windows xp ကနေစပြီးကျွန်တော်တို့ တွေဟာ windows 7 အထိကို start button ဆိုတာကျွန်တော်တို့ အတွက် ညာလက်ရုံးဖြစ်ပါတယ်။ဘာလို့ လဲဆိုတော့ start button ကိုနှိပ်ပြီးတော့ control panel တို့ ...Printer & Device တို့ ကိုလွယ်လွယ်ကူကူနဲ့ သုံးနိုင်တယ်လေ၊ windows 8 နဲ့ 8.1 မှာကျတော့ windows စတက်လာကတည်းက Metro App ကြီးနဲ့ တက်လာတယ်....Desktop ကကျတော့ icon အသေးလေးအဖြစ်တွေ့ ရတယ်..အဲဒါလေးကိုနှိပ်လိုက်မှာသာ ကိုယ်သုံးနေကျ Desktop ကိုတွေ့ ရတယ်...အရင်ကလို Start Button ကနေ Device & Printer တို့ Control Panel တို့ ကို လွယ်လွယ်ကူကူ သွားဖို့ ကျတော့နည်းနည်းစိတ်ရှုပ်စရာကောင်းနေပါတယ်။ (ကောင်းတော့ကောင်းတယ်...ဒါပေမဲ့သိပ်အဆင်မပြေဘူးပေါ့ဗျာ)
![]()  | 
| windows 8 နဲ့ windows 8.1 ရဲ့ နဂိုမူလ Metro Start Menu | 
windows 8 ဟာ windows 7 ထက်ကို ပိုကောင်းတဲ့ features တွေကော ...security ပိုင်းဆိုင်ရာအဆင့်မြင့်တာတွေ ပါတယ်ဆိုတာဟုတ်ပါတယ်..ဒါပေမဲ့ ကျွန်တော်တို့ အတွက် start button ကမရှိလို့ အဆင်မပြေလေတော့...windows 8 လည်းသုံးမယ်.. .start button လေးလည်းထည့်မယ်.....ဒါဆိုရင် windows 8 start menu လေးထည့်ဖို့ App Soft လေးတစ်ခုကို ဒီမှာ ဒေါင်းပါမယ်..ပြီးရင် အဲဒီ file လေးကိုနှိပ်လိုက်ရင်
အဲဒါလေးကို next , Next နဲ အဆင့်ဆင့် နှိပ်သွားလိုက်ပါ။ နောက်ဆုံးတော့ ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်...
ဒီအဆင့်မှာတော့ Install Advanced Systemcare ဆိုတာကိုအမှန်ခြစ်ဖြုတ်ပြီးတော့ finish လုပ်ပေးလိုက်ရင် သူက ဒီလိုမျိုးလေးပေါ်လာပါမယ်...
ဒီမှာကျွန်တော်တို့ ကသူရွေးထားတဲ့အတိုင်း Windows 7, Default Theme ဆိုပြီးရွေးထားတာကို Apply,OK လုပ်ရုံပါပဲ.....အဲဒါလေးလုပ်ပြီးသွားရင် Desktop ပေါ်က Start button လေးကို နှိပ်လိုက်ရင်

ကဲ...ဒါဆိုရင်ကျွန်တော်တို့ သုံးနေကျ windows 7 style Start Button လေးကို အသုံးပြုနိုင်မှာဖြစ်ပါကြောင်း နည်းပညာမျှဝေမှု Tips & Trick အနေနဲ့ ရေးသားလိုက်ရပါတယ်။ အားလုံးပဲ အဆင်ပြေစွာနဲ့ windows 8 ကို အသုံးပြုနိုင်စေဖို့ အတွက်ဒါလေးကိုရေးသားလိုက်ရပါတယ်။




No comments:
Post a Comment