Monday, May 7, 2012
wireless နည်းပညာ အကြောင်းတစ်စေ့တစ်စောင်း
တစ်ဖြည်းဖြည်းနဲ့ တိုးတက်လာတဲ့ဒီနေ့ ကမ္ဘာကြီးမှာ wireless နည်းပညာသုံးပစ္စည်းတွေ
ခေတ်စားလာတာနဲ့ အမျှ device တွေဟာလည်းသေးငယ်ပြီးအလွန်ဆုံးဗလာစာအုပ်ငယ်
သာသာကနေသေးချင်သလောက်သေး...မွှားချင်သလောက်မွှားလာခဲ့ပါပြီ....
Portable ဆိုတာတွေကခေတ်စားလာသလို အီလက်ထရွှန်းနစ်လူသုံးကုန်ပစ္စည်းမှန်ရင်
လည်းသေးငယ်ရမယ်ဆိုတာလည်းတရားဝင်မသတ်မှတ်ပေမဲ့လည်းအသေးဆုံးနဲ့ 
အထိရောက်ဆုံးဖြစ်အောင်လုပ်ဆောင်လာကြပါတယ်၊ Intel ကလည်း nano နည်းပညာတွေနဲ့ အသေးဆုံးလေးတွေ
ကနေ Wireless နဲ့ အသုံးပြုနိုင်ဖို့ ကြိုးစားနေပါပြီ....
ခုဆိုရင် Touch Screem နည်းပညာနဲ့ အတူ လက်တွဲပြီး Wireless ကနည်းပညာလောကကို
လွှမ်းမိုးနိုင်ဖို့ ကြိုးစားနေပါပြီ...အရင်တုန်းက ရန်ကုန်မှာ ကွန်ပျူတာဆိုတာလူစိတ်ဝင်စားဆုံး
ပစ္စည်းဖြစ်နေရာကနေခုဆိုရင် ဖုန်းတွေက လူစိတ်အ၀င်စားဆုံးပစ္စည်းစာရင်းထဲဝင်လာခဲ့ပါပြီ....
ကွန်ပျူတာတောင်ဒုတိယနေရာရောက်သွားတာပဲကြည့်ပါတော့ဗျာ...(ဒါတောင် Desktopမဟုတ်
သေးဖူးနော်...Laptop တွေကိုပြောတာ)
wireless Transmission(Wireless Router ) Device နှင့် Wireless  Receiving Devices( Laptop,Mobile Phones,Table PC,......) အခြေခံအလုပ်လုပ်ဆောင်ပုံ
wireless သင်္ကေတလေးပါ...အင်တာနက်နဲ့ ပတ်သက်ရင်ပိုသုံးပါတယ်...ဒီသင်္ကေတကို
Wireless အလုပ်လုပ်ဆောင်ပုံ
Wireless အလုပ်လုပ်ပုံမှာ Transmission ပိုင်းမှ transmit လုပ်လိုက်သောDatas (အရုပ်၊အသံ၊..အခြား
......)များကို Wireless Wave အသွင်းပြောင်းပြီးလေထဲမှတစ်ဆင့် လွှင့်ထုတ်လိုက်ပါသည်။ထို Transmit
Wireless Wave များသည် electromagnetic waves, Infra Red waves,များအသွင်ဖြစ်ပါသည်။
ထို Transmit လုပ်သောလှိုင်းများအား receiving ဘက်မှ ဖမ်းယူပြီး Datas အဖြစ်ပြန်ပြောင်းလဲ
ကာအသုံးပြုခြင်းပင်ဖြစ်သည်။များသောအားဖြင့် Receiving ပိုင်းမှ Antenna များဖြင့်ဖုန်းယူရလေ့
ရှိပြီး ထို receiving ကို Radio Receiver များ၊မိုဘိုင်းဖုန်းများ၊walkie-talkies များအသွင်တွေ့ ရလေ့
ရှိသည်။ Transmit ပိုင်းကိုတော့ တာဝါတိုင်များ၊ Stations များ၊ Satellite များအသွင်တွေ့ ရလေ့ 
ရှိပါသည်။အမျိုးအစားကွဲပြားသော်လည်း wireless အလုပ်လုပ်ဆောင်ပုံသဘောတရားခြင်းသည်
wireless ပစ္စည်များတွင်အတူတူပင်ဖြစ်သည်။
Wireless ဆိုတာကတော့ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာရပ်တွေအားလုံးကိုဆိုလိုပါတယ်....
