Wednesday, May 30, 2012
Administrator Right ကိုလိုအပ်မှပဲသုံးကြစို့ .....
 Windows 7 ကွန်ပျူတာတွေဟာပုံမှန်အားဖြင့် User Access Control(UAC) နဲ့ အလုပ်လုပ်ပါတယ်။
အဲဒီ UAC ကတော့ကိုယ့်စက်ကို Softwares တွေ Drivers တွေထပ်ထည့်မယ်ဆိုရင်လုပ်ပိုင်ခွင့်တောင်း
လေ့ရှိတယ်။
ကျွန်တော်က software တစ်ခုခုကို run မယ်ဆိုရင်
အဲလိုမေးလေ့ရှိပါတယ်။အဲဒီမှာ yes ပေါ့ဗျာ...အဲဒါဆိုရင်ဆက်လုပ်ခွင့်ပေးပါတယ်..ပြီးတော့ software ကို
အပြီးအထိကိုကိုယ်ကတင်ခွင့်ရှိသွားပါပြီ....တကယ်လို့ အဲဒါမျိုးကိုအမေးမခံချင်ဖူးဆိုရင်တော့ control
panel ထဲက UAC setting ကိုသွားရင်
အဲဒီနေရာမှာ UAC ကို slider bar အောက်ခြေထိဆွဲချပြီး never notify လုပ်ပေးလိုက်ရင်ဘယ်တော့မှမေးတော့မှာမဟုတ်ပါဖူး။ domain network ထဲက windows 7 တွေ
ဆိုရင်တော့
ခုလိုမျိုးပါထပ်မေးပါလိမ့်မယ်။အဲဒီမှာ domain admin ကခွင့်ပြုချက် security access ပေးမှသာလျှင်
installation ကိုလုပ်ခွင့်ရှိမှာဖြစ်ပါတယ်။ကျွန်တော့်သဘောကတော့ဗျာ...စက်တွေကို user right နဲ့ အသုံး
ပြုပြီး administrator right ကိုပိတ်ထားတာပိုကောင်းတယ်။ဘာလို့ လဲဆိုတော့ကျွန်တော်တို့ သုံးနေတဲ့ OS ကလည်း Pirate Copy (OEM မဟုတ်တာများပါတယ်...ခိုးကူးခွေတွေလိုပေါ့) အဲလိုပဲ software တွေကလည်း Crack လုပ်ပြီးနဲ့ Patch ဖြည်ပြီးသုံးတာဆိုတော့ security holes တွေကအများကြီးပဲလေ....
အဲဒါကိုမှ Administrator right နဲ့ သုံးမယ်ဆိုရင် Virus ကိုက်ရင် အဲဒီ Virus ကလည်း administrator right နဲ့ ပျံ့ နှံ့ ပြီးကိုယ့် network ထဲမှာ မွှေနှောက်ပြီးဒုက္ခပေးမှာဖြစ်တဲ့အတွက်ဖြစ်နိုင်ရင် administrator right မသုံးတာကောင်းပါတယ်။(ကျွန်တော့်အမြင်ပေါ့လေ)။Enterprise Network တွေမှာတော့ Enterprise Network Administrators တွေ နဲ့  NetworkSecurityExpertတွကတော့ဒါကိုအမြဲဂရုပြုလေ့ရှိပါတယ်။့ ထားပါတော့ဗျာ...လုပ်ငန်းလိုအပ်ချက်အရအသုံးပြုကြရတဲ့ပုံစံ
တွေကတော့တစ်နေရာနဲ့ တစ်နေရာတူညီမှာမဟုတ်ပဲကွဲပြားပါလိမ့်မယ်။( linux မှာတော့ user တွေဟာ
adminstrator right ကို ပုံသေမပေးထားပါဖူး...)ထားပါတော့ UAC ဟာ windows  Vista နဲ့ windows 7 အတွက် security ပိုင်းပိုကောင်းလာစေတဲ့ features ဖြစ်လို့ အသုံးပြုသင့်ပါတယ်....
