![]()  | 
| ဒီကောင်လေးကအမြဲပြုံးနေတယ်...Yahoo messanger ကတော့ဥရောပနဲ့ အမေရိကဘက်မှာအသုံးများတယ် | 
ကျွန်တော်အလုပ်စလုပ်တော့အင်တာနက်ဆိုင်တစ်ဆိုင်(ပုလဲကွန်ဒို) ၂၀၀၃
လောက်တုန်းကပေါ့...အဲဒီတုန်းကအင်တာနက်တွေစပြီးမြန်မာပြည်မှာ
ထွန်းကားကာစပေါ့...အင်တာနက်ဆိုင်ဆိုတာကလည်းဟိတ်ဟန်ကကြီးတယ်
လေ....လူတိုင်းကလည်းရှိန်တယ်...အဲဒီတုန်းကမှတ်မိသေးတယ်ဗျ....
အင်တာနက်ဆိုင်ကိုမှန်အနက်ကြီးနဲ့ (ကျွန်တော်တို့ ဆိုင်ပါ)တပ်ထားပြီးတော့
လာသုံးကြတဲ့သူတွေကလည်းကားတွေနဲ့ ..ပုလဲကွန်ဒိုဆိုတော့နာမည်ကြီး
မင်းသား၊မင်းသမီးတွေလည်းလာသဗျ....အဲဒီတုန်းကအင်တာနက် connection
ဆိုတာခုနဲ့ ဘာမှမဆိုင်ဖူး....download ကလည်းကောင်းသလားမပြောနဲ့ ....
အဲလာသုံးကြသူတွေအသုံးများတာတစ်ခုတော့ရှိတယ်ဗျ....gtalk သုံးတယ်...
gmail သုံးတယ်....တစ်ခါတစ်လေ blog ရေးတဲ့လူတွေလည်းလာကြတယ်ဗျ...
တစ်ချို့ ကလည်း video လာကြည့်ကြတာ...online ကနေပေါ့.....ကျွန်တော်
ကအလုပ်ဝင်ကာစပြီးတော့ computer ဗဟုသုတကလည်းသိပ်မရှိတော့
ဆိုင်က ကိုယ့်အစ်ကိုကြီးတွေကိုပဲဆရာတင်ပြီးတော့လေ့လာရတာပေါ့
အဲဒါနဲ့ ပဲ gtalk အကောင့်လေးရလာရော......
![]()  | 
| ဟိ...ဒါလေးပေါ့ဗျာ... | 
စသုံးတတ်ကာစကတော့ဗျာ..... ဘယ်ရမလဲ...ကျူတာပေါ့..ကောင်မလေး
အကောင့်တွေဆိုတွေ့ တာနဲ့ Add ပေါ့ဗျာ.....ပြီးတော့ဘယ်မှာနေလဲ..ဘာလဲနဲ့ 
...ဟိ...ဟိ....ခုတော့အဲဒါတွေကိုပြန်စဉ်းစားပြီးရယ်နေရရော...အကျူကောင်းလို့ 
ကောင်မလေးတွေနဲ့ ဆုံရသလို...ချောက်ကျတဲ့အခါတွေလည်းရှိရောဗျ....
ခုတော့လည်းအဲဒါတွေကိုရိုးသွားပြီလေ...(သုံးလို့ လည်း ၀သွားပြီကိုး)
အဲဒီအချိန်တုန်းကဆိုင်အစ်ကိုတွေကျွန်တော့်ကို networking နဲ့ ပတ်သက်တာ
တွေသင်ပေးတယ်...ညဘက်တွေဆိုစက်တွေစစ်ဆေး..စမ်းသပ်နဲ့ တကယ့်ကို
ပညာရတာပေါ့ ဗျာ.....သူတို့ တွေကျေးဇူးကြောင့်သင်တန်းတွေတက်ဆက်လေ့
လာပြီးခုအချိန်မှာ IT နဲ့ ပတ်သက်တဲ့အလုပ်တွေလုပ်နေနိုင်တာကလည်း
လက်ဦးဆရာအစ်ကိုတွေရဲ့ ကျေးဇူးတွေပါ.....