အီတလီပညာရှင်မာကိုနီတီထွင်ခဲ့တဲ့ ကြိုးမဲ့ကြေးနန်းနည်းပညာဟာကမ္ဘာ့ပထမဆုံး Wireless ပါ...
အရင်ခေတ်သဘောင်္တွေမှာအသုံးပြုခဲ့တဲ့...ဒါဒါ...ဒစ်ဒစ်...ဒစ်ဒါ.......အသံလေးတွေမြည်ပြီး
လွှင့်ခဲ့တဲ့ Mose Code တွေဟာလည်းကမ္ဘာ့ပထမဆုံး Wireless Signal Encryption/Decryption
ဖြစ်ပါတယ်...အဲဒီအချိန်ကစပြီး wireless နည်းပညာဟာပေါ်ပေါက်ထွန်းကားလာခဲ့တယ်လို့ ပြော
နိုင်ပါတယ်...
သာနိုင်ပါပြီဗျာ...
အဲဒီနောက်ပိုင်းမှာ Integrated Circuits တွေထွန်းကားလာတော့ Wire ကြိုးတွေရှုပ်ရှုပ်ခတ်စရာ
မလိုတော့ပဲနဲ့ Circuit ပြားတစ်ခုကိုသုံးရုံနဲ့ ကိစ္စပြတ်သွားတော့ ...IC Circuit တွေခေတ်စားလာပါ
တယ်..(IC Circuits ..ဆိုတာ..ဟီး... Iron Cross မဟုတ်ဖူးနော်...Integrated Circuits ဆိုတာ
Circuit တစ်ခုပေါ်မှာ wire အစားထိုး printed path တွေပေါင်းများစွာထည့်ထားတဲ့ Circuit ဖြစ်
ပြီးတော့အခြား transister,diode,ROM တွေကိုပါထည့်သွင်းတပ်ဆင်သုံးနိုင်ပါတယ်....)
အဲဒါကြောင့်ကြိုးတွေရှုပ်မနေတော့ပဲနဲ့ ကျစ်ကျစ်လစ်လစ်ဖွဲ့ စည်းတည်ဆောက်နိုင်တဲ့ Circuit ခေတ်
ဖြစ်လာတော့လူသုံးအီလက်ထရွန်းနစ်ပစ္စည်းတွေဟာအရွယ်အစားသေးငယ်လာခဲ့ပါတယ်.....
အဲဒီနည်းပညာကြောင့် အရင်က စက်အတွင်းပိုင်းမှာဝါယာကြိုးတွေရှုပ်နေတဲ့ ရေဒီယိုကြီးတွေဟာ
အရွယ်အစားသေးငယ်တဲ့ ရေဒီယိုလေးတွေဖြစ်လာသလို....တယ်လီဖုန်းတွေကိုလည်း circuit သုံး
ဖုန်းတွေဖြစ်အောင်တီထွင်လာနိုင်တော့ကြိုးဖုန်းတွေဟာအရွယ်အစားသေးငယ်လာသလိုကြိုးမဲ့ဖုန်းတွေ
အတွက်လည်းထိရောက်တဲ့နည်းပညာအဖြစ်ဦးတည်စေခဲ့ပါတယ်.......အဲဒီနည်းပညာအလှည့်အပြောင်း
နဲ့ အတူ diode မီးသီးတွေဟာသေးငယ်လာပြီးတော့ transistor တွေဟာလည်းတစ်ဖြည်းဖြည်းသေး
ငယ်ပြီးအစွမ်းထက်လာခဲ့တဲ့အတွက်ကြောင်း mobile ဖုန်းတွေဟာအရင်ကအုတ်နီခဲတစ်လုံးစာအရွယ်
အစားကနေသေးငယ်လာလိုက်တာ..ခုဆိုရင် လက်တစ်ဆုပ်စာထက်သေးငယ်တဲ့အရွယ်အစားအထိ
ကိုဖြစ်လာခဲ့ပါပြီ....
