အင်း...အပြင် service မပြင်ရတာလည်းတော်တော့်ကိုကြာသွားပါပြီ။ခုတစ်ပတ်တော့
သူတို့ ဆီကရောင်းလိုက်တဲ့ laptop က windows8 Single နဲ့ ရောင်းလိုက်တာပါ။ 
Windows 8 ကို online activate လုပ်တာ ကွန်နက်ရှင်ကောင်းနေတော့ခဏလေး
နဲ့ ပဲအဆင်ပြေသွားပါတယ်။
ဒါနဲ့ software တွေထည့်ပြီး Test လုပ်တာအဆင်ပြေတယ်။အရင်ကကျွန်တော်လည်း 
windows 8 Developer Preview စမ်းကြည့်ဖူးပါတယ်။ဒါပေမဲ့သိပ်အဆင်မပြေခဲ့ပါ။
ဘာလို့ လဲဆိုတော့ကျွန်တော့်စက် Hardware နဲ့ မကိုက်တဲ့အတွက် Reset ခဏခဏ
ကျပါတယ်။ အဲဒါကလည်း Developer Preview မို့ လို့ ပါ။အခုကတော့ Official ထွက်
လာပြီဆိုတော့အဆင်ပြေပါတယ်။ features တော်တော်များများလည်းတူပါတယ်။
customer အစ်ကိုကြီးကိုတော့အစ်ကိုသုံးကြည့်လိုက်ပါအုံး။OS ကအသစ်ဖြစ်နေတော့
သူအဆင့်မပြေမှာပဲစိုးတာပါ။ OEM Windows ကို Recovery Image ယူထားပြီးသူ့ 
စက်တစ်နေရာထဲမှာထည့်ပေးထားလည်းဖြစ်တာပဲလေ....
windows ကမိုက်တယ်။ Tablet Version အတွက်ထုတ်ထားတာဆိုတော့ ဖွင့်လိုက်ရင်
အပေါ်ကပုံလိုမျိုးပေါ်လာတယ်ဗျ။အဲဒါကြီးက Start button ပေါ့လေ။ All Program ,
တို့ Accessories တို့ ကိုတွေ့ ချင်ရင်တော့ Slide ဆွဲပြီးဒါမှမဟုတ်ရင် Arrow Key တွေနဲ့ 
Switchလုပ်ပြီးကြည့်နိုင်ပါတယ်။အရင် Windows ကလိုမျိုး Desktop ကိုတွေ့ ချင်ရင်တော့
ရှေ့ ဆုံးအကွက်တွေထဲမှာ Desktop ဆိုတာကြီးကိုဝင်ပြီးသုံးနိုင်ပါတယ်။
ဒါပေမဲ့ခုဟာက OEM ကိုယ်တိုင် OS နဲ့ Match ဖြစ်တာကိုထည့်ပေးထားတော့အဆင်
ပြေတာပေါ့။သူဝယ်လာတဲ့ Brand က toshiba brand ဖြစ်ပါတယ်။ကဲ.စက်ပြင်အမှတ်
တရအနေနဲ့ ပုံလေးတွေနဲ့ Toshiba Latpop box လေးကိုတင်လိုက်ပါတယ်။
No comments:
Post a Comment