ကျွန်တော်တို့ တွေ online တက်ပြီး mail သုံးကြမယ်...အခြားအချက်အလက်တွေရှာကြမယ်ဆိုရင်
လူတော်တော်များများက firefox အသုံးပြုတတ်ကြပါတယ်.....firefox ရဲ့ အားသာချက်တွေက
ကျွန်တော်တို့ သုံးစွဲသူတွေကိုကျေနပ်နှစ်သက်စေခဲ့တယ်....( tab အများကြီးနဲ့ ကိုယ်
ကြည့်ချင်တဲ့ webများကိုကြည့်နိုင်တယ်,Plug-in တွေ ,Add-on တွေကိုထည့်ပြီတော့ကိုယ်လိုချင်တဲ့
data တွေကိုရယူနိုင်တယ်...ဥပမာ-Internet Download Manager သုံးခွင့်မရှိတဲ့စက်တွေမှာ
်flv video တွေကိုဘယ်လို download လုပ်နိုင်မလဲ.....စဉ်းစားနော်...IDM မရှိပဲနဲ့ browser ကနေ
download လုပ်ရမှာ....လုပ်ချင်ရင် Tools Menus ထဲကနေ Add-on ကနေပြီးတော့ Youtube
downloader ဆိုတာရိုက်ထည့်လိုက် ...box လေးတစ်ခုကျလာပြီးတော့ flv တွေဒေါင်းလို့ ရမယ့်
add-on တွေပေါ်လာမယ်...အဲဒီထဲကနေကြိုက်ရာကိုဒေါင်းလုပ်လုပ်ပြီးတော့ browser ကို reset
ချ(ပိတ်ပြီးပြန်ဖွင့်ပါ...firefoxကို).... firefox ပြန်တက်လာရင်ကိုယ်ကြည့်နေတဲ့ flv ကိုကြည့်ရင်းနဲ့ 
တစ်ပြိုင်နက်တည်းဒေါင်းလို့ ရပါပြီ...တစ်ချို့ Add-on တွေက address bar မှာပေါ်တတ်သလိုအချို့ ကလည်း browser ရဲ့ အောက်၊နောက်ပြီး address bar အောက်ဘက်မှာကပ်
လျက်ရှိတတ်ကြပါတယ်....ပြောချင်တာကတော့ Add-on အသုံးဝင်ပုံလေးပါ...ဟီး...ပြောဖြစ်သွားတာ
ကတော့ flv video download ဖြစ်သွားတယ်.....နောက်ကောင်းတာတွေကတော့ သူက windows OS
တွင်သာမက linux ပေါ်မှာသုံးမယ်ဆိုလည်းအဲဒီ Add-on တွေနဲ့ သူ့ ရဲ့ function တွေကိုပါသုံးလို့ ရတယ်.....OS မရွေးဖူးပေါ့ဗျာ....နောက်ပြီး blog တော်တော်များများကိုသူနဲ့ ဖတ်ရင်အဆင်ပြေတယ်.....မြန်မာပြည်က blog site တော်တော်များများကို firefox နဲ့ သုံးရင်အဆင်ပြေပြေနဲ့ ဖတ်လို့ ရတယ်...နောက် multi-task view
(firefox 11.0 )မှာတော့ tab group ဆိုပြီးကိုယ့်ဖွင့်ထားတာကို tab ရွေ့ ပြီးဖွင့်လို့ ရတယ်ဗျ.....
ဒီ browser က linux ကိုအခြေခံပြီးရေးထားတာဖြစ်သလို သူ့ ရဲ့ အားနည်းချက်တွေဖြစ်တဲ့ browser
start up (ဖွင့်ရင်ချက်ချင်းမတက်သေးပဲ...loading run တာ)ကြာတာ..တစ်ခါတစ်လေအချို့ application
ပိုင်းတွေနဲ့ crack ဖြစ်တာမျိုးလေးတွေ..နောက် tab က ၇ ခုထက်ပိုရင် လေးသလို hang သလို ဖြစ်သွား
တတ်တာမျိုးလေးတွေတော့ရှိပါတယ်....
