.ကိုယ့် blog လေးကိုလှည့်မကြည့်ဖြစ်တာ နဲ့မရေးဖြစ်တာကလည်းကြာပြီ...Facebook တို့အခြား social တွေမှာပဲ ကျင်လည်နေရင်းနဲ့ အခုရက်ပိုင်း ကိုယ့်ရဲ့ site လေးဖြစ်တဲ့ itkophyo.tk ကို ကိုယ်ကိုတိုင်ပဲ Security Audit စစ်ဖြစ် နေတယ်...အဲတာကြောင်ဒီရက်ပိုင်းမှာ itkophyo.tk site က down လိုက် up လိုက်ဖြစ်နေပါမယ်...ဒီ blog မှာတော့ အပြောင်းအလဲမရှိပါဘူး....ရေးထားပြီးသမျှကိုဒီမှာပဲတင်ပါမယ်....
ဟိုးလွန်ခဲ့တဲ့ 2013 လောက်တုန်းက itkophyo.tk site လေးအဖောက်ခံရ ပါတယ်...အဲဒီတုန်းကလူမျိုးရေးခွဲခြားတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးမြန်မာစာနဲ့ရေးထားတာတွေကိုလိုက်ပြီး လုပ်ကြတာဆိုတော့ ကျွန်တော့် site လေးပါပါသွားတယ်....အဲဒီတုန်းက security ဆိုတာကိုဘာမှနားမလည်ပဲ မျက်ကန်းတစ္ဆေမကြောက်လုပ်ခဲ့တာ ပေါ့....
ကျွန်တော်တို့ဆီမှာ နည်းပညာအားနည်းတာလည်းပါတာပေါ့ဗျာ..ဆိုတော့ နောက်ပိုင်းလုပ်ငန်း အတွေ့အကြုံတွေရယ်...သင်တန်းတွေ...Certification တွေအတွက်လုံးပမ်းရ တဲ့အချိန်ကျတော့မှ ကိုယ် မျက်ကန်းတစ္ဆေမကြောက်လုပ်ခဲ့တာတွေကို နားလည်မိတော့တယ် ...
နောက်ပိုင်းကတော့ ဆက်လည်းမလုပ်ဖြစ်တော့.....အခုတလောပိုင်းမှာ itkophyo.tk site လေးကိုပြန်စစ်ကြည့် တဲ့အခါ Vulnerabilities အများအပြားကိုတွေ့ရတဲ့အတွက် Security ပိုင်းဆိုင်ရာအရ စိတ်မချရလို့ ....အဲဒီ site လေးမှာဘာမှမတင်တော့ပါဘူး ...ဖတ်ရှုတဲ့သူတွေကိုလည်းအားနာပါတယ်...
နောက်ပိုင်းမှာ တင်မယ့် post အသစ်တွေကိုလည်း ကျွန်တော်တို့ရဲ့ ဒီ blog လေးမှာပဲလာဖတ်ကြည့်ကြပါဗျာ...
အဆင်မပြေမှုများအတွက် တောင်းပန်ပါတယ်....
လေးစားစွာဖြင့်
Phyo Sithu Maung
No comments:
Post a Comment