ဖော်ဖော်ဝါရီလ ၁၂ ရက်နေ့ ၊၂၀၁၅ ခုနှစ် ပြည်ထောင်စုနေ့ 
ရုံးပိတ်ရက်မို့ အေးအေးလူလူအနားယူမည်ပေါ့ .....ညနေကျရင်တော့ ဗိုလ်ချုပ်နှစ်တရာပြည့်အခမ်းအနား ကို ပြည်သူ့ ရင်ပြင်မှာလုပ်နေတာကို သွားကြည့်ကြမယ်လို့ မိန်းမနဲ့ တိုင်ပင်ထားပြီးနေ့ လည်စာစား ပြီး ခဏ နားနေချိန်...ညနေ ၃ နာရီလောက် ဖုန်းဝင်လာပါတယ်။ ကျွန်တော့်နာမည်ကိုမေးပြီး A သွေးအလှူခံ တာပါ...လူနာရှင်ကိုယ်တိုင် သွေးလှူဘဏ်ကနေ ကျွန်တော်တို့ ဖုန်းနံပါတ်တွေရပြီး လှူနိုင်မလားသိချင်လို့  ပါတဲ့....ကျွန်တော်နောက်ထပ် နှစ်ရက်လောက်ဆိုရင်လှူလို့ ရပြီမို့ လို့ အားရ၀မ်းသာစွာနဲ့ လက်ခံလိုက်ပါတယ်။
မိန်းမကိုအကျိုးအကြောင်းပြောပြီး တော့ ရေမိုးချိုးပြီးတော့ ဆေးရုံကိုထွက်ခဲ့ပါတယ်။ဆေးရုံက အရေးပေါ် ပြင်ပနားက အဆောင်သစ်ကြီးဖြစ်ပြီးတော့ ကျွန်တော်တို့ လည်းကံအားလျော်စွာခဲခဲယဉ်းယဉ်း မရှာလိုက်ရပဲနဲ့ တစ်ခါတည်း ရောက်သွားပါတယ်။ လူနာရှင်နဲ့ တွေ့ ပြီးတော့ နောက်ထပ်သွေးလှူရှင်အစ် ကိုကြီးတစ်ယောက်ကိုထပ်စောင့်ရပါတယ်။ သူလည်းလာပြီဆိုတော့ အဆင့်ဆင့်စောင့်လိုက်ရတာ (ကြေးပြားမလာတော့ တမင်ကြာအောင်လုပ်နေတာ တွေပေါ့ )
ကိုယ်ကလည်းလူနာရဲ့ အခြေအနေကိုကိုယ်တိုင်မြင်တွေ့ ခဲ့ရပြီးပြီမို့ ..နောက်လူနာရှင်ရဲ့ အခြေအနေက လည်းနယ်ကနေလာတာဆိုတော့ ....ဆေးရုံကြီးရဲ့ ထုံးတမ်းစဉ်လာတွေကိုမသိတော့...နည်းနည်းကြာသွား ပါတယ်....ဒီလိုနဲ့ နောက်ထပ် ၂ နာရီလောက်နေမှ ကျွန်တော်တို့ တွေ သွေးလှူဘဏ်မှာသွေးထုတ်ဖို့ သွား ကြရပါတယ်။
သွေးလှူဘဏ်ကိုသွားရာလမ်းမှာ အဆောင်တွေကြားမှာ၊ခုံတန်းတွေပေါ်မှာ လူနာတွေကဖြစ်သလို (အခန်း မရသေးလို့ စောင့်နေကြရတာ) ဖြစ်သလိုနေနေကြရတာမြင်ရတာမကောင်းဘူးဗျာ...
