windows xp နဲ့ windows 7 နှစ်လုံးရှိရင်ဒါလေးကိုစမ်းကြည့်လို့ ရတယ်နော်။ ဒီနည်းလမ်းကတစ်နည်းအား
ဖြင့် file sharing လုပ်တဲ့နည်းလမ်းတစ်မျိုးလို့ ပဲပြောရမယ်ထင်တယ်ဗျာ။ IT စာသင်နေတဲ့ဆရာတွေ
အတွက်လည်းဒါလေးက Pratical တစ်ခုအနေနဲ့ အသုံးတည့်ပါလိမ့်မယ်။ media streaming အကြောင်းကို
လည်းပိုမိုနားလည်ပြီးတော့ file & folder sharing ကိုပိုမိုနားလည်ကြပါစေလိမ့်မယ်။
လိုအပ်ချက်များ
windows xp computer တစ်လုံး( VLC Player ပါ installed လုပ်ထားရန်)
windows 7 computer တစ်လုံး (VLC Player ပါထည့်ထားရန်...လိုအပ်ကသုံးနိုင်ရန်)
windows xp နှင့် windows 7 တို့ အား network ချိတ်ဆက်ထားရန်
windows 7 ပေါ်တွင် windows xp မှအသုံးပြုမည့် User Credential ( user account နှင့် password )
တစ်ခုဆောက်ထားရန် (* blank password မရပါ)
အခုကျွန်တော်တို့ က test သုံးမှာဖြစ်တဲ့အတွက်
user name dvr_user
password *******
ဆိုပြီး user credential တစ်ခုကို windows 7 ပေါ်မှာ create လိုက်ပါတယ်။
ကဲ...စလိုက်ကြစို့ ဗျာ။
ပထမဆုံး window 7 ကိုသုံးပါမယ်။ windows 7 ထဲက ကျွန်တော်တို့ media stream လုပ်မယ့် နေရာ
ကိုသွားပါတယ်။ Media file ရှိတဲ့နေရာကို Right-Click ထောက်ပြီး Properties ကိုနှိပ်ပါမယ်။
ကဲ..ဒီပုံကတော့ကျွန်တော့် media file ထည့်ထားတဲ့ file path ဖြစ်ပါတယ်။ အဲဒီက movies မှာ Right-
Click နဲ့ properties ကိုရွေးထားတာဖြစ်ပါတယ်။ပြီးရင်
ဒါဆိုဒီနေရာကိုရောက်သွားပါလိမ့်မယ်။အပေါ်ကပုံထဲက share ဆိုတာလေးကိုနှိပ်လိုက်ပါ။ ပြီးရင်
box တစ်ခုပေါ်လာပါလိမ့်မယ်။ ကျွန်တော်တို့ က အပေါ်က drop-down menu မှာ everyone လို့ 
ရိုက်ပြီး add နှိပ်ပေးပါ။
ပြီးရင် everyone ရဲ့ permission level မှာ read permission ပေးလိုက်ပါ။ read permission ဆိုရင်
media file အလုပ်လုပ်နိုင်ပါတယ်။ ဒီထက်ပိုပေးချင်ရင်တော့ read/write ပါပေးနိုင်ပါတယ်။ အခြား
folder တွေကိုလည်း permission ပေးချင်ရင် ဒီအတိုင်းပေးနိုင်ပါတယ်။
ကဲ..ဒါဆိုရင် Media Stream လုပ်မယ့် windows 7 ဘက်က ပြီးသွားပါပြီ။ ဒါဆိုရင် windows xp စက်
ဘက်သွားရအောင်။ windows xp ကနေ vlc player လေးကိုဖွင့်ပါမယ်။
ပြီးရင် media ကို click လုပ်လိုက်ရင်
ပြီးရင် open file နှိပ်ပါမယ်။ နှိပ်လိုက်ရင်
my network ကိုနှိပ်လိုက်တာနဲ့ ဒီလိုလေးပေါ်လာရပါမယ်။မပေါ်သေးရင်တော့ windows 7 network sharing setting ထဲက network discovery ရယ်၊ file & printer sharing ရယ်၊ public folder
sharing ရယ်...media sharing ရယ်။ file sharing connection sharing တွေနဲ့ တစ်ချို့ setting
တွေကိုစစ်ပါ။ပိတ်နေရင်ဖွင့်ပေးပါ။ အဲဒါဆိုဒီလိုပုံလေးဖြစ်လာပါလိမ့်မယ်။
( ဒါကတော့ windows 7 ရဲ့ file sharing ကိုအသေးစိတ် control လုပ်နိုင်တဲ့ features လေးဖြစ်ပါတယ်။
ဆိုလိုတာက hidden share ကိုတောင် secure လုပ်ထားတဲ့သဘောပေါ့) ။ပြီးသွားရင် ကျွန်တော်တို့ 
computer name က dvr ဆိုတော့ dvr လေးကိုနှိပ်လိုက်ရင်
ချိတ်ဆက်ဖို့ permission တောင်းရင်ကျွန်တော်တို့ ဖန်တီးထားတဲ့ dvr_user ဆိုတာလေးနဲ့ password
ထည့်ပေးလိုက်ပါ။ အမြဲတမ်းချိတ်ချင်ရင်တော့ remember my password နှိပ်ပြီးမှ OK လိုက်ပေါ့။
မဟုတ်ရင်တော့ ရိုးရိုး OK ပဲနှိပ်ပါ။ ဒါဆိုရင် ကျွန်တော်တို့ windows 7 ကနေ share ထားတဲ့ media
file တွေကိုတွေ့ ရပါလိမ့်မယ်။
အဲဒီထဲကနေ IronMan ကိုနှိပ်ပြီးဖွင့်လိုက်ရင်
ကျွန်တော်တို့ ဟာ IronMan video ကို windows xp ရဲ့ vlc player ကနေကြည့်နိုင်ပြီဖြစ်ပါတယ်။
ကဲဒီလောက်ဆိုရင် media streaming ကိုအကြမ်းဖျင်းနားလည်လောက်မယ်ထင်ပါတယ်။ video file
မဟုတ်ပဲနဲ့ mp3 သီချင်းတွေကိုလည်းဒီလိုယူဖွင့်လို့ ရပါတယ်။
မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပြီးတင်ထားတာဖြစ်သလိုသင်ထောက်ကူတစ်ခုအနေနဲ့ အသုံးတည့်
မယ်ဆိုရင်ကျွန်တော်ရေးရကျိုးနပ်ပါပြီ။ဖတ်ရှုတဲ့အတွက်ကျေးဇူးတင်ပါတယ်...ခင်ဗျာ။
vlc player လေးကိုလိုချင်ရင်တော့ ဒီမှာ ဒေါင်းပါခင်ဗျာ။

No comments:
Post a Comment