဒါဆိုရင်
ပြီးသွားပါပြီ။
သတိပြုရန်
Network Security ပိုင်းအဖြစ် ဒါလေးကိုတင်ပေးလိုက်တာဖြစ်ပါတယ်။ notifier တွေခဏခဏပေါ်လာ
တတ်တာမို့ လို့ စိတ်မရှည်ရင် ထည့်သွင်းမစမ်းသင့်ပါ။ Network Administrator တွေအတွက်ကတော့
တစ်မျိုးတစ်ဖုံအကျိုးရှိမယ်လို့ ထင်ပါတယ်။ firewall ကိုပိုမိုအစွမ်းထက်အောင် လုပ်တဲ့နည်းလမ်းလေး
တစ်ခုအနေနဲ့ ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။
  
1 comment:
thank u.bro
ဘာပဲဖြစ်ဖြစ်ကောင်းပါတယ်.
ဗဟုသုတ ရတာပေါ့
လေ့လာသွားပါတယ်.
Post a Comment