![]()  | 
| Laptop ထဲမှာအခန့် သားတွေ့ ရတဲ့ မောင် hard disk | 
"အတွေ့ အကြုံချင်းယှဉ်လို့ ရှိရင် old service တွေကသာတယ်" ဆိုတဲ့စကား
ကိုလက်ခံတယ်ဗျ....ဟိုးတစ်လောတုန်းကပါ....ကျွန်တော့်အသိတစ်ယောက်
ရဲ့ အဒေါ်ပေါ့.....သူ့ ရုံးမှာ computer ကပျက်ရော....အရင်ကဆိုအဲဒီစက်ကို
ကျွန်တော်ပဲကြည့်နေကျဗျ..ကျွန်တော်ကအကြောင်းတစ်ခုနဲ့ ခရီးထွက်သွား
နေတော့သူကလည်းအလုပ်အရေးကြီးနေတာနဲ့ စက်ကိုပြင်ပကဆိုင်လေးတစ်ခု
မှာသွားအပ်ကော.....အဲဒီဆိုင်လေးကပညာရှင်လေးကလာကြည့်ပြီးတော့
harddisk ပျက်သွားတယ်ဆိုပဲ...အဲဒါနဲ့ ကျွန်တော့်ဆီအဲဒီသတင်းကရောက်
လာကော...ကျွန်တော်ကလည်းမေးလိုက်တယ်...harddisk ပျက်တယ်ဆိုတာ
သေချာသလားလို့ ...နောက်အငွေ့ တွေဘာတွေကောထွက်သလား...ညှော်နံ့ 
ကောရသလားလို့ မေးလိုက်ပါတယ်...(physicial damage ဖြစ်တာလားဆိုတာ
ကိုပေါ့)ဘာမှမဖြစ်ဖူးတဲ့..ဒါဆိုရင် logic board လောင်သွားတာဖြစ်လိမ့်မယ်....
လို့ ပြောတောမယုံဖူးဗျ...ဟိုပညာရှင်လေးပြောသွားတာကိုသူ့ စိတ်ထဲမှာလည်း
တော်တော်စိတ်မကောင်းနဲ့ မတင်မကျဖြစ်ပြီး(ဖြစ်ချင်တော့သူ့ စက်ထဲမှာ
datas တွေအများကြီးရှိပြီးအရေးကြီးတဲ့အနေအထားပါ)
ကျွန်တော်ခရီးကပြန်ရောက်တော့အဲဒီစက်ကိုသွားကြည့် logic board ပျက်တာ
သေချာတယ်ဆိုတာကို ပြခဲ့တယ်ဗျ.....logic board မရှိရင် harddisk က
တကယ့်ကိုအသက်မဲ့တယ်လို့ ပြောလို့ ရတယ်....အဲဒါနဲ့ logic board လဲပေး
ခဲ့ပြီးပြင်ပေးလိုက်ပါတယ်......သူကမေးတာပေါ့..ဟိုပညာရှင်လေးကပြောတော့
မရဖူး...မင်းလုပ်သွားတော့လည်းဟုတ်နေတာပဲတဲ့...ဒါကတော့အတွေ့ အကြုံ
တွေ ပေါ့ဗျာ..လို့ ဖြေခဲ့ပါတယ်...
![]()  | 
|ူlogic board ရဲ့ တည်နေရာ | 
ူlogic board လို့ ခေါ်ပါတယ်...အဲဒီဟာသာမရှိရင် harddisk ကအလုပ်မလုပ်ပါ....
အထဲက disk နဲ့ read/write တွေကိုအဲဒီ logic board ကထိန်းချုပ်ပေးပြီးတော့
Operating System တစ်ခုလုံးကိုမောင်းနှင်ပေးပါတယ်...
![]()  | 
| seagate harddisk logic boardလေး | 
board တွေကသူတို့ ထုတ်လုပ်တဲ့ vendor အလိုက်ပုံစံလေးတွေမျိုးစုံရှိတတ်ပါတယ်...
ခပ်စောင်းစောင်းဒီဇိုင်းလေးတွေကော....ခုလို လေးထောင့်စပ်စပ်လေးတွေကောပေါ့
circuit model number နဲ့ သီးသန့် ရှိကြပါတယ်...
![]()  | 
| ပုံ-၁ -logic board ပုံစံ | 
| ပုံ-၂ ဒါကတော့ harddisk တစ်လုံးလုံးရဲ့ ဖွဲ့ စည်းပုံပါ...logic board ကိုတော့ PCB | အနေနဲ့ ပြထားပါတယ် | 
![]()  | 
| ပုံ-၃ -logic board ပုံစံတစ်မျိုး | 
harddisk တစ်ခုလုံးသုံးစားလို့ မရဖြစ်တတ်ပါတယ်....
နောက် တစ်ချို့ harddisk တွေက စက်ဖွင့်ထားရင်းနဲ့ အသံမြည်တတ်ပြီးကြာလာရင်
့harddisk ကပျက်ချင်သလိုလိုဖြစ်လာကော....ဒါကြောင့်ကိုယ့်စက်ကိုသုံးတဲ့အခါ
မီးအားအတက်အကျတွေကြောင့် harddisk logic board တွေ motherboard
တွေထိတတ်တယ်....ဒါကြောင့် UPS ကောင်းကောင်းလေးတွေသုံးစေချင်ပါတယ်....
ခုဆိုရင် logic board ဆိုတာ harddisk အတွက်ဘယ်လောက်အရေးကြီးသလဲဆို
တာသိလောက်ပီထင်တယ်နော်....
ပညာပြည့်ဝနှလုံးလှကြပါစေ





No comments:
Post a Comment