windows 7 ကနေ Wi-Fi လွှင့်မယ်ဆိုတော့ တကယ်ကောဖြစ်နိင်လို့ လား ? ရ ကော ရနိုင်မလား ? ဖြေ
ရမယ်ဆိုရင်တော့တကယ်ဖြစ်နိုင်ပါတယ်။တကယ်လည်းလုပ်လို့ ရပါတယ်။
ခုနောက်ပိုင်းမှာတော့ Wi-Fi နဲ့ အင်တာနက်သုံးတာခေတ်စားလာပါတယ်။ အဲလိုပဲ Wi-Fi လွှင့်ပေးထားတဲ့ free Wi-fi Zone တွေကော...Prepaid နဲ့ အသုံးပြုရတဲ့ wi-fi hotspot service Provider တွေ
( Red-Link) တို့ လိုလည်းပေါ်လာတော့ Wi-Fi နဲ့ အင်တာနက်သုံးနိုင်လာပြီဖြစ်ပါတယ်။
ဘာလို့ Wi-Fi ကအသုံးများ၇တာလဲဆိုရင် iphone နဲ့ android တို့ လို smart phone တွေ၊ tablet တွေ
နဲ့  click တစ်ချက်နှိပ်ရုံနဲ့ Wi-Fi အဖွင့်အပိတ်လုပ်နိုင်ခြင်း၊ မသုံးတော့ဘူးဆိုရင်အလွယ်တကူပိတ်နိုင်ခြင်း၊
Network ကြိုးတွေတပ်ဆင်ပြီးသုံးစရာမလိုအပ်ခြင်းတို့ ကြောင့် Wi-Fi ကိုလူအများပိုစိတ်ဝင်စားလာပြီး
အသုံးလည်းများလာရခြင်းလည်းဖြစ်ပါတယ်။နောက်ပြီး SSID လို့ ခေါ်တဲ့ ကိုယ့်ရဲ့ Wi-Fi Name ကိုလည်း
ကိုယ့်စိတ်ကြိုက်ပေးနိုင်တဲ့အတွက် Wi-Fi ကိုအခကြေးငွေနဲ့ အသုံးပြုခွင့်ပေးတဲ့သူတွေအတွက်လည်း
အဆင်ပြေနိုင်မှာပါ။
ကဲ...လုပ်ဖို့ လိုအပ်တာတွေကတော့ Virtual Router ဆိုတဲ့ software လေးတစ်ခုပဲလိုပါမယ်။ဒီတော့ virtual router software လေးကို ဒီမှာ ဒေါင်းလိုက်ပါ။ ပြီးရင် ဒေါင်းထားတဲ့ installer လေးကို install
လုပ်ပါမယ်။
ပြီးသွားရင်တော့ဒီလိုလေးဖြစ်ပြီပေါ့။
အဲဒီမှာ SSID လို့ ခေါ်တဲ့ Network နာမည်ကိုကိုယ်ကြိုက်ရာပေးပါ။ ပြီးရင် Password ကို ကိုယ်သတ်မှတ်
ချင်တဲ့ password ( ဒီ password က ကိုယ်ပေးမယ့် user တွေက ကိုယ့် Network ကို authenticate လုပ်
ပြီး access လုပ်နိုင်မှာမို့ လို့ ပါ ) ပြီးရင်တော့ ကိုယ် ပေးမယ့် share connection ကိုရွေးပေးပါ။( ကြိုးနဲ့ 
ချိတ်ထားရင် Local Area Connection ပေါ့...Wi-Fi နဲ့ ကိုယ့်စက်ကို Connection ယူထားတာဆိုရင်တော့
Wireless Network Connection ပေါ့) ။ပြီးရင် Start ဆိုပြီးလုပ်လိုက်ရင် ကျွန်တော်တို့ ရဲ့ virutal router
အလုပ်လုပ်ပြီး user တွေဟာ ကျွန်တော်တို့ ထောင်ထားတဲ့ Wi-Fi Name ကို password ထည့်ပြီးချိတ်
ဆက်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
ကဲ...အကုန်လုံး run ပြီဆိုရင်တော့အပေါ်ကပုံလေးအတိုင်းဖြစ်သွားပါမယ်။ run နေတယ်ဆိုရင် router
setting လေးက stop vritual router ဆိုပြီးဖြစ်နေရင်တော့ virtual router လေး run နေပြီဖြစ်ပါတယ်။
ပြီးတော့ ကျွန်တော်တို့  Wi-Fi ကိုလာချိတ်ထားတဲ့ Device ကိုပြနေပါလိမ့်မယ်။
တကယ်လို့ အထက်ကအဆင့်ဆင့်အတိုင်းလုပ်လို့ အဆင်မပြေသေးရင်တော့ virtual router installer
ကိုပြန်စစ်ပါ။ မှန်မှန်ကန်ကန် install လုပ်ထားတယ်ဆိုရင် တော့ command box ထဲကိုဝင်ပါ။
Windows key + R = Run ကနေ cmd ရိုက်ပြီးဝင်လိုက်ပါ။ဒါဆို command box ပေါ်လာရင်
အဲဒီအထဲကအတိုင်းရိုက်ပြီး ဖွင့်လိုက်ရင်ပွင့်လာပါလိမ့်မယ်။
လိုအပ်ချက်များ
ဒါက ကျွန်တော်တို့ သုံးနေတဲ့ connection ကို share ပေးတဲ့သဘောတစ်ခုသာဖြစ်ပါတယ်။ ဒီအတွက်
ကြောင့် Centralized Management တော့မရပါ။ ဒါ့ကြောင့် Centralized Management လုပ်ချင်ရင်တော့
software တွေထပ်လိုပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ်....windows 7 မှာ Wi-Fi ကို လွှင့်နိုင်တဲ့ Wi-Fi Hotspot လေးတစ်ခုလုပ်နိုင်တဲ့အကြောင်း
လေးကိုရေးသားတင်ဆက်လိုက်ရပါတယ်။ မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပြီးတင်လိုက်တာပါ...
အားလုံးပဲအဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်...ခင်ဗျာ။