ဒါကိုလည်းသင်ကိုယ်တိုင် programming နားလည်မယ်ဆိုရင် firefox ရဲ့ developer mode ထဲမှာဝင်ပြင်လိုက်ရင်အဆင်ပြေသွားကော....အဲဒါလေးတွေရှိသလိုနောက်တစ်ခုတော့တစ်ချို့ Antivirus
(Kaspersky,Avira)တွေကတော့ Web Advisory URL test ဆိုပြီးကိုယ်သုံးနေတဲ့ website က online ပေါ်မှာတကယ်ရှိမရှိ(hacker တွေဖန်တီးထားတဲ့ site )အတုတွေလား..အစစ်တွေလားဆိုတာ
ကိုစစ်ပေးတဲ့ function ကိုsupport လုပ်ပေးပါတယ်......တကယ်လို့ ကိုယ့် Antivirus တွေကအဲလို function မျိုးလေးတွေမပါဖူးဆိုရင် သင်ကြည့်နေတဲ့ firefox ကသင့်ရဲ့ security hole ဖြစ်နေနိုင်တယ်ဆိုတာသင်သတိပြုမိပါရဲ့ လား...(ဆိုလိုတာက browser တစ်ခုစီမှာ web access လုပ်ရင်မြန်အောင်လို့ cookie တွေ...cache တွေထားရလေ့ရှိပါတယ်....ကိုယ့် browser မှာ web access
security စစ်တာတစ်ခုခုမရှိဖူးဆိုရင်....နောက်ကိုယ်ကြည့်နေတဲ့ site ကတရားမ၀င်...ကိုယ့်စက်ကို အဝေးတစ်နေရာကနေထိန်းချုပ်မှုလုပ်နေလား...မလုပ်ဖူးလားဆိုတာ..ကိုယ်မသိနိုင်ဖူးလေ....တကယ်လို့ 
အဲလိုမျိုးသာဖြစ်နေနိုင်မယ်ဆိုရင်....ကိုယ့်စက်ကိုအဝေးကနေထိန်းချုပ်လို့ ရတယ်.......browser သုံးနေရင်းနဲ့ စက်လေးသွားတာမျိုး .....broswer not respond ဖြစ်သွားတာမျိုးတွေ.....နောက် ကိုယ့်စက်ထဲကို trojan horse virus တွေရောက်လာတာမျိုးတွေ.....)
ပြောလိုက်မှပဲကြောက်စရာကောင်းနေတယ်နော်....ဟုတ်တယ်ဗျ...online မှာလူငစဉ်းလဲတွေရှိနေတော့
အစစအရာရာသတိထားနိုင်မှတော်ကာကျတယ်.....သြော်..တစ်ခုပြောရဦးမယ်ဗျ...browser ဆိုလို့ 
တစ်ချို့ အင်တာနက်ဆိုင်တွေကလူ့ ကျင့်ဝတ်မထိန်းကြဖူးဗျ...မသုံးတတ်သုံးတတ်သူတွေလာရင် broswer
မှာ remember password တွေလုပ်ထားပြီးတော့အဲဒီလူတွေကိုသုံးခိုင်းပြီးရင်အဲဒီလူတွေပြန်သွားပြီးနောက်ပြီးအဲဒီuserတွေ
သူတို့ gmail တို့ facebook တို့ ဝင်လို့ မရဖူးဆိုပြီးဖြစ်ဖြစ်သွားတာ......အဲဒီတော့ browser တွေသုံးရင်စနစ်တကျစစ်ဆေးဖို့ လိုတယ်နော်.......
အဲလိုမျိုးတွေမဖြစ်အောင်... WOT ဆိုတဲ့ add-on လေးနဲ့ မိတ်ဆက်ချင်ပါတယ်.....
