တခါတလေ server မှာကိုယ်က file တစ်ခုကိုဖျက်လိုက်တယ်...ဖျက်ပြီးတော့မှပြန်လိုချင်တယ်...ပြန်မရလို့ လည်းမဖြစ်နိုင်အောင်အ ရေးကြီးတယ်......file server က share သုံးရတာဆိုတော့ ကိုယ့် file ကို share အတူတူသုံးတဲ့သူတစ်ယောက်ယောက်ကမတော်တဆ မှားဖျက်မိတာမျိုးလည်းဖြစ်နိုင်တယ်...ဒီလိုအ ခြေအ နေမျိုးမှာ ကိုယ့် file ကို ပြန်ရဖို့ အတွက် IT အနေနဲ့ recycle bin လိုမျိုးလုပ်ထားသင့်ပါတယ်
ကျွန်တော်တို့ ဟာ FOSS software တွေနဲ့ file server တစ်ခုကိုအလွယ်တကူတည်ဆောက်နိုင်ပါတယ်.... ကျွန်တော်ကတော့ samba ကိုအကြိုက်ဆုံးပါ....ဘာလို့ samba ကိုကြိုက်ရတာလဲဆိုတော့ ရိုးရိုးသာမန် share လို့ရသလို user level အလိုက် role တွေ ..right တွေနဲ့လည်း share လို့ရတယ်....အဲလိုပဲ group level အလိုက်လည်း permission shared တွေထားလို့ရတယ်....နောက်ဆုံး LDAP လိုမျိုး directory server အနေနဲ့ သုံးလို့ရပါတယ်....ရိုးရိုး user တွေအတွက်လည်း ခဲရာခဲဆစ်တွေမလိုသလို geek admin တွေအတွက်လည်း CLI တွေနဲ့ ကြိုက်ရာ administration လုပ်နိုင်ပါတယ်
ကျွန်တော့်ရဲ့ file server မှာ bank account file တစ်ခုရှိပါတယ်..အရေး ကြီးတဲ့ ဘဏ်စာရင်းကိုမှတ်ထား ပါတယ်....အဲဒီ file ကို တစ်ခြားတစ်ယောက်ယောက်က မလိုဘူးထင်ပြီးဖျက်ချလိုက်ပါတယ်...share ဆိုတော့ access ရတဲ့သူအချင်းချင်းက right တွေတူနေတော့ အ ခြားတစ်ယောက်က ဖျက်လို့ရတယ်...
ဖျက်လိုက်တာမှ shift + delete နဲ့ ကိုဖျက်လိုက်တာ....
ဘဏ့်အကောင့်ဆိုတော့ မ ဖြစ်မနေကို ပြန်ရရမှဖြစ်မှာ......ဒီတော့ file server မှာ Recycle Bin လိုမျိုးမရှိရင် ကိစ္စအ ကြီးကြီးဖြစ်ပြီပေါ့.....ဒါပေမယ့်ကျွန်တော့် Server Admin ကသတိရှိတယ်...ဒီလိုမျိုးတွေကြုံလာနိုင် တာကို သိလို့ Recycle Bin လုပ်ထားတယ်....
Server Admin ဆိုတော့ CLI console နဲ့ Recycle Bin ကို၀င်ကြည့်ပါတယ်....ခုနကဖျက်လိုက်တဲ့ Test-33.txt အပြင် တ ခြားဖျက်ထားတဲ့ file တွေကိုပါရှာနိုင်ပါတယ်....ကျွန်တော်တို့ လိုနေတာက Test-33 ဖြစ်လို့ အထဲက data တွေပါပြန်ရမရ confirm လုပ်ပါတယ်....
ကဲ...ဖတ်ကြည့်လိုက်တော့...data လည်းရှိတယ်ဆိုတော့...file ကိုအကောင်းအတိုင်းပြန်ရတာပေါ့......server admin က အဲဒီ file ကိုပြန်ထုတ်ပေးနိုင်ပါပြီ....ကဲ..storage admin တိုင်းအတွက် Backup & Recovery အတွက်....Recycle Bin ဆိုတာလိုအပ်ပါကြောင်းရေးသားလိုက်ရပါတယ်...
လေးစားစွာဖြင့်
Phyo Sithu 




No comments:
Post a Comment