Thursday, December 12, 2019

Kaspersky Cybersecurity Fundamental Certification .....

ဒီနေ့ခေတ်မှာ cyber security နဲ့ပတ်သက်ပြီး ခြိမ်း ခြောက်မှုတွေ...အနိုင်ကျင့်စော်ကားမှုတွေ....ခြိမ်း‌ခြောက် ငွေညှစ်တာတွေ....အ ကြမ်းဖက်မှုတွေ....တစ်နေ့ထက်တစ်နေ့ပိုများလာပါတယ်... Antivirus လောက မှာနာမည်ကြီးတဲ့ Kaspersky က Cybersecurity Fundamental နဲ့ ပတ်သက်တဲ့ Certifcation Program တစ်ခုကိုမိတ်ဆက်လိုက်ပါတယ်...Fundamental လို့ သာပြောတာ...တကယ်ကတော့ Cyber Security နဲ့ ပတ်သက် ပြီး သိသင့်သိထိုက်တဲ့အကြောင်းအရာတွေကိုလေ့ကျင့်သင်ကြားပေးတဲ့အတွက်  တကယ် ကောင်းတဲ့ program တစ်ခုပါပဲ


...ဒီ Certification အတွက်ကျွမ်းကျင်ပိုင်နိုင်ရမယ့်.domain က ၉ ခုရှိပါတယ်...အဲဒီ ၉ ခုကိုကျွမ်းကျွမ်းကျင်ကျင်နားလည်ထားမှသာ Certification Exam ကိုဖြေနိုင်မှာဖြစ်ပါ တယ်...အဲဒီ domain တွေကတော့

  • Cybersecurity concepts
  • Computer architecture
  • Operating systems
  • Malware analysis
  • Corporate cybersecurity
  • Cryptography
  • Network security
  • Application security
  • Incident response and digital forensics

မေးခွန်းတွေက multiple-choice, single-choice, True/False ပုံစံပါ...ဖြေဆိုချိန် ၁ နာရီ ၃၀ မိနစ်ပေးပါတယ်...မေးခွန်းတွေက random တွေ များပါတယ်...ဆိုလိုတာက ဒီတစ်ခေါက် ဒါမေးလို့ နောက်တစ် ကြိမ် ဒါကိုပဲ ပြန်မေးမှာမဟုတ်ပါဘူး.... resit ၃ ကြိမ်ပေးပါတယ်....၃ ကြိမ်ဖြေဆိုခွင့်ပေးပါ တယ်...၃ ကြိမ်လုံးမအောင်ဘူးဆိုရင် အချိန်ကာလတစ်ခုအထိ(၃ လ ) ပြန်စောင့်ရပါတယ်...



kaspersky site မှာ register လုပ် ပြီးတာနဲ့ Cybersecurity Fundamental ဖြေဖို့ access code တောင်းရပါတယ်....ပြီးရင်တော့ ဖြေဆိုနိုင်ပါပြီ.......စာမေးပွဲပုံစံကတော့ open-book ဖြစ်ပါတယ်... reference လေ့လာစရာထဲကတိုက်ရိုက်မေးတဲ့မေးခွန်းမျိုးကနည်းနည်းပဲပါပါတယ်...knowledge ပိုင်းစစ်တဲ့ မေးခွန်းတွေပိုများပါတယ်.....

‌ဖြေဆိုချိန် ၁ နာရီခွဲအတွင်းမှာ မေးခွန်းတွေကိုပြီးအောင်ဖြေရမှာဖြစ်သလို မေးခွန်းတွေကခက်ပါတယ်...တချို့ မေးခွန်းတွေက Theory ဆန်ဆန်မေးတာတွေရှိသလို ..တချို့မေးခွန်းတွေက quiz လိုမျိုးဖြေရတာတွေလည်းရှိတယ် ...တချို့မေးခွန်းတွေကတော့ pratical ဆန်ဆန်ဆိုတော့... Cyber security နဲ့ပတ်သက်တဲ့ theory + pratical + quiz တွေကိုကျေညက်စွာတတ်သိနားလည်ထားဖို့လိုအပ်ပါတယ်...

မေးခွန်းတိုင်းကိုအချိန်ကိုက်ဖြေဆိုဖို့လိုအပ်တယ်.....ခက်ခဲတဲ့အဲဒီအချိန် တစ်နာရီခွဲကို ခက်ခဲ ပင်ပန်းစွာကျော်ဖြတ် ပြီးတဲ့နောက်....




အောင်တဲ့ grade နဲ့ certificate ရပါပြီ.... Certificate ကချက်ချင်းထွက်ပါတယ်....Certificate မှာ သင်ရိုးကိုးခု လုံးရဲ့ icon လေးတွေပါ၀င်ပါတယ်.....


ဒီ Certificate ဟာ သက်တမ်း နှစ်နှစ်ရှိပါတယ်...နှစ်နှစ်ကျော်ရင် re-certify ပြန်လုပ်ရပါတယ်...နည်းပညာ အသစ်တွေဟာ အ မြဲ update ရှိတဲ့အတွက် အသစ် တော့ပြန်ဖြေရပါတယ်.....

Good Luck .... it will update your Cybersecurity Knowledge. I will assure this exam is very fantastic and good to you.


Best Regards,
Phyo Sithu





No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...