သူကတော့ firefox ရဲ့ address bar ကနေကိုယ် type လုပ်ပြီးဖွင့်လိုက်တဲ့ website က အစစ်လားအတုလား...Danger လား...Network ထဲကိုဝင်ဖို့ သင့်မသင့်လားဆိုပြီးတော့
အပေါ်ကပုံလိုမျိုးလေးတွေနဲ့ Alert လုပ်ပေးတယ်ဗျ.....အနီရောင်ဆိုတော့ Danger ဆိုပြီး
Alert ပြတာကို Go to Site ဆိုရင်တော့ ကိုယ့်အပြစ်နဲ့ ကိုယ်ပေါ့ဗျာ.....
:P
သူကအဲဒီအလုပ်ကိုလုပ်ပေးပါတယ်...တစ်ခါတစ်လေ keygen site တွေမှာလည်း အဲလို
malware,adware တွေ trojan တွေလည်းပါလာတတ်တာမို့ WOT ကတော့ browser မှာ
ရှိသင့်တယ်ဗျ...
ကဲ...ဒါကတော့သူ့ ရဲ့ interface လေးပါ...အဲဒီထဲမှာ Trust -တကယ့်ကို security ပိုင်းမှာ
thread ကင်းတာ......နောက် ကိုယ့် Privacy ပိုင်းဆိုင်ရာ..နောက် Child Saftety (ကိုယ့်
ကွန်ပျူတာကိုကလေးတွေကပါသုံးတယ်ဆိုရင်...ညစ်ညမ်း site )တွေ control လုပ်လို့ ရအောင်
ဘယ်လိုလုပ်မလဲဆိုတာနဲ့ ကိုယ်ကြည့်ထားတာလေးကိုပါပြထားတာပါ....
သူကအရောင်လေးတွေနဲ့ သတ်မှတ်ထားတာဖြစ်ပါတယ်...ကိုယ်ဖွင့်တဲ့ site က safe ဖြစ်တယ်ဆိုရင်
www.google.com ရိုက်လို့ ရတဲ့ Address bar ရှေ့ ဆုံးမှာ အစိမ်းဝိုင်းလေးပြထားသလို....အဲဒီ site
ကိုစဖွင့်တဲ့အချိန်မှာ message box နဲ့ (Danger ဆိုရင်) alert ပြသလို...အေးဆေးပဲဆိုရင်တော့
ွအေးအေးဆေးဆေးပွင့်ပါတယ် ......
သူ့ ကို install လုပ်ချင်ရင်တော့ Tools>Add-ons ကိုနှိပ်လိုက်....box ကျလာရင် Search ထဲမှာ
WOT ထည့်ရိုက်လိုက်..သူ့ ဘာသာသူရှာပြီး install လုပ်မလားဆိုရင်လုပ်လိုက်မယ်.....ပြီးရင်
broswer reset ချလိုက်မယ်.......ပြန်တက်လာရင် အဲဒီ feature နဲ့ ကိုယ့် ရဲ့ firefox ကိုလုံခြုံစိတ်
ချစွာအသုံးပြုနိုင်ကြပါပြီ.......
အားလုံးအဆင်ပြေကြပါစေဗျာ...
ယနေ့ တွေးစရာ
ပညာရှိနဲ့ ပညာရှင်နဲ့ မတူပါ......ပညာရှင်ဆိုတာကိုယ်ဘယ်လောက်တတ်တယ်...သိတယ်ဆိုတာတွေနဲ့
မာန်ဝင့်ပြီးလက်မထောင်သူမျိုးပေါ့...ပညာရှိကတော့ကိုယ်သိထားတတ်ထားတာနဲ့ လူတွေကိုဘယ်လို
အကျိုးပြုရမလဲစဉ်းစားနေသူမျိုးတွေပါ....ပညာရှိဖြစ်အောင်တော့ကြိုးစားရပါဦးမယ်........

No comments:
Post a Comment