Windows 7 တွေမှာအသုံးပြုလို့ ရတဲ့ Antivirus ကောင်းလေးတစ်ခုကတော့ Microsoft Security
Essential ပါပဲ...windows 7 မှာတော့ပုံသေမပါဝင်ပေမယ့် Microsoft site ကနေ download ရယူ
နိုင်ပြီးကိုယ့်စက်ကိုအကောင်းဆုံးအနေအထားနဲ့ security ထိန်းနိုင်ပါပြီ....အဲဒီ software လေးက
တကယ်အသုံးတည့်တယ်ဗျာ...Microsoft OS တွေမှာ အတွက်အလိုက်ဖက်ဆုံးသော Antivirus လေး
လည်းဖြစ်ပါတယ်။ သူက zip ချုံ့ ထားတဲ့ compressed file တွေထဲမှာပါ virus ပါမပါစစ်ပေးတဲ့အပြင်
သူရဲ့ firewall ကနေလည်း network access (\\pc-name) လုပ်တဲ့ share access တွေထဲမှာပါ
virus တို့ malicious code တွေကိုစစ်ပြီးတော့သတ်ပေးပါတယ်။ network ထဲမှာ သွားနေတဲ့ UDP
packets တွေထဲမှာပါ virus ရှိမရှိစစ်ဆေးပေးပါတယ်။ Microsoft ISA Server မှာအသုံးပြုရင်တော့ TCP packets တွေမှာပါအကောင်းဆုံးကာကွယ်ပါလိမ့်မယ်။
![]()  | 
| MSE ၇ဲ့ virus detection | 
အရင်ကဆို PC မှာ Kaspersky Antiviurs မရှိလည်းမဖြစ်ခဲ့တဲ့တစ်ခေတ်ဖြစ်ခဲ့ပေမယ့် Microsoft က
သူ့ Windows တွေပေါ်မှာ အလုပ်လုပ်နိုင်တဲ့ အကောင်းဆုံး Antivirus တစ်မျိုးကိုထုတ်လိုက်တာပါ.....
MSE ကပေါ်တာမကြာသေးပေမယ့်အသုံးဝင်အသုံးတည့်ပြီး software loading လည်းမစားတဲ့အပြင်
(ဥပမာ-နောက်ပိုင်းထွက်တဲ့ kaspersky 2012 တွေဆိုရင် စက်တက်တာနဲ့ software loading အရမ်း
ကြပါတယ်။)
အကောင်းအဆိုးဒွန်တွဲနေတာမို့ အကောင်းတွေချည်းပဲထက်ကိုသတိထားရမဲ့လိုအပ်ချက်လေးတွေလည်း
ဆောင်ရန်ရှောင်ရန်ရှိသေးတယ်နော်....MSE သုံးဖို့ အတွက်ကို windows XP Services Pack 3 နဲ့ 
windows vista, windows 7 တို့ လိုအပ်ပါတယ်။ windows 7 မှာတော့ licensed OS မဟုတ်ရင်တော့ Windows Genius Advantages(WGA) failure ဖြစ်တတ်ပြီးတော့ MSE ကိုသုံးမရဖြစ်စေတတ်ပါတယ်။
ဘာလို့ အဲဒါဖြစ်ရတာလဲဆိုရင် MSE ကို windows 7 မှာ installed လုပ်ရင် သူ့ ရဲ့ code တစ်ချို့ က
Microsoft Windows 7 ကို online ကနေpurchase ပြီး register လုပ်ထားမထား online တက်စစ်ပါတယ်။ကျွန်တော်တို့ ဆီမှာက Windows 7 ကို Crack လုပ်ပြီးသုံးကြတာကိုး။အဲဒီမှာ..စတွေ့ တော့တာပဲ...ကျွန်တော်တို့ ရဲ့ cracked windows 7 ကြီးကို MSE က authenticate မလုပ်နိုင်တော့ Windows 7 Pack ထဲက WGA ကတက်တက်လာတော့ပါပဲ။တစ်ချို့ သော virus တွေကလည်းအဲလို windows ကို WGA လုပ်တတ်သေးတာလည်းရှိတတ်တယ်နော်..........
အကောင်းဆုံးကတော့ Windows 7 Service Pack 1 ကတော့ MSE သုံးဖို့ အဆင်အပြေဆုံးပါ။ကျွန်တော်
လက်ရှိသုံးနေတဲ့ OS ကလည်း Windows 7 SP 1 ဖြစ်ပါတယ်။လုပ်ငန်းလိုအပ်ချက်၊connection လိုအပ်
ချက်တွေနဲ့ အတူရှိကောင်းရှိနိုင်ပါလိမ့်မယ်။ဒါပေမဲ့လည်း ဒီ MSE လေးကတော့စမ်းသပ်သုံးစွဲသင့်တဲ့ Antivirus လေးဖြစ်ပါကြောင်းရေးသားလိုက်ရပါတယ်။

No comments:
Post a Comment