ယနေ့လူမှုမီဒီယာများ(facebook,twitter,blog,…)စသည်တို့ တွင်ကျယ်ခေတ်စားလာသည်နှင့်အမျှကိုယ်ရေးအချက်အလက်(Privacy Data)များသည်အရေးကြီးသောအရာတစ်ခုဖြစ်လာပေသည်။Privacy Data ဟူသည်ကား…online တွင်သင့်အသုံးပြုစကားဝှက်(password),ပုံများ,စာများ,online ပိုင်ဆိုင်မှုများ(bank accounts,ID cards များ,…),အခြားသူများနှင့်ဆက်သွယ်ပြောကြားချက်များနှင့်အခြားသောအရာများပါဝင်ပေသည်။ ကိုယ်ရေးအချက်အလက်များသည်သင့်ကိုကိုယ်စားပြုသောicon ဖြစ်သကဲ့သို့hackerများအတွက်မျက်စိကျစရာလည်းဖြစ်စေပေသည်။
onlineပြန်ပေးဆန်ဆန်ကိုယ်ရေးအချက်အလက်များကိုပြန်ပေးဆွဲခြင်း၊အကျပ်ကိုင်ခံရခြင်း၊အရှက်နှင်သိက္ခာထိခိုက်ရန်တိုက်ခိုက်ခြင်းတို့ သည်ယနေ့ အွန်လိုင်းတွင်ဖြစ်ပေါ်လျက်ရှိသကဲ့သို့ နောင်တွင်လည်းဖြစ်ပေါ်ကြပေဦးမည်။ထို့ အပြင် မသမာသူများမှမသမာသောနည်းလမ်းများစွာဖြင့်ကိုယ်ရေးအချက်အလက်များကိုခိုးယူခြင်း၊မိမိမသိရှိပဲမိမိအားဆက်သွယ်ခြင်း၊ မလိုလားအပ်သောအီးမေးလ်များကိုမသိသူများထံမှရရှိခြင်း၊မိမိစက်အတွင်းသို့ အခြားသူများကမှတိတ်တဆိတ်ဝင်ရောက်ကာထိန်းချုပ်ခြင်း၊မိမိnetworkအတွင်းရှိserverများအားDDOS နည်းများဖြင့်တိုက်ခိုက်ခြင်းအစရှိသည့်နည်းလမ်းများစွာဖြင့်မသမာမှုများစွာအားလုပ်ဆောင်လျက်ရှိကြပေသည်။ထို့ ကြောင့်ကိုယ်ရေးအချက်အလက်လုံခြုံရေးသည်သင့်အတွက်အချိန်နှင့်အမျှအရေးပါသလိုအရေးကြီးသောအကြောင်းများဖြစ်ကြပေသည်။ထို့ ကြော်င့်ဖွံ့ ဖြိုးပြီးနိုင်ငံများတွင် အဖွဲ့ အစည်းများ၊နာမည်ကြီးသူများအွန်လိုင်းလုံခြုံရေးအတွက် cyber corpsများ၊network security professional များ။ Certified Ethical Hacker(White Hackerများ)ဖြင့် ကိုယ်ရေးအချက်အလက်လုံခြုံရေးကိုဆောင်ရွက်နေကြသကဲ့သို့ မိမိတို့ ကဲ့သို့ ဖွံ ဖြိုးဆဲနိုင်ငံများအတွက်မူထိုသို့ ပညာရှင်များလိုအပ်လျက်ရှိပါသည်။သို့ ရာတွင် မိမိကိုယ်ပိုင်အချက်အလက်များကိုမိမိတို့ ဘာသာကာကွယ်ခြင်းကပိုမိုသင့်လျော်ပြီးမှန်ကန်မှုရှိပေသည်။ိ အနာဂတ်လူ့ အဖွဲ့ အစည်းတွင် digital asset များသည်လူတစ်ဦးချင်းစီပိုင်ဆိုင်မှုများဖြစ်လာကြပေမည်။ယခုသော်မှ gmail တစ်ခုသည်လူတစ်ယောက်ပိုင်ဆိုင်သော digital asset တစ်ခုဖြစ်သလို facebook account တစ်ခုသည်လည်း တစ်ဦးတစ်ယောက်အတွက် digital asset ဖြစ်ပေသည်။ digital asset ဆိုသည်မှိာအဆင့်မြင့်နည်းပညာဖြင့်အသုံးပြုနိုင်သော ပိုင်ဆိုင်မှုတစ်ခုဖြစ်ပေသည်။ထို့ ကြောင့်ကိုယ်ရေးအချက်အလက်ဆိုသည်မှာ လည်းကိုယ်ပိုင် digital asset တစ်မျိုးပင်ဖြစ်သည်။ မိမိ digital asset များသည်အသုံးပြုပုံမမှန်ကန်ခြင်းကြောင့်ဆုံးရှုံးရမှု၊နစ်နာရမှုများဖြစ်ပေါ်နေသည်ကိုမြင်တွေ့ ကြားသိနေရပေသည်။ gmail password အဖောက်ခံရခြင်း။်facebook account များအပိုင်စီးခံရခြင်း(ယခင်တစ်လောမှအဆိုတော်အာဇာနည်ြfacebook account hijack(အပိုင်စီးခံရမှု)ဖြစ်သွားခြင်း)စသည်တို့ သည် လူတစ်ဦးတစ်ယောက်ပိုင်ဆိုင်သော digital asset ကို ထိပါးသောသဘောမျိုးသက်ရောက်ပါသည်။
ထိုနစ်နာမှုများဆုံးရှုံးမှုများအတွက်မည်သူမှာတာဝန်ရှိသလဲဆိုသည်ထက်မိမိအသုံးပြုပုံနည်းစနစ်အမှားများ၊လုံခြုံရေးဆိုင်ရာ ယိုပေါက်ဖြစ်စေသော password အားနည်းချက်များကိုပြုပြင်ခြင်း။လွယ်ကူသော password အစားထိုး security question များကို ခန့် မှန်းရခက်ခဲသောလုံခြုံမှုစနစ်သို့ ပြောင်းလဲခြင်း။မိမိအသုံးပြုသော computer, tablet computer, iphone, ipad နှင့် online access လုပ်ရာတွင် cache, cookies များမကျန်စေရန် history ဖျက်ခြင်း။မိမိ pc (သို့ )မိမိအသုံးပြုရာ device မှမလိုလားအပ်သော network port များပွင့်။မပွင့်ကိုစစ်ဆေးခြင်း။ အချို့ သော script များသည် backdoor virus အသွင်အလုပ်လုပ်ခြင်းကြောင့် plug-in များ၊add-on များကိုတွေ့ တိုင်း installed မလုပ်ခြင်း။အချို့ သောကြော်ငြာများသည် hacker များဖန်တီးထားသော အတုအယောင်များဖြစ်သဖြင့် ဖွင့်ကြည့်လျှင် မိမိ စက်ကိုအဝေးမှထိန်းချုပ်နိုင်စွမ်းရှိခြင်း၊log-in page (gmail loginအတု,facebook login အတုအယောင်များ)ကိုသတိပြုရှောင်ကြည်ရန်လိုအပ်ခြင်း။firewall function ပါသော Antivirus software များကိုအသုံးပြုခြင်း။...အစရှိသည်တို့ သည် မိမိတို့ digtal access ခေါ် အွန်လိုင်းကိုယ်ရေးအချက်အလက်လုံခြုံရေးကိုကောင်းစွာအထောက်အပံ့ပေးနိုင်မည်ဖြစ်ကြောင်းရေးသားလိုက်ရပါသည်။

No comments:
Post a Comment