![]()  | 
| next လုပ်ပြီးတော့ install လုပ်သွားပါမယ် | 

| ဒါကတော့ကျွန်တော့်စက်မှာလုပ်ထားတဲ့ virtual router setting ဖြစ်ပါတယ်။ | 
ကဲ...အကုန်လုံး run ပြီဆိုရင်တော့အပေါ်ကပုံလေးအတိုင်းဖြစ်သွားပါမယ်။ run နေတယ်ဆိုရင် router
setting လေးက stop vritual router ဆိုပြီးဖြစ်နေရင်တော့ virtual router လေး run နေပြီဖြစ်ပါတယ်။
ပြီးတော့ ကျွန်တော်တို့  Wi-Fi ကိုလာချိတ်ထားတဲ့ Device ကိုပြနေပါလိမ့်မယ်။
တကယ်လို့ အထက်ကအဆင့်ဆင့်အတိုင်းလုပ်လို့ အဆင်မပြေသေးရင်တော့ virtual router installer
ကိုပြန်စစ်ပါ။ မှန်မှန်ကန်ကန် install လုပ်ထားတယ်ဆိုရင် တော့ command box ထဲကိုဝင်ပါ။
Windows key + R = Run ကနေ cmd ရိုက်ပြီးဝင်လိုက်ပါ။ဒါဆို command box ပေါ်လာရင်
အဲဒီအထဲကအတိုင်းရိုက်ပြီး ဖွင့်လိုက်ရင်ပွင့်လာပါလိမ့်မယ်။
လိုအပ်ချက်များ
ဒါက ကျွန်တော်တို့ သုံးနေတဲ့ connection ကို share ပေးတဲ့သဘောတစ်ခုသာဖြစ်ပါတယ်။ ဒီအတွက်
ကြောင့် Centralized Management တော့မရပါ။ ဒါ့ကြောင့် Centralized Management လုပ်ချင်ရင်တော့
software တွေထပ်လိုပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ်....windows 7 မှာ Wi-Fi ကို လွှင့်နိုင်တဲ့ Wi-Fi Hotspot လေးတစ်ခုလုပ်နိုင်တဲ့အကြောင်း
လေးကိုရေးသားတင်ဆက်လိုက်ရပါတယ်။ မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပြီးတင်လိုက်တာပါ...
အားလုံးပဲအဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်...ခင်ဗျာ။

2 comments:
Thank Bro .I Test Finish .
Is it possible in windows vista?
Post a Comment