Friday, July 10, 2020

G-suite ရဲ့ Network Troubleshooting Tools

G-Suite ကိုတော့ တော်တော်များများသုံးဖူးကြပါလိမ့်မယ်...Domain Man‌agement တို့... Email Management တို့ ...user management တို့.... Googl Service & Authentication Management တို့ကိုသုံးနိုင်သလိုအခု ကျွန်တော်တို့ ကလည်း G-suite ရဲ့  Network Troubleshooting Tool လေးတွေကိုသုံးပြီး Network Error တွေ..Network Troubleshooting လုပ်ကြမယ်ဗျာ
အရင်ဆုံးကျွန်တော်တို့ဟာ G-Suite Tools ထဲကိုသွားပါတယ်

အရင်ဆုံးကျွန်တော်တို့ဟာ Email Checker ကနေ Email စစ်ကြည့်ပါမယ် 

ဒါကတော့ ကိုယ်ပို့မယ် email တကယ်ရှိမရှိစစ်တာပါ......အခုက sender ကော..receiver ‌ကောရှိတဲ့အတွက် ပို့လို့ရတယ်...လက်ခံလို့ရတယ်ပေါ့ဗျာ

နောက်တစ်ခုက DNS Lookup ကြည့်ကြမယ်...


DNS ရယ်လို့ပြောလိုက်ရင် web address ( www.microsoft.com) လို့ဆိုလိုက်တာနဲ့ Name Server Address တွေ ( IP address (သို့) Web address)  တွေရှိရမယ်....အဲဒီ Name Server Address တွေရဲ့  TTL ( Time To Leave) Value တွေလည်းရှိရမယ်.......ဒါမှသာကျွန်‌တော်တို့ဟာ အဲဒီ server ကို ping လို့ရမှာပေါ့ဗျာ.( Web Server တစ်ခုမှာ သူ့ရဲ့ configuration ကိုမူတည်ပြီး TTL  value တွေကသီးခြားစီရှိနေတတ်ပါတယ်....)

ကဲ...Host A record..... ဒါကတောာ့ရှင်းပါတယ်...Domain လို့ဆိုတာနဲ့ ကျွန်တော်တို့ က Web address တိုင်းကို IP address တွေအနေနဲ့မမှတ်သားနိုင်ပါဘူး....ဒီတော့ ကျွန်တော်တို့က Web Browser ( Google Chrome တို့... Mozilla Firefox တို့မှာ)မှာ microsoft.com လို့ပဲရိုက်ပြီးရှာတာပိုလွယ်တယ်...ဒါပေမယ့် computer တွေ.. devices တွေရဲ့  networking mechanism အရ ကျွန်တော်တို့ ရိုက်လိုက်တဲ့ microsoft.com ကို IP address အ ဖြစ်ပြောင်းပြီးအဆင့်ဆင့် ရှာပါတယ် ( ဒီ function ကတော့ domain DNS ကအလုပ်ပေးပါတယ်)

MX Record ....ဒါကိုတော့ Email Service အတွက်သုံးပါတယ်...ပုံမှာကြည့်ပါ...Microsoft Outlook Mail System ဆီကိုချိတ်ဆက်ပေးသွားမယ့် Target ရှိသလို TTL value ကိုလည့်တွေ့နိုင်ပါတယ် 


TXT record ကတော့ Domain Authentication တွေ...setting တွေကို Text အနေနဲ့သိမ်းထားတဲ့ Record ဖြစ်ပါတယ်

SOA ဆိုတဲ့ Start of Authority ကတော့ Zone နဲ့ပတ်သက်တဲ့ administrative information တွေကို manage လုပ်ပေးတဲ့ Domain Function တစ်ခုပါ ( AXFR တို့... Zone Transfer တို့အတွက်သုံးပါတယ်....) ....

 ဒါတွေက Domain နဲ့ ပတ်သက်လို့ကျွန်တော်တို့အနေနဲ့ ကြည့်နိုင်တာတွေပါ.....Domain DNS နဲ့ ပတ်သက်လို့ အသေးစိတ်ကြည့်ချင်ရင် Microsoft Active Directory Configuration & Installation ကိုသေသေချာချာ ဖတ် ကြည့်ရင် ပိုအဆင်‌ပြေပါလိမ့်မယ် 




Ping ကတော့ တော်တော်များများသိပြီးသားမို့လို့ Reply ပြန်တဲ့အတွက် Microsoft Server Online ရှိနေတယ်ပေါ့ဗျာ...


Whois ကတော့ Domain နဲ့ ပတ်သက်တဲ့ Registration Information တွေကို ရှာနိုင်ပါတယ်....


Trace route လည်း Network Admin တွေသုံးတဲ့ tool တစ်ခုပါပဲ 




ကိုယ့်ရဲ့  IP Location ကိုလည်းသိနိုင်တယ် 

နောက်ပိတ်ဆုံး...Speed Test စစ်မယ်ဗျာ



ဒါကတော့ G-suite Tools လေးတွေကိုသုံးပြီးတော့ ကျွန်တော်တို့ troubleshooting လုပ်နိုင်တယ်ဆိုတာကို  tutorial post လေးအနေနဲ့ရေးသားလိုက်ရပါတယ်....အားလုံးပဲပညာဗဟုသုတ ကြွယ်၀တိုးတက်ကြပါစေဗျာ




လေးစားစွာဖြင့်
Phyo Sithu 

No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...