အဲဒီအချိန်တုန်းကသုံးကောင်းကောင်းနဲ့ သာသုံးခဲ့တာဗျ....gtalk နဲ့ စသိခဲ့တာပေါ့
နောက်ပိုင်းဖတ်မှတ်လေ့လာတော့မှာ gtalk ဆိုတာ Instant messanger တစ်မျိုး
ဆိုတာကိုသိလာခဲ့ရပါတယ်....google ကထုတ်လုပ်တဲ့ Instant messager မို့ လို့ 
gtalk နော်...(ကောင်မလေး girl တွေနဲ့ talk လို့ ရလို့ gtalk လို့ ခေါ်တာဟုတ်ဖူးနော်
ယောက်ျားလေးများ၊....အဲလိုမှတ်ရင် ...gay(အခြောက်)တွေနဲ့ တွေ့ ပြီးလည်း gtalk
ဖြစ်နိုင်သေးတယ်.....)တစ်လွဲမှတ်နေမှာစိုး၇တယ်......
အဲဒါဆိုရင်တော့ဒါမျိုးဖြစ်သွားနိုင်တယ်...
![]()  | 
| AIM-AOL Instant Messanger.....(ပြေးမှ...ပြေးမှ) | 
သူ့ ရဲ့ အားသာချက်တွေကတော့ instant messagining တစ်မျိုးပါ…Instant messaging ဆိုတာကတော့message ပို့ တဲ့ service ပေါ့…အတိုဆုံး
ပြောရရင်တော့ Computer သုံးပြီး message ပို့ တာပေါ့….အဲဒီ IM ကိုသုံးဖို့ အတွက်ဆိုရင်
IM support လုပ်တဲ့ account ရှိရပါ့မယ်(ဥပမာ-google ကထုတ်တဲ့ IM ကို gtalk ,yahoo ကထုတ်
တဲ့ yahoo messanger, Microsoft က windows messanger, VZO ကနေ VZO chat,AOL ကနေ
AIM messanger,……)သူ့ ရဲ့ သုံးစွဲပုံကတော့ Account ရှိတဲ့သူအချင်းချင်း စကားပြောသလိုမျိုး
အပြန်အလှန် messaging ပို့ နိုင်တယ်…(mail ကိုအကောင်းဆုံး၊လူသုံးအများဆုံးအနေနဲ့ သုံးကြပေမယ့်လည်း connection မကောင်းရင်တော့ mail ဖွင့်မရတာ………. Mail ပို့ လို့ မရတာတွေ
ရှိတတ်ကြတော့….ဒီလို IM program လေးများကနေကိုယ်ပြောချင်တဲ့ message ကိုပို့ ထားလို့ ရတယ်….သူ့ မရှိပေမယ့်လည်းပို့ ထားရင်သူ ကသုံးတဲ့အခါကိုယ့်ပို့ ထားတဲ့ဟာကိုတွေ့ နိုင်တယ်လေ)
အဲဒါကြောင့်မို့ လို့ IM တွေကအင်တာနက်ပေါ်ကာစမှာ email တွေထက်ကိုပိုပြီးအသုံးတွင်ကျယ်လာခဲ့
တာယနေ့ တိုင်ဒီ IM တွေကအရေးပါတဲ့ internet service အနေနဲ့ ရှိနေခဲ့ပါတယ်…..
