online radio ဆိုတာကတော့ အွန်လိုင်း(အင်တာနက်ရှိမယ်)နောက်ကိုယ့်ဆီမှာ
music player တစ်ခုခုပေါ့( windows media player,wmplayer ,vlc player )
တို့ ရှိမယ်ကွန်နက်ရှင်လည်းကောင်းမယ်ဆိုရင်အသုံးပြုလို့ ရတဲ့ အင်တာနက် radio တစ်
မျိုးပါ...အရင်ရေဒီယိုတွေတုန်းကတော့ transmission ပိုင်းက devices တွေ
ကနေ ewave(electromagnetic wave) တွေနဲ့ transmit လုပ်တယ်...ဒီဘက်
receive ဘက်က အဲဒီ ewave တွေကိုဖမ်းပြီးတော့ receiver စက်ကနေပြီးတော့
အသံအဖြစ်ပြန်ပြောင်းပြီးလွှင့်ပေးတာပါ.....ဒါကတော့အခြေခံရေဒီယိုလွှင့်၊ဖမ်း
စနစ်ပါ...အဲဒီတော့ သူက Transmission Station အကြီးကြီးတွေလိုသလို
wave တွေကိုလည်း AM,FM frequency နှစ်မျိုးနဲ့ ထုတ်လွှင့်ပါတယ်.....အဲဒါကို
ဒီဘက် radio receiver ဘက်ကနေ Channel Tunning လုပ်လိုက်တာနဲ့ 
AM နဲ့ ပဲလွှင့်လွှင့်...FMနဲ့ ပဲလွှင့်လွှင့်...အသံဖမ်းပြီးနားဆင်နိုင်ပါပြီ....(ဒါပေမဲ့
သူက Area ကန့် သတ်ချက်ရှိတယ်...မြန်မာကလွှင့်တာကိုအမေ၇ိကားကနေ
အသံဖမ်းလို့ မရဖူး..)
ခု online radio ကျတော့ station ကလည်း online ပေါ်မှာ ( website တစ်ခုလည်း
ဖြစ်သလို....media encoder ရှိတဲ့ computer လည်းဖြစ်ပါတယ်....)ရှိပြီးတော့
receiving ကတော့ကမ္ဘာတစ်လွှားကနေအင်တာနက်ရှိတဲ့နေရာကနေနားဆင်နိုင်ပါတယ်.
သူကတော့အင်တာနက်ကွန်နက်ရှင်နဲ့ mms protocol နဲ့အလုပ်လုပ်ပါတယ်......
သဘောကတော့ wmplayer ကရဲ့ open URL မှာ mms://.......................ဆိုပြီး
သူတို့ ပေးတဲ့ဟာနဲ့ ဖွင့်လို့ ရသလို ...mozilla firefox ,IE တို့ မှာ Tab တစ်ခုဖွင့်ပြီး
station address ထည့်လိုက်ရင်ဖွင့်လို့ ရပြီ....(player add-ons တော့ထည့်ပြီးသားဖြစ်ရ
ပါမယ်...)သူက ကွန်နက်ရှင်နဲ့ သွားတာဆိုတော့တစ်ခါတစ်လေ..ရေဒီယိုကရပ်ရပ်သွား
ရင်လည်းမြန်မာပြည်ကကွန်နက်ရှင်ကိုနားလည်ပေးကြပါလို့ ...( transmit ဘယ်လောက်
ကောင်းကောင်း...receive လုပ်တဲ့ကွန်နက်ရှင်မကောင်းရင်လည်း online radio
နှေးတတ်ပါတယ်...)
ဒါကတော့နောင်တော်ကြီးတွေလုပ်ထားတဲ့ radio station လေးတွေပါ.....
ကျွန်တော်သိရသလောက်တင်ပေးထားတာပါ....
http://www.rfa.org/burmese/
http://www.bbc.co.uk/burmese/
http://radio.mymclub.net/
အဖြူရောင်သံစဉ်.... mms://wma2.viastreaming.net/APYTZ
အိပ်မက်လှိုင်းရေဒီယို mms://energy08.egihosting.com/EML
အားလုံးပဲ..ပညာဗဟုသုတကြွယ်ဝကြပါစေ

No comments:
Post a Comment