Tuesday, April 24, 2012
third party proxy တွေအကြောင်း
ဟိုးအရင်ကမြန်မာနိုင်ငံမှာ connection သိပ်မကောင်းတုန်းက third party proxy site
တွေနဲ့ အသုံးပြုခဲ့ကြပါတယ်...gmail က glite နဲ့ အစားထိုးသုံးစွဲခဲ့ရသလို 3proxy,
bypassthat.com တွေနဲ့ လည်းသုံးစွဲခဲ့ကြရပါတယ်.....
တကယ့် website ကြီးတွေလေးပြီးခေါ်မရသုံးမရဖြစ်နေချိန်မှာ အဲဒီ third party proxy
site တွေနဲ့ mail တွေစစ်ကြ...ပိတ်ထားတဲ့ site တွေကျော်ကြည့်ကြနဲ့ တော်တော်လေးကို
အလုပ်လည်းဖြစ်ခဲ့သလိုအလုပ်လည်းတွင်ခဲ့ကြတယ်ဗျ.....
နောက်ပိုင်း connection တွေလေးသထက်လေးလာတဲ့အခါမှာတော့ အသစ်အသစ်သော
proxy လေးတွေနဲ့ အသက်ဆက်လာခဲ့ကြတာဒီနေ့ ထိပဲဆိုကြပါစို့ ဗျာ.....
နောက်ပိုင်း MPT ရဲ့ မူဝါဒတွေပြောင်းလာတော့ပိတ်ထားတာတွေတော်တော်များများပြန်
ဖွင့်ပေးတယ်ဆိုပေမယ့်တစ်ချို့ ဟာတွေကိုအသုံးပြုနိုင်ဖို့ proxy site တွေကိုလက်မလွှတ်ရ
သေးပါ...
software လေးကိုနေရာတော်တော်များများတင်ထားပေးတတ်ကြပါတယ်..အဲဒါလေးကို
login ၀င်ဖို့ အချိန်တော်တော်ကြာကြာစောင့်ရပြီးတော့ဝင်ပြန်တော့လည်းနီလိုက်...၀ါလိုက်..
စိမ်းလိုက်နဲ့ ...မီးပွိုင့်ပြသလိုဖြစ်ပြီး
ကိုယ်ခေါ်သူမကြား
သူခေါ်ကိုယ်မကြား
connection ဖြစ်နေပါတယ်ဆိုတာ...ရန်ကုန်သူ၊ရန်ကုန်သားတော်တော်များများကြုံတွေ့ သိ
ရှိခံစားနေကြရပါတယ်....ဒီတော့ ကာ ကျွန်တော်တို့ က ebuddy တို့ လို့ meebo တို့ လို
karoolark တို့ လို Instant Messaging Site တွေကိုအသုံးပြုလာကြရပါတယ်......အဲသလိုပဲ
အခြား proxy site တွေနဲ့ ကျွန်တော်တို့ သိရှိလို တဲ့အကြောင်းအရာတွေကိုရှာဖွေရပါတယ်....
Network Security ပိုင်းအနေနဲ့ ကြည့်မယ်ဆိုရင်တော့ဗျာ....အဲလိုသုံးတဲ့အတွက် ကျွန်တော်တို့ 
ကျွန်တော်တို့ ဆီက connection ဖျတ်ခနဲ ကျသွားရင် sign in တန်းလန်းကြီးနဲ့ ကျန်ခဲ့တာမျိုးတွေ
gmail တွေ password အပြောင်းခံရတာမျိုးတွေဖြစ်လာပါတယ်....နောက်ကိုယ်နဲ့ မသိတဲ့သူတွေ
ကိုယ့် account ကိုရသွားတာမျိုးတွေလည်းဖြစ်ပါ့......ဒါပေမဲ့လည်းကျွန်တော်တို့ အနေနဲ့ အဲလို
မသုံးလို့ မရတာ....ဒါကြောင့် third party software တွေနဲ့ သုံးရတော့မယ်ဆိုရင်
 ပြီးတော့ အဲဒီလို site တွေကနေတစ်ဆင့် PC နဲ့ network ကိုတိုက်ခိုက်နိုင်တဲ့ trojan horse virus,
spam တွေ...Junks တွေ....cookies တွေလည်းကိုယ့်ဆီကိုရောက်လာနိုင်တာကိုလည်းသတိပြုသင့်
ပါတယ်......အင်တာနက်မှာကျွန်တော်တို့ ထင်မှတ်မထားတဲ့နေရာကနေ တိုက်ခိုက်မှုတွေရှိနိုင်တယ်
ရှိတတ်တယ်ဆိုတာလေးကို ဘော်ဒါတို့ ကို share ချင်လို့ ဒါလေးကိုရေးလိုက်ရပါတယ်....
အားလုံးပဲ...အသိပညာ..ဗဟုသုတကြွယ်ဝကြပါစေဗျာ
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...