
ကျွန်တော်နားလည်သလိုပြောပါမယ်။ကျွန်တော်လည်း
သင်တန်းတွေတက်ဖူးပါတယ်....Psy war ဆိုတာက
တော့စိတ်ဓာတ်စစ်ဆင်ရေး...စိတ်ဓာတ်ပိုင်းဆိုင်ရာ
တိုက်ပွဲတစ်မျိုးပါ ...information broadcast လုပ်ပြီး
information အယောင်ဆောင်ပြီးဝါဒဖြန့် တိုက်တာမျိုးပါ
လက်နက်မလိုဖူး....မီဒီယာနဲ့ ပျံ့ နှံ့ အောင်လုပ်ပြီးတော့
တိုက်တာမျိုးပါ ......target တစ်ခုကိုသူတို့ ရည်ရွယ်တဲ့ 
bullet message နဲ့ အစစ်အမှန်ကြားထဲညှပ်ပြီးတော့
အစစ်အမှန်နဲ့ အတုယောင်ရောထားတဲ့  information
တွေနဲ့ မီဒီယာနည်းလမ်းတစ်မျိုးမျိုးကိုသုံးပြီးဖြန့် ချိတာပါ ..
အရပ်သားစကားနဲ့ ပြောရရင် ၀ါဒဖြန့် စည်းရုံးနည်းတစ်မျိုးပါ
ခုလို ခေတ်မျိုးမှာ လူတစ်ယောက်ကို gmail တစ်ခု၊ facebook
တစ်ခု နဲ့ လူတော်တော်များများဆီမှာဖုန်းတစ်လုံးဆီရှိကြတော့
psy war လုပ်ဖို့ အရမ်းကိုလွယ်ပါတယ်.....host အနေနဲ့ target
တစ်ခုကိုအချိန်တိုတိုအတွင်းမှာဖြန့် ချိလို့ ရတယ်လေ....
ဒါကြောင့် ယုံကြည်တယ်ဆိုတာ မိမိအသိဥာဏ်နဲ့ စဉ်းစားဆင်ခြင်
ပြီးတော့မှ အစစ်အမှန်ဟုတ်မဟုတ်ဆိုတာ ကို လက်ခံသင့်ပါတယ်
ပြောတိုင်းယုံ ...လူနုံမဖြစ်ကြစေလိုပါ ............
နောက်ပြီးမိမိကိုယ်တိုင်ကလည်း psy war(psychology war)ရဲ့ 
သားကောင်victim ဖြစ်မှန်းမသိမဖြစ်စေလိုပါ.....
ဝါဒမှိုင်းတိုက်ခံရပြီးပြိုကွဲပျက်စီးသွားခဲ့ရတဲ့ နိုင်ငံတွေ
အစိတ်စိတ်အမွှာမွှာဖြစ်ကျန်ခဲ့ရတဲ့နိုင်ငံတွေ..ပြည်တွင်းစစ်တွေ
နဲ့ ငတ်ပြတ်ဆင်းရဲမွဲတွေနေကြရတဲ့ နိုင်ငံတွေ ..အများကြီးပါ....
သမိုင်းကိုသင်တာ လူအ မဖြစ်စေဖို့  (ဒေါက်တာသန်းထွန်း)
ပြောခဲ့သလိုပဲ ...သမိုင်းထဲက ၀ါဒမှိုင်း(သို့ )psy war ကြောင့်
ပျက်စီးခဲ့ရတာတွေကိုသင်ခန်းစာယူနိုင်ကြပါစေဗျာ.....
လူတိုင်းလူတိုင်းလွတ်လပ်စွာကွဲလွဲခွင့်ရှိပါတယ်....
No comments:
Post a Comment