တကယ်လို့ ကျွန်တော်တို့ က user account နဲ့ သုံးတယ်ဗျာ...ဒါပေမဲ့လည်း software ထည့်ဖို့ လိုလာပြီ
သို့ Microsoft Management Console (mmc )အသုံးပြုဖို့ လိုအပ်လာပြီ (သို့ ) Microsoft services (*.msc) တွေသုံးချင်တယ်ဆိုရင်ဘယ်လိုလုပ်ကြမလဲ...log off ထွက်ရင်လည်း ခုစက်ပေါ်မှာ run နေတဲ့ 
Program အားလုံးကို closed လုပ်ရအုံးမယ်...နောက်ထွက်ပြီးရင် Admin နဲ့ ပြန်ဝင်..ကြာလည်းကြာအုံးမယ်ဗျာ....ဒီတော့ user ကနေ Administrator နဲ့ run ဖို့ ဆိုရင်တော့ကျွန်တော်ခုပြတဲ့အတိုင်းဆိုရင်အဆင်ပြေစေပါလိမ့်မယ်....ကျွန်တော် cmd ထဲကနေ windows services တွေသုံးချင်တယ်ဗျာ...ဒါပေမဲ့ ကျွန်တော် run ထဲကနေ cmd ကိုသွားပြီး
harddisk ကို စစ်တဲ့ function run လိုက်တယ်ဗျာ.....ဒါပေမဲ့
အဲလိုပြပြီးကျွန်တော် run တဲ့ service ကိုခွင့်မပြုဖူးဗျာ( Admin right မရှိလို့ ပေါ့...ရိုးရိုး user right မို့ လို့ ပါ)...ဒီတော့ကျွန်တော်က start button ကိုနှိပ်လိုက်တယ်...cmd ရိုက်ပြီး Ctrl + Shift + Enter ဆိုပြီးရိုက်လိုက်ပါတယ်...(အဲဒါကတော့ softwares တွေ၊ Installed & remove လုပ်ပိုင်ခွင့်တွေအားလုံးကိုဖွင့်၊ပိတ်လုပ်တာဖြစ်ပါတယ်)
အဲလိုရိုက်လိုက်တော့
Workgroup PC တွင် Admin Right ခွင့်ပြုရန်တောင်းခံပုံ
ဒါကတော့ Domain Network တွေမှာ domain admin right တောင်းခံပုံပါ
အဲလိုမျိုးလေးပေါ်လာရင် Workgroup အတွက် yes ပေါ့....Domain အတွက်ဆိုရင်တော့ Domain Admin ကနေပြီးတော့ security ထည့်ပေးလိုက်ရင်
ခုဆိုရင် cmd ထဲကနေ check disk (chkdsk ) ကိုအဆင်ပြေပြေ run လို့ ရပါပြီ.....အဲတစ်ကယ်လို့ အဲဒါကိုထွက်ပြီးခုနကလိုမျိုး cmd ကို Ctrl + Shift + Enter ထပ်ရိုက်ထည့်ရင်တော့ Administrator Right ကို Lock ဖြစ်စေပါပြီ....ပြန်ပွင့်ချင်ရင်တော့ cmd ကို Ctrl + Shift + Enter ထပ်ရိုက်ရင်ပွင့်ပါပြီ။
(တစ်ချက်ဆိုရင် Open , နှစ်ခေါက်ဆိုရင် Closed --အဲလိုပါ)
ပြီးရင် Shift + F10 နှိပ်ပြီး Run as... ကို administrator ထည့်ပြီး run လိုက်ရင်အိုကေသွားပါပြီ(ဒီ
ဒုတိယနည်းကတော့ Windows all version မှာအလုပ်လုပ်ပါတယ်...)
ကဲ..ဒါဆိုရင်အဆင်ပြေလောက်ပြီထင်ပါတယ်.......
အားလုံးပဲပညာဗဟုသုတကြွယ်ဝကြပါစေ....
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...