Tuesday, April 10, 2012
ကိုယ်ပိုင် CCTV system လေးလုပ်ကြည့်ရအောင်
CCTV(Closed Circuit TV) System ဆိုတာကတော့သတ်မှတ်ထားတဲ့နေရာအတွင်းမှာရှိတဲ့လှုပ်ရှားမှုတွေကိုစောင့်ကြပ်ကြည့်ရှုပေးတဲ့ Video Camera System တစ်မျိုးဖြစ်ပါတယ်။Camera များစွာနဲ့ Area များစွာသတ်မှတ်ပြီးတစ်ချိန်တည်းတစ်ပြိုင်နက်တည်းစောင့်ကြပ်ကြည့်ရှုလို့ ရတယ်ပေါ့ဗျာ။တစ်နည်းပြောရရင်တော့ TV ကြည့်ပြီးလုံခြုံရေးကိုထိန်းချုပ်နိုင်တဲ့စနစ်တစ်မျိုးပေါ့။ခုဆိုရင်တော့ကုန်တိုက်ကြီးတွေ၊ဆိုင်တွေ၊ဌာနဆိုင်ရာတွေမှာလည်းတပ်ဆင်အသုံးပြုနေကြပြီးတော့ CCTV မှတ်တမ်းတွေကနေတစ်ဆင့်ဒုစရိုက်သမားတွေကိုနှိမ်နင်းနိုင်တဲ့အထိ CCTV စနစ်တွေကထိရောက်အစွမ်းထက်လှပါတယ်။……
ခုကျွန်တော်ပြောတဲ့စနစ်ကတော့ကိုယ်ပိုင်သီးသန့် လုံခြုံရေးစနစ်လေးတစ်ခုအနေနဲ့ အသုံးပြုနိုင်ပါတယ်။ကဲ…မိတ်ဆွေတို့ ကော…CCTV ကင်မရာစနစ်လေးတစ်ခုစမ်းပြီးမလုပ်ကြည့်ချင်ဖူးလား….စိတ်ဝင်စားရင်အတူတူလုပ်ကြည့်ရအောင်ဗျာ…
အဲဒီစနစ်လုပ်ဖို့ အတွက် Computer တစ်လုံးနဲ့ Webcam ( 3 mega pixels) လောက်ရရင်အဆင်ပြေပြီ။ဒါမှမဟုတ်ရင်တော့ Laptop တစ်လုံးလိုတယ်ဗျ( Laptop မှာတော့တစ်ခါတည်း webcam ပါပြီးသားလေ)
အဲဒီ CCTV စနစ်လုပ်ဖို့ web cam ရယ်...Laptop ဆိုရင်တော့ သူ့ ထဲမှာ
webcam ကပါပြီးသားဆိုတော့ အဆင်ပြေတယ်....
နောက် software တစ်မျိုးရယ်ပဲဗျ........
စစဆုံး Web Cam ကိုကိုယ့်စက်မှာ driver installed လုပ်လိုက်ပါ။
ပြီးရင် Camera ကို test လုပ်ပြီးကိုယ်လိုချင်တဲ့ setting ချိန်ထားပါ။
အိုကေပြီဆိုရင် Cyberlink Your Cam ဆိုတဲ့ software ရှိတယ်....
အဲဒီထဲကနေ utilities ကိုသွားပြီးရင် surveillance ကိုသွားပါ။
ဒါဆိုရင် ကိုယ့် CCTV camera setting ကိုယ်ဘယ်အချိန်ကနေစရိုက်မယ်
ဆိုတာကိုသတ်မှတ်လိုက်....motion detection တွေလုပ်ချင်တာလား
ဆက်တိုက်ရိုက်ချင်တာလား...သတ်မှတ်လို့ လည်းရသေးတယ်...
ပြီးတော့ camera on ၇င် CCTV အလုပ်စလုပ်ပါပြီ.......
ကဲ....ဒါလောက်ဆိုအဆင်ပြေလောက်ပြီထင်တယ်.......
အားလုံးပညာဗဟုသုတကြွယ်ဝကြပါစေဗျာ....
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...