ခုခေတ်မှာကျွန်တော်တို့ ရဲ့ PC မှာဘဲဖြစ်ဖြစ်၊ Mac (Mac Lion , iphone,ipad,....)မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ တွေဟာ usb သုံး gadgets တွေနဲ့ devices တော်တော်များကိုချိတ်ဆက်သုံးစွဲလေ့ရှိကြပါတယ်။အသုံးပြုရတာလွယ်ကူတဲ့အပြင် Plug & Play လုပ်နိုင်တဲ့အတွက်လည်းအဆင်ပြေပြီး Driver install လုပ်စရာမလိုတော့ကျွန်တော်တို့ တွေ USB Devices တွေကိုတွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတာပေါ့။တကယ်လို့ ကျွန်တော်တို့ တွေဟာ mp3,mp4 တို့ လို့ .နောက် java handset တွေနဲ့ အချို့ သောဖုန်းတွေမှာ Advance Software တွေနဲ့ tools တွေ drivers software တွေ(eg.... PC suites,....)မလိုအပ်ပဲနဲ့ USB Storage Devices အနေနဲ့ အသုံးပြုနိုင်တာလည်းအားသာချက်တစ်ခုပေါ့ဗျာ။
USB devices တွေမှာလည်း safely remove ဆိုတာလေးကို USB devices တွေအတွက်ကြိုတင်ကာကွယ်ခြင်းတစ်ခုအနေနဲ့ ထည့်သွင်းပေးထားပါတယ်...မည်သည့်OS တွင်မဆိုပါ( ကျွန်တော် USB Safely remover ကို Windows OSs,Mac နဲ့ Linux များမှာအသုံးပြုဖူးပါတယ်)ဘာလို့ အဲဒါလေးကိုထည့်ပေးထားရတာလည်းဆိုတော့ရုတ်တရက်ဖြုတ်လိုက်မယ်ဆိုရင် USB device ကို power shock ဖြစ်စေပြီးပျက်စီးတာမြန်စေသလို datas တွေကိုလည်း permanently deleted ဖြစ်စေတတ်တာမို့ လိုပါ။အဲဒါကြောင့် safely remove ဆိုတာလေးကို OS တိုင်းနားလည်နိုင်စေဖို့ ထည့်သွင်းပေးထားရခြင်းဖြစ်ပါတယ်။တစ်ခါတစ်လေကျရင်ဖြစ်တတ်တယ်ဗျာ....USB Stick ဖြုတ်မရဖူး....
ဘာလို့ လဲဆိုတော့ stick ထဲက word ဖြစ်ဖြစ်။ excel ကိုဖြစ်ဖြစ် Process လုပ်နေတဲ့အခါကျတော့ အဲဒါမပြီးမချင်းကိုဖြုတ်လို့ မရဘူးလေ။အဲလိုမျိုးဖြစ်တဲ့ error မျိုးလေးတွေကိုတော့ကျွန်တော်တို့ တွေအလွယ်တကူနဲ့ ဖြေရှင်းနိုင်ပေမယ့် တစ်ခါတစ်လေကျရင် hidden process တွေအလုပ်လုပ်တဲ့အခါကျရင်တော့ကျွန်တော်တို့ တွေလည်း error ရှာရတာခက်သလို ကိုယ့် stick ထိမှာစိုးလို့ ဖြုတ်ဖို့ ချိန်ဆနေရတဲ့အခါလေးတွေရှိတတ်ပါတယ်....ဒါတွေကိုဖြေရှင်းနိုင်ဖို့ USB Dev Eject Software လေးနဲ့ မိတ်ဆက်ပါရစေ။
Dev Eject ကတော့ freeware utilites လေးတစ်ခုတော့ဖြစ်ပြီးတော့ကိုယ့် PC ကိုလာချိတ်သမျှ USB media storage တွေကို control လုပ်ပြီးတော့ run နေတဲ့ processes တွေထဲက safely remove ကို လုပ်လို့ မရအောင် block လုပ်ထားတဲ့ Process တွေကိုပြသပေးပါတယ်။အဲဒီ processes list ကိုတစ်ခေါက်လောက်ဖွင့်ပြီးရင်run နေတဲ့ process တွေကိုပိတ်ပြီးတော့ ကိုယ့် USB media device ကို safely remove လုပ်နိုင်ပြီဖြစ်ပါတယ်။
အဲဒီ software လေးက မိနစ်ဝက်လောက်ပဲ install လုပ်ချိန်ရှိပြီး file size 500 kb ပဲရှိပါတယ်။ Dev Eject ကို install လုပ်ရင်ကိုယ်တစ်ယောက်တည်းသုံးမှာလား၊ဒီ PC မှာရှိတဲ့သူတွေအားလုံးကိုပေးသုံးမှာလားမှာဆိုပြီးအသုံးပြုခွင့်တောင်းတဲ့ feature လေးပါပါတယ်။ Software ကိုတော့ Program files မှာသွားသိမ်းထားမှာပါ။
ှSoftware လေး စ ပြီး program အဖြစ် run ပြီဆိုရင် PC မှာချိတ်ဆက်ထားသမျှ usb devices တွေအားလုံး (SATA devices တွေကိုပါ) listing လုပ်ပေးပါတယ်။တစ်ခုချင်းဆီကို Unplug လုပ်နိုင်သလို Eject လုပ်နိုင်တဲ့အပြင် lock ဖြစ်နေရင်လည်း lock ကိုနှိပ်ပြီး lock ဖွင့်ပြီးကြည့်နိုင်တဲ့အပြင်ကိုတစ်ခုချင်းဆီကို click လုပ်ကြည့်ရင် အဲဒီ USB Devices ရဲ့ run နေတဲ့ process ကိုတွေ့ ရပါလိမ့်မယ်။
![]()  | 
| USB Device Listing | 
![]()  | 
| USB Device running processes | 
setting ကိုနှိပ်လိုက်ရင်တော့ windows စတက်တာနဲ့ Dev Eject ကိုအလုပ်လုပ်ခိုင်းမလား၊ပြီးတော့ task bar မှာ tray icon integration ထားမလား၊ click action သတ်မှတ်မလား၊ Update လုပ်မလားနဲ့ troubleshooting လုပ်မလားဆိုတာတွေကိုကိုယ့်စိတ်ကြိုက်သတ်မှတ်နိုင်ပါသေးတယ်။
![]()  | 
| setting | 
http://www.ziddu.com/download/19516009/deveject-setup-1.0.23.exe.html မှာယူပြီးကလိ
ကြည့်လိုက်နော်...အသုံးတည့်မှာပါ.....Virus behaviour လုပ်တတ်တဲ့ ဟာတွေအတွက်အတိုင်းအတာတစ်ခုလောက်အထိတော့အသုံးတည့်မှာပါ။ USB disk security တို့ ...နောက် Antivirus ကောင်းကောင်းတစ်ခုလောက်နဲ့ ပေါင်းစပ်တွဲသုံးရင်တော့ သင့်စက်ကတော်တော်လုံခြုံသွားပြီလို့ ပြောနိုင်မှာပါ။
အဆင်ပြေကြပါစေဗျာ...
အားလုံးပဲ...ပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေ




No comments:
Post a Comment