Friday, October 5, 2012

ကိုယ်ပိုင် e-library လေးတစ်ခုလုပ်ကြစို့ .....

ကျွန်တော်တို့ computer ထဲမှာ pdf ပေါင်းများစွာရှိပါတယ်။အကြောင်းအရာမျိုးစုံ(သုတ၊ရသ) အစုံအလင် နဲ့ စာအုပ်ပေါင်းများစွာလည်းရှိချင်ရှိမှာပါ။ခုကျွန်တော်ရေးမှာကတော့ ကိုယ့်စက်ထဲမှာ pdf စာအုပ်တွေနဲ့ 
အခြားသော စာအုပ်တွေ ( chm စာအုပ်တွေ၊ Microsoft Doc တွေ....) ကိုလည်းတစ်စုတစ်စည်းထဲကိုယ့်
စိတ်ကြိုက်စုစည်းထားနိုင်မယ့် Application လေးတစ်ခုပါ။ ပြီးတော့ ISBN code တွေကိုလည်းကိုယ့်စိတ်
ကြိုက်ဖန်တီးပြီး ကိုယ့်စာအုပ်တွေကိုမှတ်တမ်းတင်နိုင်မှာပဲဖြစ်ပါတယ်။ဒီတော့စာအုပ်တွေကိုလိုချင်တဲ့   အချိန်မှာ အမျိုးအစားနဲ့ ရှာမလား? code နဲ့ ရှာမလား? အလွယ်တကူရှာဖွေတွေ့ ရှိနိုင်ပြီးအချိန်ကုန်လည်း
သက်သာစေမှာဖြစ်ပါတယ်။ တစ်ခါတစ်လေ...online ကနေစာအုပ်လေးတွေကို ဒေါင်းထားပြီးတော့ သိမ်း ထားနည်းစနစ်မကျလေတော့လိုချင်တဲ့အချိန်ပြန်ရှာရတာ အချိန်ကုန်၊လူပမ်းဖြစ်တတ်ပါတယ်။ ဒီတော့
ကိုယ့် computer ထဲမှာ library လေးတစ်ခုကိုကိုယ်တိုင်တည်ဆောက်ပြီး ထိန်းသိမ်းထားရင်တော့ပိုပြီး
ထိရောက်တာပေါ့ဗျာ။


e-library လေးပါ ....
ကဲ...သူကပုံထဲကအတိုင်းညာဘက်မှာ library tab လေးရှိပါမယ်။အောက်က Tags ဆိုတာလေးကတော့
hierarchical Database Structure ( main foler ကနေ subfolder လေးတွေဆီဆင့်ပွားသွားတာ) ဖြစ်ပြီး
ကိုယ်လိုချင်တဲ့ category အသစ်တွေကိုထပ်ထည့်လို့ ရပါတယ်။စာအုပ်တွေရဲ့ cover image ကိုလည်း  ကိုယ့်စိတ်ကြိုက်ထည့်နိုင်ပြီး၊ စာအုပ်ရေးသူ ( Authors) အမည်ကိုလည်းထည့်နိုင်မယ်။ပြီးတော့ Publisher
(ထုတ်ဝေသူ)နာမည်ကိုလည်းစိတ်ကြိုက်ထည့်နိုင်မယ်။ ညာဘက်အောက်ဆုံးနားလေးမှာ Tags တွေ
Authors Tab( စာရေးဆရာနာမည်နဲ့ ရှာတာ) နောက် Publisher နဲ့ ရှာတာတွေရှိပါမယ်။ဘယ်ဘက် pane ကတော့ ကိုယ်ရှာထားတဲ့ result ( Books) တွေကိုပြနိုင်ပါတယ်။စာအုပ်တစ်အုပ်ချင်းစီပေါ်မှာလည်း
right click menu လေးနဲ့ စာအုပ်ကိုစိတ်ကြိုက် edit လုပ်ခွင့်ရှိပါမယ်။ISBN code ကိုတော့ကိုယ်စိတ်ကြိုက်ပေးနိုင်သလို Random ထားလို့ လည်းရပါတယ်။

အားနည်းချက်ကတော့မြန်မာစာမပါတာဖြစ်ပါတယ်။ကဲ..စမ်းကြည့်လိုက်ပါဦးနော်......စမ်းကြည့်တော့မှပဲ
ကျွန်တော်ပြောထားတာတွေကော...ကိုယ်စမ်းလို့ ရနိုင်တဲ့ features လေးတွေကိုပါသိနိုင်မှာပါ။


စမ်းလိုသူများ ဒီမှာ ဒေါင်းနိုင်ပါပြီ။ အားလုံးပဲအဆင်ပြေကြပါစေ။


No comments:

ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...