![]()  | 
| password logon screen | 
သင့် Password ကိုဘယ်လိုလုံခြုံအောင်ထားမလဲ…..
![]()  | 
| password ဆိုတာသင့်စက်အတွက်ဝင်ခွင့်တံခါးပေါက်ဖြစ်သလို | 
![]()  | |
| သင်တို့ ရဲ့  Private Network (Domain Network )တွေအတွက်လည်းဝင်ထွက်ခွင့်လက်မှတ်ဖြစ်ပါတယ် | 
![]()  | 
| gmail နှင့်အခြားသော သင့် online ပိုင်ဆိုင်မှုများ(facebook,twitter,yahoo,paypal,....)များအတွက် password သည်သင့်အတွက်အရေးကြီးပါသည်။ | 
ခုတစ်လောတော်တော်များများကြားနေရပါတယ်…gmailတို
့Facebook တို့  password ပြောင်းခံရတာတို့ ဖောက်ထွင်းခံရတာတို့ တွေကိုမကြာမကြာကြားနေရပါတယ်…
တိုးတက်လာတဲ့ခုနည်းပညာခေတ်မှာ
လူတိုင်းလူတိုင်း
gmail account တစ်ခုပိုင်ဆိုင်လာကြသလို….Facebook Acc တစ်ခုစီလည်းရှိလာကြပါပြီ….ရည်ရွယ်ချက်အမျိုးမျိုးနဲ
့အသုံးပြုနေကြလိုမိမိတို့ ရဲ့ 
ကိုယ်ရေးအချက်အလက်လုံခြုံမှုတွေကလည်းအထူးဂရုစိုက်သင့်ပါတယ်…..တစ်ချို
့တစ်လေက
အင်တာနက်ဆိုင်မှာ Account တွေဖွင့်ပြီးတော့ရလာတဲ့ Account တွေကိုကိုယ့်ရဲ့ password
(သီးသန့် အနေနဲ့ ) ပြန်မပြောင်းတာ…နောက် password ကိုသူများတွေကိုအလွယ်ပေးပြီး
Access လုပ်စေတာမျိုးတွေ  နောက်ပြီးတော့
်လိုတဲ့သဘော….ထိန်းချုပ်အသုံးပြုလိုတဲ့စိတ်တွေနဲ
့သူတစ်ပါးလွတ်လပ်ပိုင်ခွင့်က
ိုထိပါးကြတဲ့သူတွေကြောင့်ဒီလိုမျိုးချိုးဖောက်ခံနေကြရတာဖြစ်ပါတယ်….အင်တာနက်ကိုခုမှစသုံးကာစ
လူတစ်ယောက်အတွက်
keyboard က keyအားလုံးကိုမှတ်သားရခက်ပါတယ်…keyboardကိုခက်ခက်ခဲခဲရိုက်နေရတဲ့
ခုမှအသုံးပြုတတ်ကာစလူတွေအတွက်password နဲ့ account
တွေကိုဝင်မရတော့ဖူး..
သုံးမ၇တော့ဖူးဆိုတာစိတ်ပျက်စရာပါ(နားလည်တတ်ကျွမ်းသူများအနေနဲ
့နည်းပညာခေါင်းပုံဖြတ်ပြီး
အားနည်းသူများအပေါ်မယုတ်မာကြပါနဲ့ )……ဒီတော့
online မှာကောင်းတဲ့သူတွေရှိသလိုမကောင်းတဲ့ လူညစ်ပတ်တွေရှိတယ်ဆိုတာလည်းသိထားရပါ့မယ်….
ကိုယ့်ဘက်ကလုပ်နိုင်တဲ့တစ်ခုတည်းသောအကောင်းဆုံးနည်းလမ်းကတော့ကိုယ့်
ရဲ့ password ကိုအလုံခြုံဆုံးထားကြရအောင်…….
Password
့ (အဲ….passport, visa တို့ သဘောမျိုးပေါ့ဗျာ…နိုင်ငံတစ်နိုင်ငံကိုသွားရင်အဲဒါတွေမပါပဲ…၀င်လို
့မရသလို မျိုးကိုယ့် password က
ကိုယ့်
account နဲ့ setting တွေထဲကိုဝင်ခွင့်လက်မှတ်ပါပဲ)အသုံးပြုရတဲ့လက်မှတ်ပါ…..
