Monday, April 9, 2012

Android Mobile Phone များအတွက်အကောင်းဆုံး Browser များ

သင့်ရဲ့ သေးငယ်သော Screen များဖြင့်အလုပ်လုပ်သော Android Mobile Phone များပေါ်တွင်သင်အသုံးပြုလိုသောလုပ်ငန်းဆိုင်ရာ G-mail,Facebook စသည်တို့ အတွက်လုပ်နိုင်စွမ်းရှိသော,RSS Feeds များအသုံးပြုနိုင်ရန်အတွက် Web Browser ကောင်းကောင်းလိုမှာပါ။ကျွန်တော်ခုပြောမယ့် Web Browser လေးတွေကတော့သင့်အတွက်လိုအပ်မယ့် Browser လေး၊အသုံးတည့်ပြီးဖုန်းထဲမှာရှိသင့်ရှိထိုက်တဲ့ Browser လေးတွေကိုသင်ကိုယ်တိုင်ရွေးချယ်စေနိုင်မှာဖြစ်ပါတယ်။ Apple လိုပါပဲ..သင့် Android Phone များအတွက် third-party web browser software တွေအမြောက်အများရှိပါတယ်။ဒါပေမဲ့ Apple ကသူ့ ရဲ့ IOS မှာ အခြားသော third-party browser တွေကို safari browser နဲ့ အတူရှိခွင့်၊အသုံးပြုနိုင်ခွင့်တို့ ကိုကန့် သတ်ထားပါတယ်။ဒါကြောင့်ကျွန်တော်တို့ က open source ဖြစ်တဲ့ Android ပေါ်မှာအခြားသောအသုံးဝင်နိုင်တဲ့ Web Browser လေးတွေအကြောင်းကိုလေ့လာကြမှာပါ။ Dolphin Browser HD
တကယ်လို့ သင့်ဟာ RSS Feeds တွေကိုအသုံးများခဲ့ရင် ဒီ Dolphin Browser HD လေးကသင့်အတွက်မိတ်ဆွေကောင်းဖြစ်စေမှာပါပဲ။ဘာလို့ လဲဆိုတော့ Dolphin က Website တွေ၇ဲ့ RSS feeds တွေကို Webzine(Web+Magzine)လုပ်ပေးနိုင်လို့ ပါပဲ။ပုံထဲကလိုပေါ့….facebook ကိုဝင်ချင်ရင်၊facebook ကသတင်းတွေကိုသုံးချင်ရင် Webzine ကနေသွားလိုက်ရင်ရကော…တစ်ခါတစ်လေသတင်းတိုလေးတွေနဲ့ တကယ့် RSS feeds ကိုအပြည့်အ၀အသုံးချလို့ ရတဲ့ browser လေးပါ။ပြီးတော့သူက tabbed browsing(tab တွေအများကြီးဖွင့်တာ)နဲ့ gesture commands တွေနဲ့ အသုံးပြုနိုင်တာပါ။Gesture control ဆိုတာကတော့ browser ရဲ့  screen ပေါ်မှာတင် လက်ညှိုးနဲ့ ပုံလေးတွေဆွဲပြီး browser ကို control လုပ်နိုင်လို့ ပါပဲ။(ဥပမာ…ကိုယ်ကြည့်နေတဲ့ web page ကို reload လုပ်ချင်ရင် လက်နဲ့ circle ပုံလေးဆွဲလိုက်ရင် …reload ဖြစ်သွားကော…F ပုံစံဆွဲလိုက်ရင် Facebook ကိုရောက်သွားရောဗျာ…အဲလိုအသုံးတည့်တဲ့ Gesture control နဲ့ တည်ဆောက်ထားတာမို့ စိတ်ဝင်စားစရာကောင်းတဲ့ browser တစ်မျိုးပေါ့ဗျာ။ Firefox for Android နာမည်ကြီး Mozilla Firefox ကလည်း Desktop PC တွေမှာ Add-ons တွေ၊URL Fixerတွေ(ကိုယ်ကwebsite ရဲ့ အစစာလုံးကိုရိုက်လိုက်တာနဲ့ website name အပြည့်အစုံကိုဖော်ပြပေးတာ၊ ကိုယ့်စာလုံးပေါင်းကိုအမှန်ဖြစ်အောင်ပြင်ပေးတာ)နဲ့ reading list (ကိုယ်ကြည့်ခဲ့တဲ့ site တွေကို save လုပ်ထားရင် offline ကြည့်နိုင်အောင်)စတဲ့ function တွေနဲ့ mobile version တွေမှာလည်းဆွဲဆောင်နေပြန်ပါတယ်။နောက်ပြီး firefox setting တွေကို ကိုယ့်ဘာသာကိုယ် developer mode ထဲကနေပြင်သုံးမယ်ဆိုတဲ့သူများအတွက် firefox ကတော့မျက်စိကျစရာပါ။ဒါပေမဲ့ သူကစဖွင့်ရင် browser loading နှေးတာရယ်၊ သူကို့ ဖွင့်ဖို့ Memory အများကြီးသုံးတာရယ်၊တကယ်လို့ သင့် Android ဖုန်းက version ဟောင်းနေ၇င်တော့ဖွင့်တာနဲ့ ဖုန်းက hang သလိုလိုမျိုးဖြစ်တတ်တာကတော့သူ့ ရဲ့ အားနည်းချက်တွေပါ။သူကလည်း Tabbed Browsing နဲ့ sync လုပ်တာကို support လုပ်ပေးပါတယ်။ Opera Mobile and Opera Mini အခြားနာမည်ကြီး third-party browser ထုတ်လုပ်တဲ့ Opera ကတော့ Version နှစ်မျိုးနဲ့ ပါ။တစ်မျိုးက file size 12 MB ရှိတဲ့ Opera Mobile နဲ့ နောက်တစ်မျိုးက 767 KB ရှိတဲ့ Opera Mini ပါ။Opera mini ကတော့သင်က website တစ်ခုကိုဖွင့်လိုက်ရင် web server ကနေသူ့ web page ကိုသင့်ဆီပို့ တဲ့အခါချုံပြီးပို့ တဲ့အတွက် Opera Mobile ထက်စာရင် web page တက်တာပိုမြန်ပါတယ်။Opera Mobile ကတော့ web page တွေကို render လုပ်တဲ့နေရာမှာနဲ့ mini မှာမပါတဲ့တစ်ချို့ function တွေကိုပိုမိုလုပ်နိုင်စွမ်းရှိပါတယ်။Opera နှစ်မျိုးလုံးကတော့ Add-ons တွေကို support မလုပ်ပေမဲ့ tabbed browsing နဲ့ sync လုပ်တာကိုတော့ support လုပ်ပေးပါတယ်။ Chrome for Android တကယ်လို့ သင်ကိုင်တဲ့ဖုန်းကAndroid OS version တွေနဲ့ Android နောက်ဆုံးပေါ် Ice Cream Sandwich OS ဖုန်းတွေဖြစ်ခဲ့မယ်ဆိုရင်တော့Chorme ကသင့်ဖုန်းအတွက်အကောင်းဆုံးပါပဲ။သူကtabbed browsing ကိုsupport လုပ်ပေးပြီးတော့တစ်ချို့ flash player add-onတွေကိုတော့installed လုပ်လို့ မရပါ။ web develop html5 ကိုအဆင်ပြေစေပြီး browser ရဲ့ bookmarks တွေ setting တွေကို sync လုပ်လို့ ရပါတယ်။Chrome မှာတော့ extensions တွေကိုကန့် သတ်ထားပြီးနောက်ပိုင်းမှာတော့အသုံးပြုခွင့်ပေးပါလိမ့်မယ်။ ကဲဒီလောက်ဆိုရင်တော့သုံးသပ်ချက်တွေကိုဖတ်ပြီးတော့ကိုယ်သုံးမယ့်ပုံစံနဲ့ ကိုက်ညီမယ့် browser ကိုရွေးနိုင်မှာပါ။အားလုံးပဲအဆင်ပြေကြပါစေဗျာ။

No comments:

ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...