wireless နည်းပညာသုံးပစ္စည်းတွေကတော့
Mobile Phones,
Laptops,
Wireless Transmission Tower,Radio Tower
Walkie-Talkie
Radio Technology(Transmission/Receiving)
IP Star Technology(Transmission/Receiving)
Broadcasting Media (TV Series, Star Sport, 5movies)
Bluetooth Devices & Technology
Infrared Devices & Technology
Tablet PCs
Radar.......
စတဲ့ပစ္စည်းတွေအပြင်အခြားသောအမျိုးအစားတွေမှာလည်း Wireless တွေကိုထည့်သွင်းအသုံးပြု
နိုင်အောင်ကြိုးစားနေပါပြီ...Ipod တွေမှာ Wirelessအသုံးပြုရအောင်ဖန်တီးနိုင်ခဲ့လို့ ipod ဟာiphone လိုမျိုးစကားပြောလို့ မရတာကလွဲရင်ကျန်တဲ့လုပ်ဆောင်ချက်တွေအတူတူပဲဖြစ်နေပြီဖြစ်ပါတယ်....
တစ်စထက်တစ်စတိုးတက်လာတဲ့ Wireless နည်းပညာကအံ့မခန်းပါပဲ.....အသံလှိုင်း၊အပူလှိုင်း၊အလင်း
လှိုင်းတွေနဲ့ wireless နည်းပညာတိုးတက်အောင်ဆင့်ကဲဆင့်ကဲဖန်တီးလာခဲ့ကြတာဟာဖြင့်ခုဆိုရင် 
satellite နဲ့ သုံးတဲ့ GPS နည်းပညာ၊ Google Street View အထိတိုးတက်လာခဲ့ပါပြီ.....ကမ္ဘာဟာရွာ
ကြီးဖြစ်လာပြီဆိုတာကိုအရင်ကတစ်နေရာနဲ့ တစ်နေရာဝေးကွာလွန်းတဲ့အကွာအဝေးဆိုတာကို
ခုချိန်မှာတော့ပြက်ရယ်ပြုနိုင်ပြီဖြစ်ပါတယ်....ဒီအထဲမှာတစ်ဟုန်တိုးတိုးတက်လာတဲ့ Wireless နည်းပညာ
ကြောင့်ခေတ်သစ်ကိုချဉ်းနင်းဝင်ရောက်လာပြီဖြစ်ကြောင်း Wireless နဲ့ ပတ်သက်လို့ ရေးသား
လိုက်ရပါတယ်...နောက်တစ်ခုက Wireless နည်းပညာဆိုတာနဲ့ ကွန်ပျူတာနဲ့ လက်ကိုင်ဖုန်း ကိုပဲမြင်မနေ
ပဲနဲ့ အခြားသောစလောင်းတွေ၊တာဝါတိုင်တွေ၊စကားပြောစက်တွေ၊microwave station တွေကိုလည်း
Wireless နည်းပညာသုံးကိရိယာတွေအဖြစ်မြင်စေချင်ပါတယ်....သူတို့ ကတော့ကွဲပြားခြားနားတဲ့ 
frequency တွေနဲ့ ထုတ်လွှင့်နေတာဖြစ်ပြီး wireless နည်းပညာနဲ့ ဖြစ်ပါတယ်ဆိုတာကိုလည်းအသိအမှတ်ပြုပေးစေချင်ပါတယ်...
အရတော့ Internet Wireless ဟာ...802.11 b/g/n ဖြစ်ပါကြောင်းရေးသားလိုက်ရပါတယ်ဗျာ....
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...