![]()  | |
| Linux interface | 
Open Source လို့ ဆိုတာနဲ့ linux ကြီးကိုတန်းမြင်မှာပါ...ဟိုးအရင်ကပေါ်ပေါက်လာခဲ့တဲ့
Unix ကို ကွန်ပျူတာကျောင်းသား linux က ဖန်တီးပေးလာခဲ့လို့  linux kernel တွေလည်း
ပေါ်ထွက်လာပြီး source code တွေကိုပါ online တင်ပေးလို့ တစ်ကမ္ဘာလုံးမှာရှိတဲ့ Programmer
တွေဝိုင်းဝန်းပြင်ဆင်ဖြည့်စွက်လို့ လည်းဒီနေ့ အထိ linux ဟာတည်ရှိနေပြီး အကောင်းဆုံး OS
တွေထဲမှာတစ်ခုအပါအ၀င်ဖြစ်နေခဲ့ပါတယ်...
Microsoft ကတော့ သူ့ ရဲ့ အလားအလာကတော့ closed အတိုင်းသွားနေဆဲဖြစ်ပြီးတော့ ခုနောက်
ဆုံးပေါ် windows 8 နဲ့ ယှဉ်ပြိုင်လာမယ်လို့ ယူဆရပါတယ်....ခက်တာက သူက license ကြေး
ပေးပြီးသုံးရတာဖြစ်သလို သူ့ အတွက် Antivirus software ကောင်းကောင်းလိုအပ်နေဆဲပါ...
သူ့ အတွက် virus တွေတစ်နေ့ တစ်မျိုးမရိုးရအောင်ထွက်နေဆဲဖြစ်ပြီးတော့ မကြာခဏဆိုသလို
Server တွေအဖောက်ခံရတာတွေလည်းကြုံကြုံနေရပါတယ်....နောက် Iphone , Ipad နဲ့ 
တစ်ကျော့ပြန်နာမည်ကြီးလာတဲ့ Apple ကလည်း သူ့ ရဲ့ OS ကို ဖုန်းပေါ်မှာတင်ပြီး
ှုIphone IOS နဲ့ ပွဲထုတ်ပြီး iphone တွေဟာ ဖုန်းလောကမှာခုထိနံပါတ် ၁ ဖြစ်နေဆဲပါ......
Microsoft ရဲ့ windows phone 7 ကတော့ နည်းပညာထက်ကိုဈေးကွက်မှာနေရာလည်းမရ
လို ခြေချလို့ လည်းမရပါ......ခုနောက်ပိုင်းပေါ်လာတဲ့ Android ကတော့ Linux Core ပေါ်မှာ
အခြေခံပြီးတော့ ရေးသားထားတာပါ....သူကတော့စက်ရုပ်ပုံလေးနဲ့ product logo လေးဗျ..
သူ့ ကိုတော့ Google ကထုတ်လုပ်ပါတယ်...ထုတ်လုပ်
ပြီးသိပ်မကြာခင်မှာ Android ကနာမည်ကြီးလာခဲ့ပါပြီ....သူ့ ရဲ့ နဂို frameြ ဖစ်တဲ့ linux လို
open source ဖြစ်လို့ ခုဆိုရင် နောက်ဆုံးပေါ် Ice Cream Sandwich Version4 အထိဖြစ်လာ
ခဲ့ပါပြီ.......ခုနောက်ပိုင်း အိုင်တီလောက ကကွန်ပျူတာတွေထက်ကို ဖုန်းတွေကပိုခေတ်စားလာ
ပါတယ်....ဖုန်းတွေကလည်း hand held pc အသွင်ဆောင်လာတော့ ဖုန်း OS တွေကလည်း
ပြိုင်ဆိုင်မှုခေတ်စားလာပါတယ်.....
Open Source ရဲ့ Server လောကမှာ Linux က Samba ,Squid , အစရှိတာတွေနဲ့ နာမည်
ကောင်းရထားသလို ဖုန်းလောကမှာလည်း Android ကလည်း iphone ထက်ကိုကျော်ပြီး
နာမည်အကြီးဆုံးလူသုံးအများဆုံး ဖုန်း OS အဖြစ်ကိုတစ်စတစ်စလွှမ်းမိုးလာပြီလားဆိုတာ
ဒီနေ့ ခေတ်ဖုန်းကြော်ငြာတွေကိုကြည့်လိုက်ရင်သိသာပါတယ်.......သူ့ application တွေ ကို
download လုပ်တဲ့ လူတွေကလည်းသန်းနဲ့ ချီရှိတယ်ဆိုတော့ Android ရဲ့ လွှမ်းမိုးမှုက
မသေးဖူးဆိုတာ ဆရာကြီး Apple ကလည်းရိပ်မိမှာပါ.....ဒါကြောင့်လည်း iphone 5 ကို
ဖုတ်ပူမီးတိုက်ပြင်ဆင်ပြီး ပြိုင်ဆိုင်ဖို့ ကြိုးပမ်းနေတာကိုတွေ့ ရမှာပါ.....အဟဲ...ကျွန်တော်တို့ ကတော့
ဒီ Android နဲ့ iphone ပြိုင်ဆိုင်တဲ့ လက်ဝှေ့ ပွဲကြီးမှာ ဘယ်သူချန်ပီယံလဲဆိုတာကို
ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြပါပြီ........ဘယ်လိုရလဒ်တွေဖြစ်လာမလဲဆိုတာစောင့်သာကြည့်
ကြပါစို့ ဗျာ...


No comments:
Post a Comment