Adobe Professional ကတော့တကယ့်ကိုရှာမှရှားပါပဲဗျာ.....
pdf file လေးတွေလုပ်ချင်တယ်...ဒါပေမဲ့ဘယ်လိုလုပ်ရမလဲ
သိချင်တဲ့သူတွေအတွက်ဒါလေးကိုရေးလိုက်ပါတယ်...
သိပြီးသားသူတွေလည်း မေ့နေရင်နွေးပြီးသားဖြစ်တာပေါ့ဗျာ..
Adobe Professional ကတော့စက်တိုင်းလိုလို မှာရှိတတ်ကြပါတယ်...
ဘာလို့ လဲဆိုတော့ ကိုယ့်ရဲ့ pdf ဖိုင်တွေကို edit လုပ်ချင်လို့ တော်
တော်များများထည့်ထားကြတာကိုး.....သူ့ ထဲမှာ Adobe
Printer လေးတစ်ခုပါတယ်ဗျ.....သူကတော့ software နဲ့ print ထုတ်
တာဗျ...နားရှုပ်သွားမယ်ထင်တယ်..ဒီလိုဗျ....တကယ့် printer
အစစ်(canon LBP 2900,IX400,....)စတာတွေနဲ့ print ထုတ်ရင်
printer ထဲကစာရွက်ပေါ်ကိုတစ်ခါတည်းထုတ်ပြီး hard copy တန်း
ထွက်လာမယ်......ဒါကတော့ hard print ပေါ့ဗျာ...ကျွန်တော်တို့ က
soft print ဖြစ်တဲ့ pdf ဖိုင်နဲ့ ထုတ်ချင်တာကိုး...ဒီတော့ ကျွန်တော်တို့ 
ထုတ်ချင်တာကို Printer ရွေးပြီးထုတ်ကြဖို့ ဆိုရင်
အရင်ဆုံးကိုယ့်စက်ထဲက Printer တွေကိုသွားကြည့်ရအောင်......
အဲဒီကိုသွားဖို့ က
Start Button>Control Panel, Printer & Faxes(Win XP) or
Devices & Printer(windows &=7)
အပေါ်ကပုံလေးက windows 98 ရဲ့ Printer Box မှာပါတဲ့ပုံလေးပါ..ဒါပေမဲ့
windows os တွေအားလုံးမှာဒီသဘောတရားပါပဲ.....နာမည်လေးတွေသာ
ကွဲသွားတာ.....
အဲဒီပုံထဲမှာတော့ Adobe Pdf Writer ဆိုတာကတော့ (Adobe Pro 5,6) တုန်းက
ဖြစ်ပါတယ်..ခုနောက်ပိုင်း Adobe Printer (Adobe Pro 7,8) ဆိုပြီးဖြစ်လာပါပြီ
သူတို့ ကနာမည်သာကွဲပေမယ့်လုပ်ဆောင်ပုံခြင်းအတူတူပါ....
ကဲ...ဒါဆိုရင် ခု သင်က excel တစ်ခုခုသုံးနေတယ်....ဒါမှမဟုတ် webpage ကြည့်နေ
တယ်ဆိုပါစို့ ...အဲဒါကိုသင်က pdf လုပ်ချင်တယ်ဆိုရင်(ကိုယ့်စက်ထဲမှာတော့ Adobe
Acrobat Pro တစ်ခုခုရှိနေရပါ့မယ်..သို့ မဟုတ် Pdf Printer Software တစ်ခုခုရှိရပါ
မယ်) သင်ဖွင့်ထားတဲ့ Program ရဲ့ File Menu ကနေ Print ကိုနှိပ်လိုက်၇င်
Print Dialog Box ကျလာမယ်...ကျလာရင်
Printer Name box မှာ Adobe Pdf ဆိုတာလေးကိုရှာပြီး ရွေးပေးပါ...ပြီးရင်တော့ Ok ပေါ့
ပြီးသွားရင်သူ က pdf ဖိုင် output ကိုဘယ်နေရာမှာသိမ်းမလဲမေးမယ်...သိမ်းမယ့်နေရာပေး
ပြီး OK လိုက်ရင် သူ့ ဘာသာ pdf ဖိုင်အနေနဲ့ ထုတ်သွားပါလိမ့်မယ်....ပြီးရင်ကိုယ်ဖန်တီးထားတဲ့
pdf ဖိုင်လေးကိုကြည့်လို့ ရပါပြီ.....
အဲ... Adobe Pdf လိုပဲ...pdf ထုတ်လို့ ရတဲ့ အခြားသော third-party software တွေလည်း
ရှိသေးတယ်....Nitro Pdf တို့ ...Nova Pdf တို့ ...Dopdf တို့ ပေါ့ဗျာ....နာမည်သာကွဲပေမယ့်
pdf ထုတ်တဲ့လုပ်ဆောင်ချက်ချင်းတူသလို့ ...Printer box ထဲမှာလည်း Printer တစ်ခုအနေနဲ့ 
နေရာယူပါတယ်.....ကိုယ်နဲ့ အဆင်ပြေတာကိုရွေးချယ်ပြီးအသုံးပြုကြပေါ့ဗျာ....
ကဲ....အားလုံးပဲအဆင်ပြေကြပါစေဗျာ....

No comments:
Post a Comment