Tuesday, April 24, 2012

Adobe Indesign နှင့် CCC.exe error တက်ခြင်း







သူကဘယ်လို error တက်တာလဲဆိုတော့ Adobe Photoshop မှာကော Adobe Indesign မှာပါ Text box ချပြီးစာရိုက်ပြီးသွားလို့ Esc key ကိုနှိပ်လို့ မရတော့တာပါ…..ကျွန်တော်လည်းပထမတော့ keyboard ကနေ Esc အလုပ်လုပ်သလားစစ်တယ်။Mozilla Firefox မှာလည်းစစ်တော့အကောင်းသားဗျ….နည်းနည်းတော့မသင်္ကာစရာဖြစ်နေပြီ…Adobe မှာပဲ error တစ်ခုခုဖြစ်နေတယ်လို့ အကြမ်းဖျင်းယူဆလိုက်မိတယ်…ဒါနဲ့ Adobe Forum မှာတက်ဖတ်ကြည့်လိုက်တော့ကိုယ့်လိုပဲ….error ဖြစ်တဲ့သူတွေအများကြီးပဲဗျ……သူက ဖြေရှင်းနည်းရေးထားတာကတော့ သင့်စက်မှာ ATI Graphic Card နဲ့ ATI ရဲ့ Catalyst Control Center အလုပ်လုပ်ပါသလားတဲ့….Catalyste Control Center(ccc.exe)ကစက်စတက်တာနဲ့ အလုပ်လုပ်ပြီးတော့ Adobe Products တွေ(Photoshop , Indesign) ရဲ့ Text box တွေကို shifting လုပ်ရင် error ဖြစ်တတ်တယ်တဲ့…ဒါနဲ့ ပဲ…အဲဒီစက်ကိုသွားကြည့်တော့ ATI Graphics Card ရဲ့ ccc.exe ကြီးကအလုပ်လုပ်နေတာကိုအထင်းသားတွေ့ ရောဗျာ…task manager ကနေ ccc.exe ကိုဖြုတ်ပြီး software reset လုပ်လိုက်တယ်….နောက်စက်ကိုပါ reset ချလိုက်တော့ရသွားကောဗျ….ကြုံတွေ့ ၇တဲ့ error အဆန်းလေးပေါ့ဗျာ…
မှတ်ချက်။  ။ Indesign , Photoshop တို့ ဖြင့်အလုပ်လုပ်သူများကိုယ့်စက်က ATI Graphics Card နဲ့ သုံးတယ်ဆိုရင်အဆိုပါ error လေးတွေဖြစ်တတ်တာကိုပြောတာပါ….စက်ထဲမှာ Build-in ပါတာတွေနဲ့ သုံးတဲ့စက်နဲ့ ဆိုရင်တော့ error မဖြစ်ပါ…..




အားလုံးပဲ...ပညာဗဟုသုတကြွယ်ဝကြပါစေ.....

No comments:

ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...