Monday, May 7, 2012
Google Drive တဲ့.....online က ကိုယ့် gmail acccount နဲ့  stick လိုမျိုးသိမ်းထားနိုင်ဖို့ 
google Drive logo လေး
Search Engine ဘုရင်ကြီး google က mobile လောကမှာ Android ကိုထုတ်ပြီး
အအောင်မြင်ဆုံး Mobile OS Emperor ကြီးကိုတည်ထောင်ခဲ့ရုံမကဘူး..ခုလည်း
ပဲလုပ်ချလိုက်ပြန်ပီဗျာ....Google Drive တဲ့ဗျာ...အဟဲ...( Drive ဆိုမှတော့
ကျွန်တော်တို့ တွေသိနားလည်နေတဲ့ ...pen drive, hard drive,
 CD/DVD(Optical) Drive,....) လိုမျိုး storage Drive တစ်ခုကိုဖန်တီးလိုက်ခြင်း
online storage cloud app တစ်မျိုးဖြစ်ပါတယ်....
April 24, 2012 မှာသူ့ ကို initial release အဖြစ်ထုတ်လွှင့်ခဲ့ပါတယ်....သူကိုသုံးချင်
ရင်တော့ gmail account တစ်ခုရယ်...အင်တာနက်ရယ်ရှိရင်သုံးလို့ ရပြီပေါ့ဗျာ....
ကျွန်တော်တို့ တွေအင်တာနက်သုံးရင်အင်တာနက်ထဲကကိုယ်လိုချင်တဲ့ data တွေကို
အိမ်က offline pc မှာပြန်ဖတ်ဖို့ ရဖို့ အတွက် pen drive (usb sitck ) တွေနဲ့ သယ်
ရလေ့ရှိပါတယ်.....တကယ်လို့ ကိုယ်အိမ်မှာအင်တာနက်ရှိမယ်ဆိုရင်တော့အဲလိုလုပ်
စရာမလိုတော့ပဲနဲ့  online ကိုပဲ stick တစ်ခုလို အသုံးပြုနိုင်မှာပါ...(ကျွန်တော်
cloud အကြောင်းရေးထားတဲ့မိတ်ဆက်ကိုဖတ်ကြည့်ရင်သဘောပေါက်ပါလိမ့်မယ်...)
gmail account ရှိတဲ့သူတွေအတွက် 5 Gb ကို သုံးခွင့်ပေးပါတယ်(ကျွန်တော်တို့ လို
free gmail သုံးတဲ့သူတွေအတွက်ပေါ့)....အဲ 25 Gb ကနေ 16 TB အထိတိုးလို့ ရပါတယ်...
25 TB တိုးချင်ရင်တော့ တစ်လကို 2.49 $ ပေးဆောင်ရမှာဖြစ်ပါတယ်...
Google Chrome Web Store ကနေပြီး Google Drive အတွက်ကိုအသုံးဝင်မယ့်
သူ့ ကိုတော့ Mac OS (Lion)ပဲဖြစ်ဖြစ်...Snow Leopard ပဲဖြစ်...ဖြစ်...ကြိုက်တဲ့ windows
ရော..အားလုံးမှာသုံးလို့ ရပါတယ်....
ကဲ..ကိုယ့်အိမ်မှာရော...တစ်ခြားနေရာတွေမှာကော....အွန်လိုင်းရှိမယ်ဆိုရင် memory Sitck တို့ external harddisk 
မရှိလိုတော့ပဲ online ကို Storage လိုသုံးကြရအောင်.....
အတူကလိကြစို့ ...ဘော်ဘော်တို့ ရေ...
ကလိဖို့ နေရာကတော့
www.drive.google.com တဲ့
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...