IM program တစ်ခုမှာယျေဘုယျအသုံးဝင်ပုံတွေကတော့
၁. Messagning အပြန်အလှန်ပို့ နိုင်ဆက်သွယ်နိုင်တယ်(single-chat, groupchat များအထိသုံးနိုင်ပါတယ်)
၂. ကိုယ်ပြောချင်တဲ့သူonline မရှိလည်းပဲ offline အနေနဲ့ ပို့ ထားနိုင်တယ်…
၃. File sharing(send fileလိုမျိုးတွေပေါ့) တွေသုံးနိုင်တယ်(connection ငြိမ်တဲ့အခါကျရင်)
၎. video
chat enable ဖြစ်တဲ့ VZO လိုမျိုးဆိုရင်တော့အရုပ်အသံဟိုဘက်ဒီဘက်တစ်ပြိုင်နက်တည်း
ဆက်သွယ်နိုင်တယ်…..ခုဆိုရင်တောင် VZO က IM ထဲမှာအမြင့်ဆုံးလို့ ပြောလို့ ရတဲ့ video conference ပါ support လုပ်နေပီဗျ...
၅. gtalk
မှာဆိုရင် voice chat ပါအသုံးပြုလို့ ရပါတယ်….
၆. OS
မရွေးအသုံးပြုနိုင်ပါတယ်…windows မှာ gtalk သုံးလို့ ရသလို linux OS တွေ မှာလည်း gtalk account ရှိရင် 
AIM,Pidgin Instant
Messanger တို့ နဲ့ အသုံးပြုနိုင်ပါတယ်…..
၇. ကိုယ်ကြည့်နေတဲ့
link တွေကိုတစ်ဖက်ကိုပို့ နိုင်တယ်….
၈. Mobile ဖုန်းပေါ်ကနေအသုံးပြုလို့ ရပါတယ်……..
၉. Web ပေါ်ကနေ IM support လုပ်တဲ့  site တွေကနေလည်းသုံးလို့ ရတယ်....(ဥပမာ...http://imo.im,http;//meebo.com,www.ebuddy.com အစရှိတဲ့ site တွေမှာလည်းကိုယ့်ရဲ့ 
account ရှိရုံနဲ့ သုံးလို့ ရပါတယ်...)
IM တွေရဲ့ အသုံးဝင်ပုံတွေကတော့အံ့မခန်းပါပဲလေ…….တစ်ခါတစ်လေ IM တွေဟာ သူငယ်ချင်းတွေ၊ဖူးစာဖက်တွေ၊အလုပ်အတွက်အကျိုးပြုနိုင်တဲ့မိတ်ဆွေကောင်းတွေလည်းရတတ်သလိုရံဖန်ရံခါမှာတော့ကိုယ့်အတွက်အနှောင့်အယှက်တွေ..စိတ်ညစ်စရာတွေလည်းဖြစ်လာတတ်ပါတယ်…ဒါတွေအားလုံးအပေါ်မှာသင့်စိတ်ထားတတ်ဖို့ ပဲ…အရေးကြီးပါတယ်….အရာရာတိုင်းမှာအကောင်းအဆိုးဒွန်တွဲနေတတ်တာမို့ မိမိအတွက်မိမိဝန်းကျင်အတွက်အကောင်းဆုံးဖြစ်အောင်အသုံးချစေချင်ပါတယ်….ဒီ IM လေးကိုသုံးရင်းနဲ့ ပဲဒီထက်တိုးတက်တဲ့ဘ၀တွေ..ပိုပြီးအဆင့်မြင့်လာစေချင်ပါတယ်….chat နဲ့ အချိန်ကုန်ပြီးတော့နစ်မွန်းနေမှာစိုးလို့ (ပညာရှိသတိဖြစ်ခဲဖြစ်တတ်လို့ ) ဒီ post လေးကိုတင်ရင်းနဲ့ ဗဟုသုတတွေကိုဝေမျှလိုက်ပါတယ်ဗျာ………..
![]()  | 
| အပြည်ပြည်ဆိုင်ရာ Gtalk သုံးစွဲသူများအသင်း(ကျွန်တော်လည်းပါတယ်နော်) | 
![]()  | 
| gtalk နှင့်အပေါင်းအပါမဟာမိတ် IM များ(AIM messanger,Yahoo Messanger,MSN messanger, gtalk messanger) | 
အားလုံးပဲအဆင်ပြေကြပါစေဗျာ…





No comments:
Post a Comment