လွန်ခဲ့တဲ့ ၁၀ စုနှစ်များဆီက Windows 95တို့...windows 98 တို့ကအစပြုပြီး အခု အချိန်အထိသုံးစွဲနေကြတဲ့ Microsoft Outlook ဟာအခုအချိန်မှာခေတ်စနစ်လိုအပ်ချက်နဲ့ကိုက်ညီစွာ အသုံးတည့်..အသုံး၀င်လျက်ရှိနေပါတယ်..Microsoft ရဲ့ နောက်ဆုံးထုတ် Office 365 နဲ့လည်းအသုံးတည့်လျက်ရှိပါတယ်
Email နဲ့ပတ်သက်လို့ရှေ့မှာလည်း တော်တော်ရေးခဲ့ပြီ... Web browser တွေဖြစ်တဲ့ Firefox တို့.. .Google Chrome တို့ကနေ http://gmail.com တို့လို့ http://outlook.com တို့လိုမျိုး web URL ကနေ mail access သုံးတာကို Web Mail လို့ သတ်မှတ်ပါတယ်....
တကယ်လို့ သင့် Network ထဲမှာ သင့် company ကိုကိုယ်စားပြုတဲ့ domain လည်းရှိတယ်... Email Server လည်းရှိတယ်....သင့်စက်မှာ Microsoft Outlook တို့... Mozilla Thunderbird တို့လိုမျိုး Mail Client Program တစ်ခုခုကနေသုံးရတဲ့ Email မျိုးကိုတော့ Mail Client လို့အကြမ်းဖျင်းသတ်မှတ်ပါတယ်....
အရင်တုန်းကတော့ domain server တွေ...Email Server တွေအတွက် Physical Server Room တွေ.. Data Center ကြီးတွေဆောက်ပြီး on-premise သုံးခဲ့ကြပေမယ့်အခု ခေတ်ကျတော့ Digital Ocean တို့ AWS တို့ Microsoft Azure တို့လို Google Gsuite တို့လို...Microsoft Office 365တို့လို... cloud platform တွေကနေ domain တွေ... Email Server တွေကို သင့် visa card ထဲမှာ ငွေရှိသလောက်ဆောက်နိုင်တဲ့ခေတ်ဆိုတော့ ပိုမိုလွယ်ကူလာပါပြီ....
အခု post မှာတော့ ကျွန်တော်တို့ဟာ Microsoft Outlook Setting Test Configuration mail တစ်စောင်ကိုပို့တဲ့အခါ ကိုယ့်စက်ကနေ Mail Server ( Cloud မှာ host လုပ်ထားတဲ့ mail server) ကေနတဆင့် Receiving ( POP3) နဲ့ Sending ( SMTP) configuration test ကိုနောက်ကွယ်မှာအလုပ်ဘယ်လိုလုပ်သလဲ ဆိုတာရယ်... secure ဖြစ်အောင် SSL/TLS ကို enforce လုပ်တဲ့ အကြောင်းကိုလေ့လာပါမယ်
ပထမ...Mail Receive( POP3) ကိုအရင်စမ်းပါတယ်.... POP3 port ကို( secure : SSL) အသုံး ပြုပြီး user login လုပ်ပါတယ်...login success ဖြစ်တဲ့အခါကျမှသာ သင့် mail box ထဲကို ၀င်လာတဲ့ email တွေကို receive လုပ်နိုင်မှာ ဖြစ်ပါတယ် ....
နောက်တခါ Email Send( SMTP) ကိုစမ်းပါတယ်.....SMTP port ကို( secure: TLS) အသုံးပြုပြီး test mail ကိုပို့ပါတယ်
ကျွန်တော်တို့ဟာ email security ကိုအလေးအနက်ထားတဲ့အတွက် secure POP3 နဲ့ secure SMTP တို့ကိုသုံး တာပါ...encrypted string တွေနဲ့ပဲ data တွေဟာသွားနေပါမယ်....ဒါကတော့ ကျွန်တော်တို့ဟာ မြင်ရခဲတဲ့ backend process တွေကိုကြည့်နေကြတာပါ ...တကယ်ကတော့ မြင်ရမှာကတော့...
ကဲ...ခုနကျွန်တော်တို့ဟာ Microsoft Test Mail ပို့လိုက်ပါတယ်... GUI မှာဒီလိုမြင်ရပါတယ်
ဒါက test mail ပါ.... notification လည်းတွေ့ရပါလိမ့်မယ်
ကဲ...ဟုတ်ပါပြီ.... email စာသားတွေဟာ secure ဖြစ်မဖြစ်. ဘယ်လိုသိရပါမလဲ....backend ကိုကြည့်လိုက်တဲ့အခါ
ကဲ.....ကိုယ်ပို့တဲ့စာတွေဟာ secure သုံးတဲ့အတွက် စာတွေကိုဖတ်လို့မရပါဘူး....ကြားဖြတ်ဖမ်းယူမိနိုင်တယ်ဆိုရင်တောင် encrypted string တွေကို decrypt လုပ်ဖို့မလွယ်လှပါဘူး.....ဒါက test email တစ်စောင်ကို send/ receive လုပ်တဲ့အခါ နောက်ကွယ်ကဘာတွေအလုပ်လုပ်တယ်... secure ဖြစ်တဲ့အားသာချက်ကဘာလဲ...ဆိုတာကို သိနိုင်လောက်ပြီထင်ပါတယ်....ဒါကတော့ medium security email လုပ်တာဖြစ်ပါတယ်....
နောက် post မှာ high secure email အ ကြောင်းထပ်တင်ပေးပါဦီးမယ်...အားလုံးပဲပညာဗဟုသုတ ကြွယ်၀တိုးတက်ကြပါစေ
လေးစားစွာဖြင့်
Phyo Sithu Maung






No comments:
Post a Comment