ဒီတော့
ကောင်းမွန်တဲ့ password တစ်ခုဖြစ်ဖို့ ဆိုရင် ခက်ခဲရှုပ်ထွေးရမှာဖြစ်ပါတယ်……(ယနေ့ 
့ခင်ဗျားရဲ့ အကောင့်ကိုထိန်းချုပ်သွားနိုင်ပါတယ်)
အနည်းဆုံး password charaters 8 ခုရှိရမှာဖြစ်ပြီးစာသားတွေ၊ဂဏာန်းတွေ၊အထူးပြုသင်္ကေတတွေ(#,$,&,*….)တွေနဲ
့ရောစပ်ပြီးအကောင်းဆုံး
Password ကိုထားရမှာဖြစ်ပါတယ်….
သတိပြုရမှာကတော့မိမိနာမည်၊အိမ်လိပ်စာ၊ဖုံးနံပါတ်၊မိမိအိမ်မွေးတိရစ္ဆာန်အမည်တွေကိုမသုံးပါနဲ့ (အလွယ်တကူ
password
ကျိုးပေါက်တတ်ပါတယ်)
ခင်ဗျား gmail hack လုပ်ခံရပြီ…ကျွန်တော်တော်က software ပညာရှင်တစ်ယောက်ပါ…ကျွန်တော်တို
့gmail database  server က S’pore မှာရှိတယ်..အဲဒါကိုသုံးပြီးခင်ဗျား
password ကိုပြန်ပြောင်းကြရအောင်…ခင်ဗျားခုလက်ရှိလက်သုံးနေတဲ့ password ကျွန်တော်ကိုပေးပါပြီး…လုပ်ပြီးရင်ခင်ဗျားကိုကျွန်တော်ပြန်ပို
့ပေးမယ်….အဲလိုမျိုးတွေ…သို့ မဟုတ်အလားတူ
Account တွေကထိန်းချုပ်ခံလိုက်ရတယ်…ဒါကိုတော့ Social Engineering (or) Reverse
Engineering လို့ ခေါ်ပါတယ်…အဲလိုမျိုးနည်းစနစ်တွေကိုလည်းသတိထားရပါမယ်…
Password
တစ်လုံးကိုအကြာဆုံး ၃ တစ်ကြိမ်အသစ်ပြောင်းလဲပေးပါ….တစ်ခါတစ်လေ
connection နှေးလို့ sign out မထွက်မိတာမျိုးတို့ ကြောင့်ကျန်မနေခဲ့အောင်ဂရုစိုက်ပါ….......မဟုတ်ရင်
browser ထဲရာကျန်နေခဲ့ရင်သင့်အတွက်နောင်တရနေမှာပါ………..
ဘယ်လောက်ပဲခင်ခင်ကိုယ့်
password ကို privacy ထားပါ…..တစ်ချို့ လူတွေကခင်မင်ရာခင်မင်ကြောင်းအနေနဲ့ ကိုယ်
password ကိုခင်မင်သူများကိုပြောလေ့ရှိတယ်….သူတို့ ရဲ့စိတ်ဘယ်လိုရှိနိုင်သလဲဆိုတာဘုရားမှပဲသိမှာပါ…..
Password
တစ်မျိုးတည်းကို online ပေါ်က sites များမှာအသုံးမပြုပါနဲ့ …..ဘာလို
့လဲဆိုတော့password တစ်မျိုးတည်းနဲ့ sites မျိုးစုံမှာလှည့်ပတ်အသုံးပြုခြင်းဟာသင့်
password ကိုခြေရာခံဖို့ ဖိတ်ခေါ်နေသယောင်ရှိပါတယ်…..အချို့ သော third-party social
site တွေမှာ password နောက်ယောင်ခံတဲ့ service တွေရှိတတ်တယ်…..ဒါကြောင့်နေရာတိုင်းမှာပုံသေတစ်မျိုးတည်းမသုံးပါနဲ
့
Password
Recovery လုပ်တဲ့ security question ကို ကိုယ်တစ်ယောက်တည်းသိတဲ့၊မှတ်မိနေတဲ့…နောက်တစ်ခြားသူတွေမှန်းဆလို
့မရတဲ့ဟာမျိုးကို
ထားထားပါ မဟုတ်ရင်သင့်အနေနဲ့ password၀င်မရတဲ့အခါဒီ
account ကိုပြန်ဝင်လို့ မရတာမျိုးတွေဖြစ်လိမ့်မယ်…….
အခြားသတိပြုစရာတွေကတော့မိမိတို့ နဲ့သင်လျော်သလိုဆင်ခြင်စဉ်းစားပြီး(ဥပမာ...sercurity question,ကိုယ်ရေးအချက်အလက်,.....)မိမိတို
့ Account ရဲ့ password ကိုလုံခြုံအောင်စောင့်ရှောက်ထိန်းသိမ်းနိုင်ကြပါစေ…
No comments:
Post a Comment