ကျန်းမာရေးအခြေအနေမကောင်းလို့ ဆေးရုံလာခါမှ အခန်းမရလို့ ဖြစ်သလိုနေကြရတယ်ဆိုတော့ ဒီ လူ နာတွေရဲ့  ကျန်းမာ ရေးအခြေအနေတွေက ပိုဆိုးမသွားနိုင်ဘူးလား.....လူလူချင်း ညှာတာ တဲ့စိတ်လေးနဲ့ တစ်မျိုးမျိုးတော့စီစဉ်ပေးသင့်ပါတယ်။နောက်ပြီးကျွန်တော်တို့ သွေးလှူရမယ့်မယ့်လူနာ ကို ဆရာဝန်ကမနက်ကတည်းက မပြောဘဲ ညနေ ၃ နာရီလောက်ကျမှ သွေးလိုတယ်. .သွေးရှာပါလို့ ပြော သတဲ့.....အစောကြီးထဲကပြောရင်အစောထဲကရှာလို့ ရ တာပေါ့...လူနာရဲ့ ကုသိုလ်ကံ ကလည်းကောင်းတော့. .လူနာရှင်ဖုန်းဆက်တဲ့ကျွန်တော်ရော...နောက်အစ်ကို ကြီးရော ကသွေးပတ်လည်ပြီးလှူနိုင်တဲ့အခြေအနေဖြစ်နေလို့ တော်သေးတာပေါ့.......ဆရာဝန်တွေရဲ့ တစ်ခါ တစ်ခါအတွေးကလည်းလူနာရှင်တွေအပေါ်မှာ ၀န်ပိစေတတ်တာမျိုးကိုလည်းတွေ့ ခဲ့ရပါတယ်......
လူနာရှင်ကလည်းကျွန်တော်တို့ ဆီကအဆင်ပြေပြေနဲ့ သွေးလှူတဲ့အတွက် ၀မ်းသာသွားတဲ့ ပီတိ....သူတို့ လိုအပ်နေတဲ့အချိန်မှာ ကျွန်တော်တို့ အတွက်လှူခွင့်ရနိုင်ခြင်းကိုလည်း ကျွန်တော်တို့ အနေနဲ့ ပီတိဖြစ်ရပါတယ်။
ကျွန်တော်တို့ ကတော့လူနာသက်သာဖို့ အတွက်ရည်စူးပြီးကောင်းမှုတစ်ခုအနေနဲ့ သွေးလှူဒါန်းခဲ့ပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ လူနာတွေအပေါ်မှာဂရုပြုမှုအားနည်းတာတို့ ..နောက်ပြီး စာရွက်စာတမ်းကိစ္စတွေမှာ ရေမလာရင်ပညာပြတာတို့ .....၀င်ဖို့ ထွက်ဖို့ အတွက်ကို ရေလောင်းရတာ
တွေကိုတော့ ခေတ်နဲ့ အညီပြုပြင်သင့်တယ်လို့ ထင်ပါတယ်.....အရေးအကြီးဆုံးကလူနာအတွက်အရေးတကြီး
သွေးသွင်းကုသရတော့မယ်ဆိုရင်လည်း လူနာရှင်အတွက် အချိန်နဲ့ အမျှအသိပေးပါ....လူနာအတွက်မိနစ် ပိုင်းဆိုတာကလည်း အရေးကြီးတယ်ဆိုတာ ( ရန်ကုန်မှာကားလမ်းတွေကကြပ်တာ..တစ်နေရာနဲ့ တစ်နေ ရာကို သွားဖို့ အချိန်ယူရပါတယ်) ကိုကိုယ်ချင်းစာစိတ်လေးများနှင့် ပြုမူဆောင်ရွက်မယ်ဆိုရင်ပိုပြီးကောင်း မယ်လို့ ထင်မြင်ယူဆမိပါတယ်...ခင်ဗျာ။
Experiences are not that cheap. But I'd love to share my knowledge, experiences, skills and personal development.
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...
-
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...
-
[ Unicode] တခါတလေ server မှာကိုယ်က file တစ်ခုကိုဖျက်လိုက်တယ်...ဖျက်ပြီးတော့မှပြန်လိုချင်တယ်...ပြန်မရလို့ လည်းမဖြစ်နိုင်အောင်အ ရေးကြီးတယ်....
-
ကြုံခဲ့ရဖူးတဲ့Email Phishing အတွေ့အကြုံလေးတခုကိုရေးသားချင်ပါတယ်....ကိုယ်တိုင်တော့မဟုတ်ပေမယ့် ရုံးကအကိုတယောက်ကမသိပဲနဲ့လုပ်မိသွားတာပါ...Phish...

No comments:
Post a Comment