ဝေဖန်မှုဆိုသည်မှာတစ်ဦးနှင့်တစ်ဦးအထင်အမြင်၊အယူအဆကွာဟမှုအတွက်ကိုင်တွယ်နည်းတစ်မျိုးပင်။
လူတစ်ဦးသည်တိတ်တိတ်နေခြင်း။ကြောက်ရွံ့ ခြင်းရှိနေပါလျှင်ပွင့်လင်မှုမရှိသောထိုသူသည်အခြားတစ်ဖက်
ကိုသူတို့ အမြင်သဘောထားအတွက်အခွင့်အရေးပေးလိုက်သလိုဖြစ်တတ်ပေသည်။အခြားမှားယွင်းသော
ယူဆချက်တစ်ခုမှာဝေဖန်မှုကြောင့်ပါးစပ်ကောင်းသူ။စကားများသူ။ပြသနာရှာတတ်သူဟုလွဲမှားစွာယူဆ
နေခြင်းပင်ဖြစ်သည်။
ဝေဖန်တတ်ခြင်းသည်အခြားသူတို့ အတွက်ကောင်းသောအချက်လည်း၇ှိပေသည်။လူတော်တော်များများသည်
သူတို့ မလိုလားချက်များကိုဖွင့်ဟပြောဆိုတတ်ကြသော်လည်းတစ်ဖက်သားပြောစကားကိုနားထောင်ချင်စိတ်
မရှိတတ်ကြပေ။ထို့ ကြောင့်လည်းမကျေနပ်စရာတွေဖြစ်ဖြစ်နေရပေသည်။သူတို့ ပြောစကားကိုနားမထောင်
ခြင်း၊သူတို့ အမြင်သဘောထားကိုတင်ပြခွင့်မရခြင်းတို့ သည်သူတို့ အတွက်စော်ကားခံရသလိုမြိုသိပ်ထားရသော
ခံစားချက်တစ်ရပ်ဖြစ်ပေသည်။
အစပျိုးဆက်ဆံရေးနယ်ပယ်တွင်တစ်ဦးသည်အခြားတစ်ဦးအပြုအမူကြောင့်စိတ်အနှောင့်အယှက်ဖြစ်စေခဲ့လျှင်
(မရည်ရွယ်သော်လည်း)စကားတုန့် ပြန်ပြောဆိုမှုမရှိပေ။ယင်းကြောင့်ခံရသူမှာသူ့ ထင်မြင်ယူ ဆချက်တို့ မှာ
တန်ဖိုးမရှိဟုသူ့ ဘာသာထင်မြင်ကာပြောဆို၇န်မစဉ်းစားတော့ပေ။(အခြားသူတို့ ကညလ်းထိုသူ့ အားဝေဖန်ချက်
ပေး၇န်တိုက်တွန်းပါကထိုအစွဲကြောင့်သူသည်ဘယ်တော့မှပွင့်ပွင်းလင်းလင်းဝေဖန်ပြောဆိုတတ်မယ်မဟုတ်ပေ။)
ကျွန်ုပ်တို့ သည်ခြားသူတို့ အားနာကျင်စေရန်မရည်ရွယ်သော်လည်းကျွန်ုပ်တို့ စကားကြောင့်တစ်ဖက်သားစိတ်
ထဲတွင်ဖိစီနှိပ်စက်သလိုခံစားရစေတတ်သည်ကိုသတိပြုသင့်သည်။တကယ်လို့ မိတ်ဆွေတစ်ယောက်ကသင့်အား
စကားပြောလာလျှင်သိုသူပြောနေသောစကားကိုနားထောင်ခြင်း၊အထောက်အကူပေးခြင်းအားဖြင့်ထိုသူပြော၇ဲ
ဆိုရဲရှိလာအောင်ကူညီရမည်။ထိုသို့ ကူညီရာတွင်ဝေဖန်မှုအနုပညာကိုထိုသူ့ အတွက်အဆင့်ဆင့်လေ့ကျင့်ပေး
