တစ်ခါတစ်လေကျရင် တစ်ချို့ software တွေက loading တက်တာကြာသလို ....system resources တွေ( CPU,Memory, Hard disk Caching,.....)ကိုအရမ်းသုံးပါတယ်...ဥပမာ-photoshop CS 4 ဆိုရင် core2 duo , memory 2 GB လောက်ကဆန့် ငင်ဆန့် ငင်နဲ့ စတက်လာရပါတယ်.....ဘာလို့ လဲဆိုတော့ fetching လို့ ခေါ်တဲ့ software ကို Program တစ်ခုအဖြစ်သုံးနိုင်ဖို့ memory ပေါ်ကိုဆွဲတင်တာကိုသူ့ ထဲမှာပါတဲ့ features တွေ Plug-in တွေအကုန်လုံးကို Load လုပ်ရတော့စက်က Hang သလိုလေးလံနှေးကွေးသွားတာပါ.....
(အမှန်ကတော့ကျွန်တော်တို့ တွေသတိမထားမိလို့ ပါ.....ဘယ် software မဆို သူနဲ့ ကိုက်ညီမယ့် hardware, windows version တွေနဲ့ သုံးပါဆိုတဲ့လမ်းညွှန်ချက်တွေပါလေ့ရှိပါတယ်။ များသောအားဖြင့် games software ခွေတွေထဲမှာလည်းပါလေ့ရှိပါတယ်။ကျွန်တော်တို့ တွေကစာဖတ်၇မှာပျင်းတော့အဲဒါလေးကို
မဖတ်မိကြဖူးဗျ....အဲဒီ file လေးကတော့ readme.txt ဆိုတာလေးနဲ့ ပါလာတတ်တယ်ဗျ။)
ဒါပေမဲ့လို့ ကျွန်တော်တို့ တွေရဲ့ စက်က hardware performace လည်းသိပ်မကောင်းဖူး...အဲလိုမျိုးနောက်ဆုံးပေါ် software တွေ..games တွေကိုလည်းသုံးချင်တယ်...ဆိုပါတော့...ဒါပေမဲ့လည်း အဲဒါကိုတင်ရင်ကိုယ့်စက်က
တိုင်ပတ်ပြီဆိုတာကိုယ်လည်းသိတယ်....အဲဒါဆိုရင်ဘယ်လိုလုပ်မလဲ......အဖြေကတော့ portable softwares တွေကိုသုံးကြမှာပေါ့ဗျာ....
အဲဒီ Portable softwares တွေကတော့ memory stick လေးထဲထည့်ပြီးသုံးလို့ ရနိုင်လောက်အောင် Portable ဖြစ်ပါတယ်...ကျွန်တော်တို့ တွေအင်တာနက်ဆိုင်မှာ သုံးကြတယ်ပေါ့...ဒါပေမဲ့လည်းကိုယ်သုံးချင်တဲ့ software ကသူတို့ က installed ပေးမလုပ်ဖူးဘာညာဆို၇င် ကိုယ့် stick ထဲကဟာနဲ့ ကိုယ်သုံးမှာပေါ့...မဟုတ်ဖူးလား...
ကဲ...ဒီတော့ Portable software လေးတွေ free ပေးတဲ့ site လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်...
http://portableapps.com/
တဲ့...သူကတော်တော်မိုက်တယ်ဗျ....သူ့ ထဲမှာပဲကြည့်ပြီးစမ်းကြည့်လိုက်ကြပါအုံးနော်....
တစ်ခုတော့ရှိတာပေါ့ဗျာ....software တိုင်းတော့ portable version ထွက်တတ်ပါတယ်.....
portable ဆိုတဲ့အတိုင်းတစ်ချို့ သော features လေးတွေကိုဖြုတ်ပြီးတော့ပေါ့အောင်လုပ်ထားတော့
full software တွေလောက်တော့အပြည့်အစုံမပါနိုင်တာကိုတော့သတိပြုရပါလိမ့်မယ်....
များသောအားဖြင့် www.4shared.com ထဲမှာတော့တော်တော်များများရှိတတ်တယ်ဗျ
အားလုံးအဆင်ပြေကြပါစေဗျာ....


No comments:
Post a Comment