ဟန်ဆောင်မျက်နှာတွေထက်
အရယ်အပြုံးတုများစွာစွပ်ရင်း
တစ်ယောက်ကိုတစ်ယောက်
လှည့်စားလိမ်ညာနေတာ
အရသာတစ်မျိုးလား....?
စိတ်ထဲဝယ်မုန်းတီးခြင်း
ရင်နဲ့ မဆံ့အောင်များနေလည်း
အပြုံးတုတွေ၊သကြားအုပ်စကားလုံးတွေ
နဲ့ ........
သုံးနေကြရတာပဲလေ
အချင်းချင်းဆိုတဲ့စည်းဝိုင်းတွင်း
မြေခွေးလိုကောက်ကျစ်စဉ်းလဲမှု
မြွေလိုအငြိုးနဲ့ ကလဲ့စား......
ခြင်္သေလိုဒေါသထန်ရန်လိုခြင်း
အလစ်မှချောင်းပြီးတိုက်သူ
ကျားငစဉ်းလဲရဲ့ ပရိယာယ်များစွာ
မျက်နှာဖုံးမလိုအလိုလို
မြင်ခွင့်ရချင်တယ်....
ငါ့မျက်လုံးတွေ
ခပ်ဝါးဝါးဖြစ်နေတာ
ဝမ်းနည်းစရာပဲ....
အပြစ်တစ်ခုအတွက်
ကြောင်ချေးဖုံးလူကြောင်တွေအတွက်
မျက်နှာဖုံးဆိုတာမရှိမဖြစ်ပေါ့.....
(2004 ကျောင်းတက်စဉ်ကရေးခဲ့သောကဗျာ)

No comments:
Post a Comment