ရမည်။သို့ မှသာမျှတသော၊တိကျသော၊အပြန်အလှန်ရပ်တည်မှု....နှစ်ဦးနှစ်ဘက်အပြန်အလှန်ရှိသောတိုးတက်
သောစနစ်ဖြစ်ပေမည်။အောက်ဖော်ပြပါအချက်အချို့ သည်ဝေဖန်ခြင်းအနုပညာစနစ်အတွက်အသုံးဝင်စေလိမ့်မည်။
အစပျိုးဝေဖန်နည်းအချို့ 
- သင့်အားမတရားတစ်ဖက်သတ်ပြောနေသူဟုထင်မြင်သူကိုသာဝေဖန်ပါ။အခြားသူများကိုသိမ်းကျုံးဆွဲသွင်းဝေဖန်မှုမပြုပါနှင့်။
 - အခြားသူများရှေ့ တွင်သင်ဝေဖန်လိုသူရဲ့ အားနည်းချက်၊ချို့ ယွင့်ချက်တွေကိုဖော်ထုတ်ကာတိုက်ခိုက်မှုမပြုပါနှင့်။
 - သင်ဝေဖန်လိုသူကိုအခြားထိုသူ့ ထက်သာလွန်သူတို့ နှင့်နှိုင်းယှဉ်ဝေဖန်ခြင်းမပြုပါနှင့်၊
 - သင့်ဘက်ကခိုင်လုံသောဝေဖန်ချက်ကိုသာတင်ပြပါ။(ကောလဟာလ၊မတိကျသောသတင်းစကားအတွက်လူတစ်ဦးတစ်ယောက်ကိုမဝေဖန်သင့်ပါ။မိမိတိတိကျကျသိသောအကြောင်းကိုသာဝေဖန်ပါ။
 - သင်တစ်ကြိမ်တစ်ခါဝေဖန်မိသောအကြောင်းကိုထပ်တလဲလဲပြောဆိုခြင်းမှရှောင်ကြဉ်ပါ။အခြားသူများကထိုအချက်ကိုစဉ်းစားရန်အချိန်ပေးပါ။
 - ဝေဖန်ခံရသူအတွက်ပြုပြင်လွယ်မည့်အပြုသဘောဆောင်သည့်ဝေဖန်မှုကိုသာပြုလုပ်ပါ
 - တစ်ကြိမ်တစ်ခါတွင်ဝေဖန်မှုတစ်ခုသာပြုပါ။
 - နိဒါန်း၊အချီးစကားများကိုရှောင်ကြည်ပါ။
 - သင်ကအပြုသဘောဆောင်သောဝေဖန်မှုပြုခြင်းအတွက်(မှန်ကန်သောအကျိုးတစ်ခုခုပြုရန်)လူတစ်ဦးတစ်ယောက်အားတောင်းပန်ရှင်းလင်းရန်မလိုပါ။
 - ကိုယ်ရေးကိုယ်တာတိုက်ခိုက်မှုဖြစ်စေမည့်အပြုအမူအပြောဆိုများကိုရှောင်ကြည်ပါ။
 - သင်ဝေဖန်မှုပြုနေချိန်တွင်အခြားနားထောင်သူတို့ မငြိမ်မသက်ဖြစ်နေလျှင်အပြစ်မဆိုပါနှင့်။လျစ်လျူရှုနေပါ။
 - အမြဲတမ်းနှင့်ဘယ်တော့မှဆိုသာစကားနှစ်လုံးကိုသုံးစွဲခြင်းမပြုပါနှင့်။
 - အခြားသူများကိုမဝေဖန်သော်လည်းထိုသူများကသင့်ဝေဖန်ချက်အပေါ်ပွင့်လင်းသောသဘောထားရှိမည်(သင်နှင့်တစ်ထပ်တည်းကျနိုင်မည်)ဟုမယူဆပါနှင့်။
 

No comments:
Post a Comment