အရင်ဆုံးကျွန်တော့် windows server ( ကျွန်တော်ကတော့ windows server 2008 standard လေးကိုပဲသုံးထားပါတယ်) မှာ SSH folder ကို system root directory အောက်မှာထားလိုက်ပါတယ်...ဟဲ...ဟဲ.. မျက်စိရှုပ် သွားပြီလား ...system root directory ဆိုတာ windows တင်ထားတဲ့ partition ကိုပဲခေါ်ပါတယ်..... SSH folder ကို working folder အဖြစ် attribute ပြောင်းလိုက်ပါတယ်...ပြီးရင် Windows Server ရဲ့ firewall rule မှာ port 22 ကိုဖွင့်လိုက်ပါတယ်...
configuration တွေပြီးသွားရင် ကျွန်တော်တို့ ရဲ့ windows server ကို WinSCP နဲ့ access လုပ်ပါတယ်..
ကဲ...configuration မှန်တယ်ဆိုရင်တော့ သင်က Server ထဲကိုဒီလိုဝင်သွားပါပြီ...
ကဲ....ဒါဆိုရင်ကျွန်တော်က ကျွန်တော့်  windows server ထဲကို ကျွန်တော့်  data တွေကို သိမ်းနိုင်ပါပြီ....
( ကျွန်တော်ရဲ့  server ကို access လုပ်တာအကုန်လုံးသည် encrypted channel ဖြစ်သွားပါပြီ....)
ကျွန်တော်တို့ server ကို Command Line နဲ့  manage လုပ်ချင်တယ်...ရတာပေါ့ဗျာ...ကျွန်တော်တို့ က server ကို putty နဲ့ ssh လှမ်းဝင်တယ်...
password ထည့်လိုက်ရင် သင့် server ရဲ့ command line interface ထဲသင်ရောက်သွားပါပြီ...
ဒါက သင့် server ရဲ့ command line interface ပါပဲ...ဒီထဲမှာသင်က linux command တွေတော့ ရိုက်လို့ ရမရပါဘူး....သင့်အနေနဲ့  microsoft dos commands များ ...powershell commands များနဲ့ ပဲသင့် server ကို manage လုပ်နိုင်မှာဖြစ်ပါတယ်.....ကဲ...ကျွန်တော်က system information ကြည့်ပြပါမယ်..
ကဲ...ရတယ်ဟုတ်... Windows Server ကို command ကနေ manage လုပ်မယ် ဆိုရင်တော့ သင့်အနေ နဲ့ windows powershell နဲ့  microsoft command များကိုနိုင်နင်းကျွမ်းကျင်စွာအသုံးပြုတတ်မယ်ဆိုရင် ပိုမိုအဆင်ပြေမယ်ဖြစ်ပါကြောင်းရေးသားလိုက်ရပါတယ်...
အားလုံးပဲပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေ....
Phyo Sithu





No comments:
Post a Comment