Friday, February 17, 2012
ပူးပေါင်းဆောင်ရွက်တတ်ပါစေ ...
လူတိုင်းလူတိုင်းမှာအသိပညာ၊အတတ်ပညာကိုယ်စီရှိကြပါတယ်...
တစ်ဦးနဲ့ တစ်ဦးတူချင်မှတူပါလိမ့်မယ်(ကိုယ်ကျွမ်းကျင်တာနဲ့ 
သူကျွမ်းကျင်တာနဲ့ လည်းမတူနိုင်ဖို့ ကများပါတယ်)..အလုပ်တစ်ခုခု
အသင်းအဖွဲ့ တစ်ခုခုမှာ လူအားလုံးစုပြီးတော့အလုပ်လုပ်ကြမယ်ဆိုရင်
များသောအားဖြင့်မတူညီသောရောစပ်ခြင်းတွေကိုကြုံတွေ့ ရပါတယ်..
လူတစ်ဦးတစ်ယောက်ချင်းကြီးပြင်းရှင်သန်လာခဲ့ရတဲ့ ကျင်လည်လာခဲ့
ရတဲ့ ဘ၀အတွေ့ အကြုံတွေမတူကြတာနဲ့ အမျှ..သဘောထားတွေ
ရှုမြင်သုံးသပ်ပုံတွေလည်းကွဲပြားခြားနားကြမှာအမှန်ပါ....သဘောကွဲလွဲ
မှုတွေလည်းရှိနိုင်ကြပါလိမ့်မယ်....
အဲဒီလိုအခါမျိုးမှာ သူ့ ဘက်ကိုယ့်ဘက်မျှမျှတတရှိဖို့ တစ်ဖက်စောင်းနင်း
ဖြစ်မနေဖို့ မိမိအသိဥာဏ်ကိုထိန်းချုပ်ပြုပြင်နိုင်ဖို့ လိုပါတယ်....
ပညာ၊စီးပွားဓန၊လူမှုရေး အစစကွဲပြားတဲ့သူတွေအချင်းချင်းစုစည်းပြီး
အလုပ်တစ်ခုအတွက်စုပေါင်းနေကြရတာပါ။ဒီတော့ကာ....ကိုယ့်ဘက်
သူ့ ဘက်အဆင်ပြေပြေရှိဖို့ ဆိုရင်တော့ကိုယ်ချင်းစာစိတ်နဲ့ အားလုံးကို
ဆက်ဆံပါ....လောကကြီးမှာ Give and Take ပါ.....ကိုယ်ကအရင်စပေးမှ
ကိုယ့်ကိုသူကပြန်တုံ့ ပြန်မှာပါ.......အဲဒီလိုဖြစ်ဖို့ အတွက်ကို ကိုယ့်စိတ်ထဲမှာ
လည်းရှင်းရှင်းလင်းလင်းဖြစ်နေရပါမယ်...အစွဲတွေကိုဖြုတ်ပြီးမှန်ကန်တဲ့
နည်းလမ်းဆိုရင်လက်ခံရပါမယ်...တစ်ချို့ သောလူတွေကခေါင်းမာတတ်ကြပါစေ
မှားလည်းဇွတ်...မှန်လည်းဇွတ်ပါ....လူလူချင်းကိုစာနာနားလည်ပေးပါ....
ဒါဆိုရင်လူတွေနဲ့ ပူးပေါင်းဆောင်ရွက်တတ်လာပါလိမ့်မယ်...
တစ်ချို့ လူတွေကမာန်ကြီးကြီးနဲ့ ပြောတတ်ကြတယ်....ဘယ်သူမှမရှိလည်းနေလို့ 
ရတယ်တဲ့...မှန်သင့်သလောက်မှန်ပေမဲ့ ပတ်ဝန်းကျင်ဆိုတာ လူသားတွေအတွက်
လိုအပ်ပါတယ်......ဒီတော့အမျိုးမျိုးအထွေထွေရှိကြတဲ့ ဒီလူ့ ပတ်ဝန်းကျင်ကြီးမှာ
လူတိုင်းနဲ့ အဆင်ပြေအောင်နေနိုင်ဖို့ ဆိုတာတော့မလွယ်ကူတဲ့အရာပါ...ဒါပေမဲ့လည်း
နိုင်ပြီးသူနဲ့ အဆင်ပြေအောင်နေနိုင်မှာဖြစ်ပါတယ်....အဲဒီတော့ကိုယ်ချင်းစာပါ...
ကိုယ့်ဘက်ကပေးနိုင်သလောက်ပေးပါ..(ကိုယ့်မှာရှိမှပေးလို့ ရတာပါ)
သူများပြောတာကိုနားထောင်တတ်တဲ့ နားတစ်စုံရှိပါစေ........ကိုယ့်စိတ်ကိုရှင်း
အောင်ထားပါ....ကိုယ့်ဟာကိုယ်ပတ်သက်နေရတဲ့ အလုပ်မှာဝန်ထုပ်ဝန်ပိုးတစ်ခု
မဖြစ်ပါစေနဲ့ ....ကိုယ့်ကိုကိုယ်အားကိုးပါ.....အလုပ်ကိုကိုယ်တိုင်လုပ်ပါ....
စိတ်ရှည်ပါ...သည်းခံပါ(လူ့ စိတ်ဆိုတာကိုနားလည်မှအဲဒါကိုလုပ်လို့ ရမှာပါ)
သူသည်ကိုယ့်မဟုတ်တဲ့အတွက်တစ်ချို့ နေရာတွေမှာကွဲလွဲမှုတွေရှိနိုင်တယ်
ဆိုတာကိုလည်းနားလည်သဘောပေါက်ထားရပါမယ်....လုပ်ဆောင်တဲ့ နေရာ
မှလည်းစေတနာကောင်းထားပြီးလုပ်ပေးပါ(ကိုယ့်စေတနာကိုယ့်ကိုပြန်အကျိုး
ပေးပါတယ်...)...
ဒါဆိုရင်သင်ဟာသင့်ပတ်ဝန်းကျင်မှာအကောင်းဆုံးပူးပေါင်းဆောင်ရွက်တတ်သူ
ဖြစ်လာပါလိမ့်မယ်..
လူအများနဲ့ အဆင်ပြေအောင်နေနိုင်တယ်ဆိုတာသင့်အရည်အချင်းဖြစ်ပါစေ.....
တစ်ဦးကောင်းတစ်ယောက်ကောင်းတော်သူများထက်အသင်းအဖွဲ့ ကို
အကျိုးပြုနိုင်သောပူးပေါင်းဆောင်ရွက်သူကောင်းတစ်ယောက်ဖြစ်နိုင်ကြပါစေ.....
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...